Wednesday, January 28, 2026

မိုင်းဖုန်းဆရာတော် မွေးနေ့မင်္ဂလာပွဲ လာရောက်ကြမည့် ပြည်သူများကို ထောက်ခံစာယူလာရန် သတိပေး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာပွဲတော်သို့ လာရောက် ဖူးမျှော် ပူဇော်ကြမည့် မိဘပြည်သူများ ထောက်ခံစာ ယူလာကြရန် သတိပေးထားကြောင်း သတင်းရရှိသည်။

ဇန်နဝါရီလ ၁ ရက်မှ ၅ ရက်နေ့အထိ တာချီလိတ်မြို့နယ်တွင် ကျင်းပမည့် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့မင်္ဂလာပွဲတော်ကို လာရောက်ဖူးမျှော် ပူဇော်ကြမည့် ဒကာ၊ ဒကာမ မိဘပြည်သူများ ထောက်ခံစာ ယူလာကြရန် သတိပေးထားပြီး၊ စစ်ဆေးရေးဂိတ်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများကို ခွင့်ပြုပေးရန် ပန်ကြားထားကြောင်း သျှမ်းပြည်အရှေ့ပိုင်း သံဃာ့နာယက ဥက္ကဋ္ဌ အရှင်ဉာဏသီရိမှ သျှမ်းသံတော်ဆင့်ကို မိန့်ကြားသည်။

“အထူးအားဖြင့် တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေကို သျှမ်းပြည်အရှေ့ပိုင်း သံလွင်မြစ်ကို ဖြတ်ကျော်ပြီး မိုင်းဖုန်းဆရာတော်ဘုရား မွေးနေ့ပွဲကို လာရောက် ဖူးမျှော်မယ့် ပုဂ္ဂိုလ်တွေကို မိမိတို့ရဲ့ သက်ဆိုင်ရာမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌဖြစ်ဖြစ်၊ သက်ဆိုင်ရာရပ်ကျေး ဥက္ကဋ္ဌဖြစ်ဖြစ် ဆရာတော်တွေဖြစ်ဖြစ် သူတို့ရဲ့ ထောက်ခံချက်နဲ့ လာရောက်တဲ့ ပုဂ္ဂိုလ်များအားလုံးကို ဂိတ်မှာ စစ်ဆေးနေတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ ခွင့်ပြုပေးဖို့ ပန်ကြားလိုပါတယ်”ဟု သျှမ်းပြည်အရှေ့ပိုင်း သံဃာ့နာယက ဥက္ကဋ္ဌ အရှငဉာဏသီရိက မိန့်တော်မူထားသည်။

ယခုနှစ်တွင် ကျရောက်လာမည့် မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာပွဲတော်တွင် ယခင်နှစ်ကဲ့သို့ ပြုလုပ်သွားမည့်အပြင် ထီးတော်တင်လှူခြင်း၊ ရေစက်ချခြင်းတို့ကိုလည်း ပြုလုပ်ရန် ရှိကြောင်း အရှင်ဉာဏသီရိ က ဆက်လက် မိန့်ဆိုသည်။

“ကျရောက်လာမယ့် မွေးနေ့မှာ‌တော့ အရင်နှစ်လိုပါပဲ ပြုလုပ်သွားမှာပါ။ ဒီနှစ်မှာ ထူးခြားတာကတော့ မိုင်းဖုန်းမှာ ပူတာအိုကောင်းမူးလုံစေတီပုံတူ ထီးတော်တင်တာ ရှိမယ်၊ ဗုဒ္ဓဂါယာ စေတီတော်ကို ရေစက်ချတာ ရှိမယ်။ ပြီးတော့ ညောင်ရွှေဘုန်းကြီးကျောင်းကို ရေစက်ချတာရှိမယ်၊ အဲ့တာကိုတော့ တစ်ရက်ထဲမှာ လုပ်သွားမှာပါ။ အပြန်မှာတော့ မိုင်းဆတ်မှာ ထီးတင်ဖို့ ရှိတယ်”ဟု သျှမ်းပြည်အရှေ့ပိုင်း သံဃာ့နာယက ဥက္ကဋ္ဌ အရှင်ဉာဏသီရိက ဆက်လက် မိန့်ကြားသည်။

လာမည့် ၂၀၂၅ ဇန်နဝါရီလ ၅ ရက်တွင် ကျရောက်မည့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ ၏ သက်တော် (၆၁) နှစ်မြောက် ဝိဇာတပူဇာ မွေးနေ့ပွဲကို တာချီလိတ်မြို့နယ် မိုင်းဖုန်းကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုရှိ မိုင်းဖုန်းဆရာတော် တည်ထားသော ဓာတ်တော်စေတီနှင့် ဘုရားရုပ်ပွားတော်များ ဖျက်စီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...