အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမက် ဒေါက်တာနေစိုးမောင် ကို စစ်ကောင်စီ ဖမ်းဆီးတရားစွဲ

နိုင်ငံကို ၂၂ နှစ်ကြာ အုပ်စိုးခဲ့သည့် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင် ကို မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ဖမ်းဆီး အမှုဖွင့်ထားကြောင်း စစ်ကောင်စီက ယမန်နေ့ (အောက်တိုဘာလ ၂၄ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။

လူမှုကွန်ရက်တွင် ရေးသားမှုများနှင့် ပတ်သက်၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေသည်ဟု ဆိုကာ အောက်တိုဘာလ ၂၃ ရက်၊ ည ၆ နာရီခွဲတွင် ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ ဖမ်းဆီး အမှုဖွင့် အရေးယူထားသည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ဖမ်းဆီးအကျဉ်းချ ခံနေရသည့် မန္တလေး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်သည့် အောက်တိုဘာလ ၇ ရက်နေ့တွင် ဒေါက်တာနေစိုးမောင်က “ယောကျ်ားတန်မဲ့ မျက်ရည်ကျမိပါတယ်။ ကိုယ့်ပြည်သူအတွက် ကိုယ်တာဝန်ယူတဲ့ ဒေသ တိုးတက်အောင် အားကြိုးမာန်တက် တောင်ရွက်ပေးခဲ့ပေမဲ့ ဆရာ နေမကောင်းတဲ့ ကာလမှာ ကျန်းမာရေး စောင့်ရှောက်မှု မပေးနိုင်ခဲ့လို့ စိတ်မကောင်းဖြစ်ရပါတယ် ဆရာ။ မြင့်မြတ်တဲ့ဘုံမှာ အေးချမ်းစွာ လဲလျောင်းလို့ အိပ်စက်အနားယူပါတော့ ဆရာ။ နောင်ဘဝမှာ လူဖြစ်ခဲ့လျှင် လွတ်လပ် တရားမျှတပြီး လူကိုလူလိုဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့အကျိုးကို ဆက်လက်သယ်ပိုးပေးနိုင်ပါစေ ဆရာ”ဟု ဒေါက်တာ နေစိုးမောင်က ၎င်း၏လူမှုကွန်ရက်တွင် ရေးသားခဲ့သည်ကို တွေ့ရသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် “We Free” စာတန်းပါ အင်္ကျီကို ဝတ်ဆင်ပြီး မန္တလေးကျုံးရှေ့တွင် ရိုက်ထားသည့် ပုံများနှင့်အတူ “လေးစားသမှုနဲ့ ဂါဝရပြုအပ်ပါတယ်။ ဆရာ့လက်ထက်မှာ ပြည်သူတွေကို ပျော်ရွှင်အောင် ထားနိုင်ခဲ့သလို မန္တလေးသူ မန္တလေးသားတွေကိုလည်း စိတ်အားတက်ကြွစေခဲ့တဲ့ မန္တလေးမြို့ကြီးကို Smart City ဖြစ်စေဖို့ ကြိုးစားခဲ့တဲ့ ဆရာ့ကို လေးစားပါတယ်။ မန္တလေးရောက်ရင် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ကျုံးပတ်လမ်းမှာ လမ်းလျှောက် စက်ဘီးစီးတိုင်း ဆရာနဲ့ မြို့တော်ဝန်တို့ရဲ့ လက်ရာတွေကို ရင်သတ်ရှုမောတွေ့ရပါတယ် ဆရာ။ ပြည်သူတွေအတွက် စွမ်းဆောင်ချက်တွေကို အမှတ်ရပြီး ဂါဝရပြုလိုက်ပါတယ်။ ဆရာ မြင့်မြတ်သောဘုံမှာ ခံစားနိုင်ပါစေ” ဟု လူမှုကွန်ရက်တွင် ထပ်မံ ရေးသားခဲ့ပြီးနောက် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဒေါက်တာနေစိုးမောင် ဖမ်းဆီးခံရသည် ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

ဒေါက်တာနေစိုးမောင် သည် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ သမီး ဒေါ်ကြည်ကြည်ရွှေ ၏ ခင်ပွန်းဖြစ်ပြီး ဦးသန်းရွှေ၏ အချစ်ဆုံး မြေးဖြစ်သူ ကိုနေရွှေသွေးအောင်၏ ဖခင်လည်း ဖြစ်သည်။

ဒေါက်တာနေစိုးမောင်၏ ဖခင်မှာ ဗိုလ်ချုပ်တင်စိန် ဖြစ်ပြီး အာဏာရှင် ဦးနေဝင်း လက်ထက် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးနှင့် ဒုကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဗိုလ်ချုပ် ရာထူးဖြင့် အငြိမ်းစားယူကာ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဒေါက်တာနေစိုးမောင်သည်လည်း တပ်မတော်ဆေးတပ်တွင် ဗိုလ်မှူးကြီး အဆင့်ဖြင့် တာဝန်ထမ်းဆောင် အငြိမ်းစားယူခဲ့ပြီး ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင် ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဒေါက်တာနေစိုးမောင်သည် လူမှုကူညီရေး လုပ်ငန်းများ လုပ်ဆောင်နေသူဖြစ်ပြီး စစ်အာဏာရှင် မင်းအောင်လှိုင် ၏ လုပ်ရပ်များကို မကြာခဏ စောင်းပါးရိပ်ခြေ ဝေဖန်လေ့ရှိသဖြင့် ၎င်းအား ဖမ်းဆီးရန် စစ်တပ်လော်ဘီများက မကြာခဏ လှုံ့ဆော်လေ့ရှိသည်။

လူမှုကွန်ရက်တွင် ဝေဖန် ရေးသားမှုဖြင့် ယခင် ကြံ့ခိုင်ရေး အစိုးရ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် သည်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က ဖမ်းဆီးခံရကာ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရပြီး လက်ရှိ အင်းစိန်ထောင်တွင် ထောင်ကျခံနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...