မြောက်ပိုင်းမဟာမိတ်အချင်းချင်းကြား နယ်မြေအငြင်းပွားမှု ပိုမိုများပြားလာ

သျှမ်းပြည်မြောက်ပိုင်းတွင် “၁၀၂၇ စစ်ဆင်ရေး”အတွင်း နယ်မြေစိုးမိုးမှု ပိုမိုရရှိလာသည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့အကြား မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များအချင်းချင်း နယ်မြေအငြင်းပွားမှု ပိုမိုများပြားလာခဲ့ကြောင်း စုံစမ်းသိရသည်။

ယခု အောက်တိုဘာလအတွင်း မူဆယ်၊ ကွတ်ခိုင်နှင့် သိန္နီမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ် KIA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA အောက်ခြေတပ်သားများအကြား စစ်ဆေးရေးဂိတ် ဖြတ်သန်းစဉ် (၃) ကြိမ်ထက်မနည်း အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများသည်။

“မုံးပေါ်ဘက် KIA စစ်ဆေးရေး ဂိတ်မှာ ပေးမဖြတ်တော့ ကိုးကန့်တပ်က မုံးပေါ်နဲ့ နမ့်တောင်းဘက်မှာရှိတဲ့ ဂိတ်မှာ ကားတားတဲ့ ရောင်ပြန်နဲ့ သုံးထောင့်ခုံ အကုန်လုံးကို လာသိမ်းတာမျိုး လုပ်တာပေါ့။ သိမ်းတယ်လို့ ပြောပေမယ့် တစ်ရက်ပဲလားမသိဘူး၊ အထက်က စကားပြောကြပြီးတော့ ကိုးကန့်တပ် ယူသွားတဲ့ အကာတွေ ပြန်လာချပေးတာ”ဟု ဖြစ်စဉ်သိရှိသူ ပန်ဆိုင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မူဆယ်မြို့နယ်အတွင်း မိုင်းယု (၁၀၅) မိုင်နှင့် ပန်ဆိုင်းမြို့အကြား မုံးပေါ်တိုက်နယ်ရှိ နမ့်တောင်းကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ် KIA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား စစ်ဆေးရေးဂိတ်၌ အောက်တိုဘာလ (၄) ရက်က အငြင်းပွားမှု ဖြစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးတပ် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူထံ စုံစမ်းမေးမြန်းရန် သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

၎င်းဖြစ်စဉ်တွင် နှစ်ဘက်ခေါင်းဆောင်များ ပြန်လည်ညှိနှိုင်းပြီးနောက် ကိုးကန့်တပ်ဖွဲ့ MNDAA က ကချင်လွတ်လပ်ရေးတပ် KIA ဂိတ်ထံ သိမ်းယူသွားသည့် ယာဉ်အတားအဆီး သံဘောင်များကို ပြန်လည်ပေးအပ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“ဒီဘက်မှာ လွန်ခဲ့တဲ့ ၁၅ နှစ်က မုံဆာလ ခေါင်းဆောင်တဲ့ လူမျိုးပေါင်းစုံ ပြည်သူ့စစ် ရှိတယ်။ အဲ့နောက် ဖုန်ကြားရှင်ခေတ်ကျတော့ ကိုးကန့်တပ်က ခဏ လာကိုင်တာပေါ့။ ၂၀၁၁ နောက်ပိုင်းကျတော့ KIA က ထပ်ဝင်လာတာ။ အခု MNDAA နေရာရလာတော့ ပြန်ဝင်လာတာ။ အဆက်ဆက်ကတော့ ဘယ်သူ့နယ်မြေပါလို့ သတ်သတ်မှတ်မှတ် ပြောဖို့ခက်တယ်”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့ နယ်မြေအငြင်းပွားမှု ဖြစ်ပေါ်နေသည့် မုံးပေါ်တိုက်နယ်တွင် သျှမ်း၊ ကချင်နှင့် တရုတ်လူမျိုးများ အတူတကွ နေထိုင်ကြပြီး သျှမ်းတပ် SSPP/SSA လည်း လှုပ်ရှားနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် အောက်တိုဘာလ (၁၁) ရက် သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအနီးရှိ KIA တပ်ဖွဲ့ဝင်များကိုလည်း MNDAA တပ်သားများမှ သွားရောက်နှင်ထုတ်ခဲ့ပြီး အောက်တိုဘာလ (၁၄)ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု မန်ထမ်ရွာရှိ KIA ရုံးနှင့် တပ်စခန်းကို MNDAA မှ နေရာပြောင်းရွှေ့ခိုင်းခဲ့ကြောင်း နမ့်စလပ်ဒေသခံ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

အလားတူ အောက်တိုဘာလ (၇) ရက်တွင် နမ္မတူမြို့နယ် ဘော်တွင်းသတ္တုတွင်း ကြားစခန်းအနီးရှိ KIA စစ်ဆေးရေးဂိတ်တွင် TNLA တပ်ဖွဲ့ဝင်များမှ ဖြတ်သန်းသွားလာစဉ် မဟာမိတ်အချင်းချင်း နယ်မြေအငြင်းပွားမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း နမ္မတူဒေသခံများက ပြောသည်။

“အဲ့ဘက်ကတော့ KIA နဲ့ TNLA လည်း ထိတွေ့မှု ဖြစ်လေ့ရှိတယ်။ ဒီတခေါက်ဖြစ်တာ တပ်ရင်းမှူးအဆင့် ရှိတဲ့လူတွေ ဖြတ်သွားဖြတ်လာလုပ်ကြတာ။ အဲ့မှာ သတ္တုတွင်းလည်း ရှိတော့ နယ်စပ်ကို သယ်ဖို့လုပ်တဲ့အချိန် ငြိကြတာပေါ့။ နမ္မတူ၊ မန်တုံနဲ့ သိန္နီ သုံးပွင့်ဆိုင်အစပ် မိုင်းဘော်မှာလည်း ခဏခဏ ဖြစ်ကြတယ်”ဟု နမ္မတူဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ ယခုကိစ္စကို ကြားသိရခြင်း မရှိသေးဘဲ ထပ်မံစုံစမ်းပြီး ပြန်လည်ဖြေကြားမည်ဖြစ်ကြောင်း ဖြေဆိုထားသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း နမ္မတူမြို့နယ် မိုင်းဘော်နှင့် အွယ်လောကျေးရွာအကြား ကားလမ်းတွင် သတ္တုရိုင်းကိစ္စနှင့် ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားခဲ့ရာ KIA နှင့် TNLA နှစ်ဘက်တပ်ဖွဲ့အကြား အပြန်အလှန် အပြစ်တင်လွှဲချခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...