ပြင်ဦးလွင်အနီး တိုက်ပွဲပြင်းထန်၊ မြို့စွန့်ခွာပါက နေအိမ်ဖောက်ထွင်း လုယက်ခံရမည်ဟု စစ်ကောင်စီ ဝါဒဖြန့်

နာမည်ဆိုးဖြင့် ကျော်ကြားသည့် စစ်တက္ကသိုလ်များ တည်ရှိရာ ပြင်ဦးလွင်မြို့အနီး စစ်ကောင်စီ စစ်ကြောင်းများ ဖြန့်ခွဲ၍ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေစဥ်ပြည်သူများ မြို့ကို စွန့်ခွာ ထွက်ပြေးပါက ကျန်ရှိ နေအိမ်များ ဖောက်ထွင်းလုယက် ခံရမည်ဟု စစ်ကောင်စီက ဝါဒဖြန့်နေကြောင်း မြို့ခံများက ယနေ့ (အောက်တိုဘာလ ၂၄ ရက်) တွင် ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့မှ စတင်ကာပြင်ဦးလွင်အနီး ဂန့်ဂေါ်ရွာ တိုက်ပွဲများ စတင်ခဲ့ရာ ယနေ့ (အောက်တိုဘာလ ၂၄ ရက်) နံနက်ပိုင်း အထိ တိုက်ပွဲများ ပြင်းထန်နေပြီး ပြင်ဦးလွင် အနီးမှ စစ်ကောင်စီ လက်နက်ကြီး ပစ်ကူပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ပြင်ဦးလွင်

“ဝက်ဝံနဲ့ ဘန့်ဘွေးဘက်က လက်နက်ကြီး ပစ်ကူ ပေးနေတယ်။ ပြင်ဦးလွင်အထိ တိုက်ပွဲဖြစ်နိုင်သလား ဆိုတော့ စစ်ကောင်စီပေါ် မူတည်တာပေါ့။ ပြည်သူတွေ အနေနဲ့ကတော့ စစ်ရေးသတိရှိကြပါလို့ပဲ ပြောလို့ရမယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိ ပြင်ဦးလွင်မြို့တွင် နေထိုင်သည့် စစ်ဗိုလ်ချုပ်ဟောင်း အများစု နေပြည်တော်သို့ ပြောင်းရွှေ့သွားပြီဟု သတင်းကြားရကြောင်း ပြည်သူများ မြို့ကို စွန့်ခွာပါက ကျန်ရှိသည့် နေအိမ်နှင့် ဟော်တယ်များ၊ ဆိုင်များ ဖောက်ထွင်းလုယက် ခံရနိုင်သဖြင့် မြို့ကို စွန့်ခွာမှု မပြုသင့်ကြောင်း စစ်ကောင်စီက ဝါဒဖြန့်နေသည်ဟု မြို့ခံ တစ်ဦးက ဆိုသည်။

“တရားဝင် ပြောတာတော့ မဟုတ်ဘူးပေါ့။ မြို့ထဲမှာနေတဲ့ တပ်မိသားစုတွေကနေ သတင်းဖြန့်နေတာပေါ့။ အခုအခြေအနေက ဘန့်ဘွေးဘက်နဲ့ တောင်ခမ်းဘက် အခြေအနေ မကောင်းရင် တိုက်ပွဲက မြို့နားရောက်လာမှာပဲလေ။ ထွက်ပြေးရင်လည်း သူတို့ (စစ်ကောင်စီတပ်) လုယက်ကြမှာ” ဟု ၎င်းကရှင်းပြသည်။

ယနေ့ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၊ ဂန့်ဂေါကျေးရွာအနီး တိုက်ပွဲပြင်းထန်နေပြီး အုမ္မသီး လမ်းခွဲအထိ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ကြားသိရကြောင်း ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ပထမ အပတ်က တိုက်ပွဲများနီးကပ်လာသဖြင့် ပြင်ဦးလွင်မြို့ခံ အများအပြား မြို့ကို စွန့်ခွာထွက်ပြေးခဲ့သည့် ဖြစ်စဥ်ကြောင့် ယခု မြို့စွန့်ခွာခြင်း မပြုရန် စစ်ကောင်စီက ခြိမ်းခြောက် ဝါဒဖြန့်နေခြင်း ဖြစ်သည်ဟု မြို့ခံများက သုံးသပ်သည်။

ယနေ့ ပြင်ဦးလွင်မြို့ပေါ်တွင် တည်ငြိမ်နေဆဲဖြစ်ပြီး ပုံမှန် လှုပ်ရှားသွားလာနေကြောင်း၊ သီတင်းကျွတ်ပိတ်ရက်ကာလ ပြီးဆံုးသဖြင့် ခရီးသွားဧည့်သည် အများစု ပြန်သွားပြီ ဖြစ်သော်လည်း ဧည့်သည်တချို့ ရှိနေသေးကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်က စတင်ခဲ့သည့် တိုက်ပွဲများကြောင့် မန္တလေးမြို့မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့များသို့ သွားရောက်မည့် အတက်ကားများကို စစ်ကောင်စီက ပြန်လှည့်ခိုင်းပြီး ပြင်ဦးလွင် – လားရှိုးလမ်းပိုင်းကို ယနေ့ အထိ ပိတ်ထားသည်။

လက်တလော နောင်ချိုမြို့နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရပြီး နေစဥ် လူနေရပ်ကွက်နှင့် ကျေးရွာများ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခံနေရသဖြင့် အရပ်သား သေဆုံးမှုများ ရှိနေကြောင်း TNLA က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...