လားရှိုးမြို့အဝင်ရှိ ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲ၊ MNDAA မြေပြင်မှ ပြန်လည်ပစ်ခတ်ဟုဆို

သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ “ရိုးရာ”ဆန်အရက်ချက်စက်ရုံကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မီးလောင်ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။

ယနေ့ (အောက်တိုဘာလ ၂၃ ရက်) နံနက် ၈ နာရီခွဲကျော်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ မြို့ဝင်ဆိုင်းဘုတ်အနီး နမ့်ခိုက်ကျေးရွာရှိ “ရိုးရာ” ဆန်အရက်ချက်စက်ရုံပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပုံစာ – လားရှိုးမြို့အဝင် “ရိုးရာ”ဆန်အရက်ချက်စက်ရုံ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးမှု (ဓာတ်ပုံ- လားရှိုးမြို့ ပြန်လည်ထူထောင်ရေး FB Page)

“မြို့အဝင် နမ့်ခိုက်က ရိုးရာ ဆန်အရက်စက်ရုံမှာ ဗုံးကြဲခံရတာ။ ခုနကတုန်းက လေယာဉ်နဲ့ လာကြဲတုန်းကဆို အသံအကျယ်ကြီး ကြားရတယ်။ မြို့ပေါ် လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ပြန်ထွက်ပြေးတဲ့လူ နေ့တိုင်းရှိနေတယ်”ဟု လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ – လားရှိုးမြို့အဝင် “ရိုးရာ”ဆန်အရက်ချက်စက်ရုံ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးမှု (ဓာတ်ပုံ- လားရှိုးမြို့ ပြန်လည်ထူထောင်ရေး FB Page)

ယနေ့နံနက် (၁၀) နာရီကျော်အထိ လားရှိုးမြို့ပေါ်တွင် တိုက်လေယာဉ်များ ဆက်လက်ပျံဝဲလျက်ရှိပြီး ကိုးကန့်တပ် MNDAA မှ ပြန်လည်ပစ်ခတ်နေသည့် လက်နက်သံများလည်း ကြားနေရကြောင်း လားရှိုးဒေသခံများ၏ လူမှုကွန်ယက်စာမျက်နှာများတွင် ရေးသားထားသည်။

ယခု လေကြောင်းဗုံးကြဲမှုကြောင့် “ရိုးရာ” ဆန်အရက်ချက်စက်ရုံမှ အဆောက်အအုံများ မီးလောင်ကျွမ်းခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘုတ်စာမျက်နှာတွင် သတင်းထုတ်ပြန်ထားသည်။

ပုံစာ – လားရှိုးမြို့အဝင် “ရိုးရာ”ဆန်အရက်ချက်စက်ရုံ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးမှု (ဓာတ်ပုံ- လားရှိုးမြို့ ပြန်လည်ထူထောင်ရေး FB Page)

ဩဂုတ်လဆန်းပိုင်းတွင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နိုင်ပြီးနောက် သုံးလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေမှာ (၂၀) ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့ပေါ် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရသည့်နည်းတူ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်အတွင်းရှိ မိုင်းလီကျေးရွာလည်း လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခံရကြောင်း ကနဦး သိရှိရပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...