တောင်ကြီး လိုင်စင်မဲ့ ကားများဖမ်းပြီး သျှမ်းမြောက်သို့ပို့

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် လိုင်စင်မဲ့ ကားများကို ဖမ်းပြီး သျှမ်းမြောက်ဘက် သို့ ပို့ဆောင်နေကြောင်း မြို့ခံ များထံမှ သိရသည်။

ဒီဇင်ဘာလ ဒုတိယပတ်မှ စပြီး ယာဉ်ထိန်းရဲနှင့် စစ်ကောင်စီ ပူးပေါင်းကာလိုင်စင်မဲ့ ကားများကိုဖမ်းဆီးနေပြီး ဖမ်းမိထားသည့် ကားများကို ပြည်လည်ရွေးထုတ်၍ မရတော့ကြောင်း မြို့ခံ များကပြောသည်။

ထိုကဲ့သို့ ဖမ်းဆီးခံ ရသည့်ကားများသည် စစ်ရှောင်ကားများနှင့် ကျေးရွာများမှ တောင်ကြီးသို့ ဆေးလာကုနေသည့် လိုင်စင်မဲ့ကား အများစုဖြစ်ကြောင်း ကိုယ်တွေ့ကြုံတွေ့ရသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နှစ်ကုန်တော့မယ်ဆိုတော့ သူတို့ ပိုက်ဆံရှာပြီပေါ့။ကျနော်တောင် အရစ်ခံလိုက်ရသေးတယ်။ရွာသားတွေဆို ဆေးခန်းလာပြတာ သူတို့ကားတွေကို ဖမ်းပြီး သျှမ်းမြောက်ပို့လိုက်တယ်။ ပြန်လိုက်ယူလည်း မရတော့ဘူး။ ကျနော်တို့ ဒီနား လူကြီးတွေနဲ့ ပြန်လိုက်သေးတယ်။ မရတော့ဘူး။ စစ်ရှောင်တွေ ကားတွေဆိုလည်း တော်တော် အဖမ်းခံထားရတယ်။” ဟု အဆိုပါ ကိုယ်တွေ့ ကြုံတွေ့ရသူ အမျိုးသားက ပြောသည်။

ထို့အပြင် သျှမ်းမြောက်ပို့ရန်အတွက် ကားများကို ချောဆွဲဖမ်းမည်ဟု ယာဉ်ထိန်းရဲမှ ပြောနေကြောင်း ၎င်းအမျိုးသားက ဆက်လက်ပြောသည်။

လိုင်စင်မဲ့ ကားများကိုဖမ်းဆီးပြီး ကားပိုင်ရှင်များကို ဖမ်းဆီးမှုမရှိကြောင်းနှင့် လိုင်စင်မဲ့ အိမ်စီးကားဆိုလျှင် ကျပ်ငွေ(၄ သိန်းမှ ၅သိန်း)အထိ တောင်းခံပြီး ပြန်လွှတ်ပေးသည်ဟု အသက် (၃၀ )ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ဖမ်းတာက လူတွေ ပစ္စည်းတွေ အများတင်လို့ရတဲ့ ကားတွေ ကိုဖမ်းတယ်။ သဲကားတို့ ကုန်ကားတို့ ဒီ ဆေးခန်းလာပြတဲ့ လူအများဆန့်တဲ့ ကားတို့ကို ဖမ်းတယ်။ ရိုးရိုးအိမ်စီးကားဆိုရင်တော့ ငွေပဲတောင်းတာ။ အများအားဖြင့် ကားတွေ ပြန်မရကြဘူး။ ပြန်ရတဲ့ ကားဆိုလည်း စုတ်ပြတ်သတ်နေတာ။” ဟု အဆိုပါ အမျိုးသားက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၁ရက်) တွင်လည်း တန်ဆောင်တိုင် ကွင်းထဲ၌ လာရောက် အနားယူ ရပ်ထားသည့် ကားများကို ဝင်ရောက်ဖမ်းဆီး သွားသည်ဟု လည်း ၎င်း အသက်( ၃၀ )ဝန်းကျင် အမျိုးသားက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း တောင်ကြီးကို လာရောက်မည့် သူများကို လိုင်စင်ရှိမှသာ လာရောက်စေလိုကြောင်းနှင့် ကားတစ်စီးတန်ဖိုး ကျပ်သိန်း(၅၀၀) ထက်မနည်းရှိသည့်အတွက် ဂရုစိုက်သွားလာစေလိုကြောင်း ထိုအမျိုးသားက အကြံပြုပြောကြားထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၃ ရက်)နေ့ ည( ၇) နာရီမှ( ၁၁) နာရီအချိန်ထိ ဆိုင်ကယ်များကို ယာဉ်ထိန်းရဲနှင့် ရဲများက ဖမ်းဆီးနေပြီး လိုင်စင်ရှိသည့် ဆိုင်ကယ်များကို ဒဏ်ငွေဆောင်ခိုင်းကာ လိုင်စင်မဲ့ ဆိုင်ကယ်များကို သိမ်းသွားကြောင်း တောင်ကြီးမြို့ခံများထံမှ သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...