Wednesday, January 28, 2026

“မုဒိမ်းမှုကို ဥပေက္ခာပြုနေကြတယ်”

“တခါတလေ အသက်မရှင်ချင်တော့ဘူး။ ကလေးမျက်နှာကြောင့်သာ အားတင်းပြီး နေနေရတာ” လို့ မငယ်က သူ့သားလေးကိုကြည့်ရင်း လေသံတိုးတိုးလေးနဲ့ ပြောလာပါတယ်။

မငယ်သည် အသက် နှစ်နှစ်အရွယ်ရှိ သားငယ်ကို ပွေ့ချီရင်း၊ ဆူပူရင်း၊ ငြီးတွားရင်းနဲ့ စိတ်ပျက်ဝမ်းနည်းနေပါတယ်။

သူဟာ သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ နေထိုင်ပြီး၊ မိဘနှစ်ပါးကို နေ့စားလိုက်ရင်း ရှာဖွေကျွေးမွေးနေပါတယ်။ မငယ် တစ်ယောက်ဟာ ရွာငံမြို့ပေါ်က မိအေးဆိုတဲ့ နေအိမ်မှာ (၃)နှစ်ကြာ နေ့စား အလုပ်လုပ်ခဲ့ပါတယ်။

မငယ် အလုပ်လုပ်တာ တစ်နှစ်အကြာမှာတော့ မိအေး ရဲ့ အမျိုးသားဖြစ်သူ ဆန်းဝင်းက မဖွယ်မရာ ဇာတ်ကားတွေကို စတင်ပြသလာပြီး၊ မငယ်တစ်ယောက်ဟာ ရှက်စိတ်နဲ့ ဘယ်သူ့ကိုမှ မပြောပြရဲခဲ့ပါဘူး။

အဲ့ဒီနောက် ဆန်းဝင်းတစ်ယောက် မငယ်ရဲ့ ရှက်တက်မှု၊ အခြားသူကို မပြောပြ မတိုင်ရဲတာ နောက်ပြီး မငယ်တစ်ယောက် နေ့စားခကို ကြိုထုတ်ထားတဲ့အတွက် အကြွေးကိစ္စကို အခွင့်ကောင်းယူပြီး ဆန်းဝင်းတစ်ယောက် အဆင့်တက်လာကာ မငယ် ခန္ဓာကိုယ်ကို မဖွယ်မရာ စတင်ပြုလုပ်လာခဲ့ပါတယ်။

“ကျမ အလုပ်လုပ်တာ တစ်နှစ်အချိန်မှာ ဆန်းဝင်းက မဖွယ်မရာ ဇာတ်ကားတွေကို စပြီးပြောပြလာပါတယ်။ အဲ့ကနေတစ်ဆင့် ခန္ဓာကိုယ်ကို မဖွယ်မရာ လုပ်လာတယ်။ နောက်ဆုံး မုဒိမ်းကျင့်တဲ့အဆင့် ရောက်သွားတယ်”လို့ မငယ်က ဖြစ်ပျက်ခဲ့တဲ့အရာကို ပြန်ပြောပြလာပါတယ်။

မုဒိမ်းကျင့်ခံရပြီးနောက် ကိုယ်ဝန်ရပြီး သားလေးရလာလိမ့်မယ်လို့ မငယ်တစ်ယောက် မစဉ်းစားမိသလို ရှက်စိတ်နဲ့သာ မျိုသိပ်ပြီးနေခဲ့ပါတယ်။

“အစကတော့ ကျမက ရှက်လို့ ဒီတိုင်းပဲနေခဲ့တာ။ ကိုယ်ဝန်က လရင့်လာတဲ့ ကိုယ်ဝန် (၅)လအချိန်မှာ ဗိုက်က ထွက်လာတော့ ဖွင့်မပြောလို့လည်း မရတော့ဘူးလေ။ အစကတော့ ရေအိတ်ဖြစ်တယ်။ ဝ လာတယ်ပဲ ထင်ခဲ့တာ”လို့ မငယ်က စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

ဒါပေမယ့် နောက်ဆုံး မိခင်ဖြစ်သူရဲ့ မေးမြန်းမှုတွေကြောင့် မငယ်တစ်ယောက် ကိုယ်ဝန်ရှိနေကြောင်း သိလာချိန် ထိတ်လန့်မှုတွေ စတင်ကြုံပါတော့တယ်။

“ကျမရဲ့ ကိုယ်ဝန်ဟာ ဆန်းဝင်းနဲ့ရတဲ့အကြောင်း၊ သူမိန်းမ (မိအေး) ကို သွားပြောတဲ့အချိန် သူတို့က ငြင်းခဲ့ပါတယ်။ ရှက်လွန်းလို့ ဘယ်သူ့ကိုမှ မပြောဘဲ အချိန်အကြာကြီး ခံစားခဲ့ရပါတယ်” လို့ မငယ်တစ်ယောက် မဝံ့မရဲ ရင်ဖွင့်လာပါတယ်။

ကိုယ်ဝန်(၅)လ ရှိပြီဆိုတာ သိပြီးနောက် တစ်ဘက်က တာဝန်မယူမှုတွေကြောင့် မငယ်တစ်ယောက် ရွာငံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ကို တိုင်ကြားခဲ့ပေမယ့် တစ်စုံတစ်ရာ ထူးခြားလာမှုမရှိဘဲ ပိုက်ဆံမရှိတဲ့ မငယ်တစ်ယောက် ငိုယိုခဲ့ရပါသေးတယ်။

“အမျိုးသမီးရေးရာကို တိုင်ခဲ့တယ်၊ ဘာမှ ထိထိရောက်ရောက် အရေးမယူပေးဘူး။ ငွေများ တရားနိုင်တဲ့ အရမ်းမှန်တာပဲ။ ကျမက ပိုက်ဆံမရှိတော့ ဥပဒေလည်း ကျမဘက်မှာ မရှိဘူးလေ” ဟု မျက်ရည်ဝိုင်းကာ အံကိုကြိတ်လျှက် ဆိုသည်။

မငယ်တစ်ယောက် မတရားမှုကို ခေါင်းငုံ့ခံပြီး၊ ပတ်ဝန်းကျင်ရဲ့ ပြောဆိုကဲ့ရဲ့မှုကြား သားငယ်လေးကို ရဲရဲတင်းတင်း မွေးဖွားခဲ့ပါတယ်။

ထို့နောက် မငယ်သည် မတရားမှုကို ခေါင်းငုံခံခဲ့ရပြီး ပတ်ဝန်းကျင်မှ မငယ်ကို အနေအထိုင် မတတ်တာကြောင့် အခုလိုဖြစ်ရကြောင်း ပြောဆိုရှုံ့ချခဲ့ကြပါတယ်။ မငယ်နဲ့ သူ့သားလေးမှာ လူရှေ့သူရှေ့ မထွက်ရဲဘဲ စိတ်ဒဏ်ရာများနဲ့ နေထိုင်နေရပါတယ်။

“ကလေးမှာ အဖေ မရှိဘဲ မွေးထားရတယ်။ ကျမကြောင့်လို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။ အရမ်းလည်း ရှက်တယ်။ အကုန်လုံးက ကျမကို ရွံစရာကောင်းတဲ့သူလို့ မြင်ကြတယ်”လို့ မငယ်က ဝမ်းနည်းစွာ ပြောဆိုပါတယ်။

အိမ်အကူလုပ်ရင်း အဓမ္မပြုကျင့်ခံရသူမှာ မငယ် တစ်ယောက်တည်းမဟုတ်ဘဲ စိတ်ကျန်းမာရေး မကောင်းတဲ့ မိမော်လည်း အဓမ္မပြုကျင့်ခံရပြီး ကလေးတစ်ဉီး မွေးဖွားခဲ့ရတဲ့ ဖြစ်စဉ်လည်း ရွာငံမြို့နယ်မှာ ဖြစ်ပွားခဲ့ပါသေးတယ်။

မိမော်ဟာ စိတ်ကျန်းမာရေး ချို့တဲ့သူတစ်ဉီး ဖြစ်သော်လည်း အိမ်အကူလိုက်လုပ်ရင်း ဝမ်းရေးအတွက် ရှာဖွေစားသောက်နေသူ တစ်ဉီးလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် မိမော် တစ်ယောက် အိမ်အကူသွားလုပ်တဲ့ အိမ်က အသက် (၆၀) အရွယ်ရှိ အမျိုးသားဟာ မိမော်ကို အဓမ္မပြုကျင့်ပြီး၊ မိမော် ကိုယ်ဝန်ရလာတဲ့အခါ ကျေးရွာက လူတွေဟာ ရွာပြင်နှင်ထုတ်ပြီး တဲထိုးနေထိုင်ခဲ့ရပါတယ်။

“သူ (မိမော်) က စိတ်ကျန်းမာရေး ချို့တဲ့သူဖြစ်ပေမယ့် အိမ်အကူလုပ်ပြီး ရှာစားနေတာ။ သူသွားလုပ်တဲ့ အိမ်က အဘိုးက သူ့ကို မုဒိမ်းကျင့်တော့ ကိုယ်ဝန်ရတယ်။ အဲ့နောက် ရွာပြင် ထုတ်လိုက်တယ်။ အဲ့ရွာပြင် တဲမှာလည်း ဘယ်ကလာတဲ့ အမျိုးသားတွေလည်း မသိဘူး၊ ထပ်မုဒိမ်းကျင့်သေးတယ်”လို့ မိမော် နဲ့ ရင်းနှီးတဲ့ မနှင်းက စိတ်မကောင်းစွာဘဲ အကြောင်းစုံ ပြောပြပါတယ်။

အခုလို ခေတ်ပျက်ကာလကြီးမှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေချိန် မိမော် တစ်ယောက် အကြမ်းဖက် ရိုက်နှက်ခံရတာ၊ အလိုမတူဘဲ လိင်ဆက်ဆံနေရတာတွေအတွက် ပတ်ဝန်းကျင် ပြည်သူတွေကလည်း ဥ‌ပေက္ခာပြုနေကြောင်း မနှင်းက ဆိုပြန်ပါတယ်။

“ပတ်ဝန်းကျင်ကလည်း အမျိုးသားကို အပြစ်မတင်ဘဲ မိမော်က မနေတက်လို့ ဒီလိုဖြစ်တာ ဆိုတဲ့ စကားသံမျိုးတွေ ပြောတယ်။ မိမော်ကိုလည်း ကျမတို့က ဘယ်လိုကူညီပေးရမှန်းလည်းမသိ၊ ကိုယ်ဝမ်းရေးအတွက်တောင် ခက်နေတာလေ”လို့ မနှင်းက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ မုဒိမ်းမှု ကျူးလွန်ခံရပြီး နစ်နာသူတွေဟာ ခြိမ်းခြောက်ခံရတာတွေ၊ ရှက်ရွံ့ရတာတွေကြောင့် ထုတ်ဖော်ပြောဆို တိုင်တန်းကြဖို့ အမြဲကြောက်လန့်နေကြပါတယ်။

ခေတ်အဆက်ဆက် ငွေများ ငွေနိုင်တဲ့ တရားစီရင်မှုတွေကြောင့် မုဒိန်းမှုကျူးလွန်သူတွေဟာ ထိုက်သင့်တဲ့ပြစ်ဒဏ်ကို မကျခံရတာမျိုး၊ အမှုမှန် လုံးဝ မပေါ်တော့တာမျိုး အထိ ကြုံတွေ့နေရကြောင်း အမျိုးသမီးအရေး လှုပ်ရှားဆောင်ရွက်နေသူတွေက ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်နှုန်းက ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ တွေ့ကြုံခံစားနေရကြောင်း ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အမျိုးသမီးအရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းများမှာလည်း အာဏာသိမ်းပြီးနောက်ပိုင်း လွတ်မြောက်နယ်မြေများမှာ ဝင်ရောက်ခိုလှုံနေကြရပါတယ်။ အခုလို အခြေအနေမှာ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ လုံခြုံမှု မရှိတော့ဘဲ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်တွေနဲ့ ပြည်သူအများ နေထိုင်နေကြရပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ပြုစုထားတဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ စစ်ကိုင်းတိုင်း၊ ချင်းပြည်၊ သျှမ်းပြည်နှင့် ကရင်ပြည်က မြို့နယ်များတွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု အများဆုံး ဖြစ်နေကြောင်း သိရပါတယ်။

“အမျိုးသမီးအရေးက အခြားအရေးထက်စာရင် အမြဲတမ်းနောက်ကျနေတာကို တွေ့ရတယ်၊ အမျိုးသမီးအခွင့်အရေး ရှိတာကို အသိအမှတ် ပြုကြသည့်တိုင်အောင် တကယ့်လက်တွေ့ လုပ်ဆောင်မှု မပါတာကို အများကြီး တွေ့ရတယ်”လို့ ပအိုဝ်းလူငယ် အစည်းအရုံး (PYO) မှ ဆရာမလီက ပြောပါတယ်။

ဒါ့အပြင် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများမှာ တဘက်တလမ်းမှ အချက်အလက် စုဆောင်းခြင်း၊ အွန်လိုင်းမှ အသိပညာပေးခြင်း လုပ်ငန်းတွေကို လုပ်ဆောင်နေကြောင်းနဲ့ နိုင်ငံပြန်လည် ငြိမ်းချမ်းတဲ့အခါ အချက်အလက်နဲ့တကွ တရားမျှတမှု ရယူသွားမှာ ဖြစ်ကြောင်း အမျိုးသမီး‌အရေး ဆောင်ရွက်နေတဲ့ ဆရာမလီက ပြောပါတယ်။

“ဒီလိုမုဒိမ်းမှုတွေ၊ အတင်းအဓမ္မ ပြုကျင့်မှုတွေ ရပ်စေချင်တယ်။ နောက်ပတ်ဝန်းကျင်ကလည်း အမျိုးသမီးတွေကို အပြစ်တင် ဝေဖန်တာတွေ ရပ်ပြီး မုဒိမ်းပြုကျင့်တဲ့ အမျိုးသားတွေကို ပြစ်ဒဏ်ပေးစေချင်တယ်”လို့ မနှင်းက တောင်းဆိုလိုက်ပါတယ်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...