Sunday, February 1, 2026

စစ်ကောင်စီ

သျှမ်း-ကရင်နီ နယ်စပ် တကြောတွင် စစ်ကောင်စီနှင့် PNO ပြန်လည် ထိန်းချုပ်နိုင်ရန် စစ်အင်အားဖြည့်တင်း

သျှမ်း-ကရင်နီ တကြော ဖြစ်သည့် လွိုင်ကော်မြို့၊ မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့ ဘက်ကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၈ ရက်)နေ့ လွိုင်ကော်မြို့အနီးရှိ ကျောက်ကြီးရွာနှင့် လယ်ထွဲကျေးရွာဘက်တွင် စစ်ကောင်စီ၊ PNO...

နှစ်သစ်ကူးပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပရေး စစ်ရှုံး စစ်ကောင်စီ ပြင်ဆင်

နိုင်ငံတဝှမ်း အရှုံးဖြင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီက နှစ်သစ်ကူးပွဲတော် ခြိမ့်ခြိမ့်သဲ စည်ကား သိုက်မြိုက်စွာ ကျင်းပရေး ပြည်နယ်နှင့်တိုင်း အလိုက် စီစဉ်ရန် ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်က ယနေ့ (ဒီဇင်ဘာလ ၁၉ ရက်) တွင် ပြောသည်။ လက်ရှိ ရခိုင်ပြည်နယ်တွင် အရှုံးကြီး ရှုံးနေပြီး တိုင်းစစ်ဌာနချုပ်...

ရပ်စောက်မြို့နယ် ကျောက်ဂူ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ ဗုံးကြဲ၍ ပြည်သူ သေဆုံး

သျှမ်းတောင်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ယမန်နေ့ (ဒီဇင်ဘာ ၁၈ ရက်) နံနက်ပိုင်းမှ စတင်၍ တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် ပြည်သူ ထိခိုက် သေဆုံးမှုရှိပြီး ကျောက်ဂူရွာအဝင် တံတား ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီ၏ စစ်သင်တန်းကျောင်းများရှိရာ ရပ်စောက်မြို့အနီး၊...

PNO မှ စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက် ပြည်သူများထံ အခွန်ကောက်ခံမှုများလာ

သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက် အခွန်ကောက်ခံမှုသည် ယခင်ကထက် ပိုများလာကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။ လက်ရှိ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာ၊စံကားဒေသတို့တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ ကားရှိ...

ထိုင်းစစ်တပ်နှင့် UWSA အကြား နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြားကော်မတီက ဆွေးနွေးမည်ဟု စစ်ကောင်စီပြော

မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား အငြင်းပွားနေသည့် နယ်စပ်ပြဿနာကို နှစ်နိုင်ငံ နယ်ခြားကော်မတီမှတဆင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုလိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) တွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ထိုင်းနိုင်ငံ၌ ကျင်းပမည့် မြန်မာ့အရေး အလွတ်သဘော...

တရုတ် ဖိအားပေးမှုကြောင့် ကျားဖြန့် ဖမ်းဆီးရာ စစ်ကောင်စီနှင့် ပြည်သူစစ် အပြန်အလှန် ပစ်ခတ်မှုဖြစ်

တရုတ်- မြန်မာနယ်စပ်ရှိ မူဆယ်မြို့တွင် တရုတ်အာဏာပိုင်၏ ဖိအားပေးမှုကြောင့် စစ်ကောင်စီနှင် ရဲလက်အောက်ခံတပ်သည် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူကို လိုက်လံ ဖမ်းဆီးနေစဉ် ပြည်သူစစ်နှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) နေ့လည် ၃နာရီဝန်းကျင်တွင် ဟိုနားရပ်ကွက် နယ်မြေ(၂) ၊ စိန်စီဟိုတယ်...

တရုတ်အာဏာပိုင် ညီနောင်မဟာမိတ်ထိန်းချုပ် နယ်စပ်ဂိတ်များ သွင်းကုန်ပိတ်ထားဆဲ

တရုတ်အာဏာပိုင်များသည် စစ်ကောင်စီဘက်ကို ပေါ်ပေါ်ထင်ထင် ရပ်တည်ပြီးနောက် ညီနောင်မဟာမိတ်တပ် ထိန်းချုပ်သည့် မြန်မာ-တရုတ် နယ်စပ်ဂိတ်များတွင် သွင်းကုန်များ ပိတ်ထားနေဆဲဟု စုံစမ်းသိရသည်။ မြန်မာ-တရုတ်နယ်စပ်တလျှောက် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားနိုင်သည့် နယ်စပ်ဂိတ်များတွင် တရုတ်ဘက်သို့ ကြံနှင့် ပြောင်းကဲ့သို့ ကုန်ကြမ်းသီးနှံများသာ တင်ပို့နိုင်ပြီး စားသောက်ကုန်များကို ပြန်လည်တင်သွင်းခွင့် မရှိဘဲ ပိတ်ထားနေသေးကြောင်း ဒေသခံများပြောပြချက်...

တောင်ကြီးတွင် ပေါ်တာဆွဲဖမ်းဆီးမှုများ ပြန်လည်လွတ်မြောက်ရန် ငွေကျပ်သိန်းဆယ်ချီပေးဆောင်နေရ

သျှမ်းပြည် တောင်ကြီးမြို့နယ်အတွင်း ညbက်အစစ်အဆေးများပိုမိုတင်းကြပ်လာကာ ပေါ်တာဆွဲဖမ်းဆီးမှုများရှိနေပြီး ဖမ်းဆီးခံသူများမှာလည်း ငွေကျပ်သိန်းဆယ်နှင့်ချီပေးဆောင်မှ လွှတ်ပေးနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်၍ တောင်ကြီးမြို့အတွင်း ယခင်ကထက် စစ်ဆေးတင်းကြပ်မှုများ များပြားလာပြီးနောက် ညအချိန်အပြင်သည့် အမျိုးသားများကို အဓိက ဖမ်းဆီးမှုပြုလုပ်နေပြီး ဖမ်ဆီးထားသောသူများအား ငွေကျပ်သိန်းဆယ်ချီ ပေးဆောင်မှ ပြန်လည်လွတ်ပေးကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ပိုက်ဆံရှိတဲ့သူ‌တွေကတော့...

သျှမ်း-ကရင်နီတကြော ရောက် စစ်ရှောင်အချို့ ထင်းချောင်းခြောက်များကောက်ကာ ဝမ်းရေးဖြေရှင်းနေရ

သျှမ်း-ကရင်နီနယ်စပ် တကြောရောက်ရှိနေသည့် စစ်ဘေးရှောင်အချို့သည် ထင်းချောင်းခြောက်များကောက်ကာ ဝမ်းရေးဖြေရှင်းနေရကြောင်း စုံစမ်းသိရသည်။ သျှမ်း-ကရင်နီ တကြောဖြစ်သည် စစ်ဘေးရှောင်များမှာ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်နှင့် ဒီးမော့ဆိုတို့ဘက်ခြမ်းဖြစ်သည်။ “စစ်ရှောင်တချို့ဆို ထင်းခြောက်လေးတွေကောက်ပြီး ရောင်းစားနေရတဲ့သူတွေလည်းရှိတယ်။ မိသားစုများတဲ့သူတွေပါတော့ ရှိတာနဲ့တင် မလုံလောက်ဘူး။ ကိုယ်တက်နိုင်တဲ့ ဘက်ကနေ ရှာဖွေနေကြတဲ့သူလည်း ရှိတယ်” ဟု မိုးဗြဲစစ်ရှောင်အမျိုးသမီး တစ်ဉီးက...

ကရင်နီတွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် KNDF/ PDF အဖွဲ့ဝင်များ အချင်းချင်းပစ်သတ်မှုများ ဖြစ်ပွားနေဟု သတင်းအမှားဖြန့်

ကရင်နီပြည်တွင် စစ်ကောင်စီတပ်၏ အဆိပ်ငွေ့ဗုံးများကြောင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင် အများအပြားရုတ်တရက် မလှုပ်ရှားနိုင်တော့ဘဲ စိတ်ဖောက်ပြန်၍ အချင်းချင်းပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သတင်းအမှားဖြန့်ချိနေပါသည်။ စစ်ကောင်စီအားပေး တယ်လီဂရမ်ဝါဒဖြန့်ချန်နယ်လ်တစ်ခုဖြစ်သည့် Mawshan Myay Media ချန်နယ်လ်မှ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး...

Latest news