တောင်ကြီးတွင် လမ်းဘေးဈေးဆိုင် အားလုံးကိုစည်ပင်မှလိုက်လံသိမ်းဆည်း၊ နေအိမ်ခြံစည်းရိုးများအား ထုံးသုတ်ခိုင်း 

သျှမ်းပြည်မြို့တော် တောင်ကြီးတွင် လမ်းဘေးဈေးဆိုင်များအားလုံးအား စည်ပင်သာယာရေးဌာနမှ ကရိန်းကားဖြင့် လိုက်လံသိမ်းဆည်းနေပြီး လမ်းမကြီးဘေးတလျှောက်ရှိ နေအိမ်ခြံစည်းရိုးများအား မဖြစ်မနေထုံးသုတ်ခိုင်းနေကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တောင်ကြီးမြို့ပေါ်ရှိ လမ်းမနှင့် လမ်းသွယ်များပါမကျန် လမ်းဘေးတွင်ဖွင့်လှစ်ရောင်းချနေသော ဈေးဆိုင်များအား စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးဌာနမှ ကရိန်းကားဖြင့်လိုက်လံသိမ်းဆည်းနေကြောင်း မြို့ခံများကပြောသည်။ 

“လမ်းကြိုလမ်းကြားအထိ လမ်းဘေးဆိုင်တွေအကုန် ကရိန်းနဲ့တင်သွားပြီးပြီ၊ မိန်းလမ်း သုံးလမ်းလုံးက ခြံစည်းရိုးတွေလည်းအကုန်ထုံးသုတ်ခိုင်းတယ်၊ ဆိုင်တွေက ခြံဝန်းထဲမှာမဟုတ်ရင် မဖွင့်ရတော့ဘူး” ဟု အနောက်မြို့ပတ်လမ်းတွင် ဈေးဆိုင်ဖွင့်ထားသူ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ပြောကိုသည်။

တောင်ကြီးမြို့တွင်း ခြံစည်းရိုး ထုံးသုတ်ထားပုံ

ထိုသို့လိုက်လံသိမ်းဆည်း ပိတ်သိမ်းရသည့်အကြောင်းအရင်းမှာ လမ်းဘေးဈေးသည်ပပျောက်ရေး စီမံချက်ကြောင့် လိုက်လံပိတ်သိမ်းနေခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

“ဝန်ကြီးက အမိန့်ချထားလို့ ရဲတွေ ရာထူးကြီးတွေတောင် ဝင်ပါလို့မရဘူးလို့ပြောတယ်၊ ပထမရက်က အုပ်စုလိုက်လာပြောတယ်၊ နောက်ရက်ဆိုင်နေရာမဖယ်ရသေးတော့ ကရိန်းနဲ့လာတာ၊ နောက်ရက်လည်း လူကြီးတစ်ယောက် အငယ်တစ်ယောက်လာထပ်ပြောတယ်” ဟု ၎င်းအမျိုးသမီးမှ ဆက်ပြောသည်။

ထိုသို့ လမ်းဘေးဈေးဆိုင်များအား လိုက်လံသိမ်းဆည်းပိတ်သိမ်းခြင်းကြောင့် ကြပ်တည်းနေသော အခြေခံလက်လုပ်လက်စား ပြည်သူများအတွက် ဝင်ငွေရရှိနိုင်ရန်ပိုမိုခက်ခဲသွားစေပြီး ဆင်းရဲကြပ်တည်းမှုများ ပိုဆိုးလာမည်ဖြစ်ကြောင်း လမ်းဘေးဈေးသည်များထံမှသိရသည်။ 

မြို့နယ်သာယာလှပရေးအကြောင်းပြပြီး လမ်းဘေးဈေးဆိုင်များအား လိုက်လံသိမ်းဆည်နေသော်လည်း အနောက်မြို့ပတ်လမ်းတွင် လမ်းပျက်စီးမှုများအား လာရောက်ပြင်ဆင်ခြင်းမရှိဘဲ ပျက်စီးနေခြင်းကြောင့် ယာဉ်တိမ်းမှောက်မှုများပါရှိနေကြောင်း သိရသည်။​

ပြီးခဲ့သည့် အောက်တိုဘာလ (၂၇) ရက်တည်းက တောင်ကြီးမြို့အတွင်း စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးဌာနမှ  နေအိမ်ခြံဝန်းများအား မဖြစ်မနေဆေးသုတ်ရန် အမိန့်စာထုတ်ပြန်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူမည်ဟု ထိုအမိန့်စာထဲတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီကြီးစိုးသော တောင်ကြီးကဲ့သို့မြို့ကြီးများတွင် အစိုးရဌာနဆိုင်ရာများမှ စစ်ကောင်စီခေါင်းဆောင်များအလိုကျ ပြည်သူများ၏ အခက်အခဲများအား လစ်လျှုရှုကာ ခေါင်းစဉ်အမျိုးမျိုးတို့ဖြင့် ပြည်သူများအပေါ် ဖိနှိပ်လျက်ရှိနေသည်။

အလုပ်သင် သတင်းထောက် ယူဂျင်းရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...