Thursday, January 29, 2026

စစ်ကောင်စီ

မန္တလေးမြို့ တွင် ကျဆုံးခဲ့သည့် သျှမ်းမြောက်ပိုင်းသား (၄) ဦးကျဆုံး၊ PDF အဖွဲ့ဝင်ဟု စစ်ကောင်စီလိမ်ညာ သတင်းထုတ်

မန္တလေးမြို့တွင် ယမန်နေ့(ဇွန် ၂၂)ရက် တွင် စစ်ကောင်စီ ၏ လက်ချက်ကြောင့် သျှမ်းပြည် မြောက်ပိုင်းသား (၄) ဦးကျဆုံးခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဇွန် ၂၂)ရက် မန္တလေးမြို့ (၅၆) လမ်းနှင့် (၁၁၀)လမ်းထောင့်ရှိ ထရန်စဖော်မာကို ဝင်တိုက်ပြီးတော့ သေဆုံးသွားတဲ့ အကြမ်းဖက်သမား (၄) ဦးဖြစ်တယ်ဟု...

တောင်ကြီးမြို့ စစ်ကောင်စီမှ (၉ )တန်းကျောင်းသားတစ်ဦးကို ရာဘာကျည်ပစ်၊ ရိုက်နှက်ပြီး ဖမ်းဆီး

သျှမ်းပြည်တောင်ကြီးမြို့ ယနေ့ (ဇွန် ၂၂)ရက် မနက် (၅)နာရီကျော်တွင် စစ်ကောင်စီ အုပ်စုသည် အကိုဖြစ်သူကို မတွေ့သဖြင့် အသက် (၁၅)နှစ် မပြည့်သေးသည့် (၉ )တန်းကျောင်းသား တစ်ဦးကို ရာဘာကျည်ဖြင့် ပစ်ပြီး၊ရိုက်နှက်ကာ ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ယနေ့ (ဇွန် ၂၂)ရက် မနက် (၅)နာရီကျော်တွင်...

တာချီလိတ် ကွန်ပျူတာဆရာတစ်ဦး ကို စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၊ မယ်ခေါင် ရပ်ကွက်၊ ရွှေမြေသာယာဈေးတွင်နေထိုင်သူ ကွန်ပျူတာသင်တန်းဆရာ ဦးဟန်မင်းထွန်းကို စစ်ကောင်စီမှ ရိုက်နှက်ဖမ်းဆီးပြီး ခေါ်ဆောင်သွားကြောင်း သတင်ရရှိသည်။ ယမန်နေ့(ဇွန် ၂၀)ရက် မနက် (၁၁)နာရီခွဲကျော်တွင် YOUTH Computer Tachileik ကွန်ပျူတာ သင်တန်းဖွင့်ထားသည့် ဆရာဦးဟန်မင်းထွန်းကို စစ်ကောင်စီ အုပ်စုက ထိုးကြိတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကာ...

ကျောက်မဲမြို့ ပရဟိတ အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွား

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် ပရိဟိတ အဖွဲ့ဝင်တစ်ဦးကို ဇွန် (၁၉) ည (၁၁)ဝန်းကျင် တွင် စစ်ကောင်စီမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဇွန် ၁၉ ရက် ည (၁၁)နာရီ တွင် ဓမ္မရဏိတ ပရဟိတ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် (၅၀)နှစ် အရွယ်ရှိ ဦးကျော်သိန်းကို...

တောင်ကြီးမြို့ စစ်ကောင်စီများ အရပ်ဝတ်ဖြင့် ပြည်သူများကို လိုက်လံဖမ်းဆီးနေ

သျှမ်းပြည် တောင်ကြီးမြို့တွင် ယခုရက်ပိုင်း စစ်ကောင်စီ အုပ်စုသည် အရပ်ဝတ်ဖြင့် ပြည်သူများကို လိုက်လံဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန် ၂၀)ရက် မနက် (၈)နာရီခွဲဝန်းကျင်တွင် တောင်ကြီးတက္ကသိုလ်ရပ်ဝန်း နေထိုင်သူ အမျိုးသား တစ်ဦး နှင့် ဝါးပြားမြောက် နတ်စင်ကုန်းအနီးတွင်နေထိုင်သည့် အသက် (၁၆)နှစ် အရွယ် အမျိုးသား...

စစ်ကောင်စီတပ်သားမှ မန်တုံ အမျိုးသမီး (၂)ဦးကို အတင်းအဓမ္မပြုကျင့်

သျှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ် တွင် မှိုရှာထွက်သည့် အမျိုးသမီး(၂)ဦး ကို စစ်ကောင်စီတပ်သားမှ အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန် (၁၄)ရက် တွင် အသက် (၂၆)နှစ်အရွယ် ကလေးမိခင် တစ်ဦး နှင့် အသက် (၂၀)အရွယ် အမျိုးသမီးငယ်တစ်ဦးသည် မှိုသွားရှာစဉ် စစ်ကောင်စီ တပ်သားများမှ အတင်းအဓမ္မပြုကျင့်ခဲ့ကြောင်း၊...

လားရှိုးသျှမ်းလူငယ်တစ်ဦး ကို စစ်ကောင်စီ က ထောင်ဒဏ် (၂)နှစ်ချခံရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ကောင်စီမှ (၃) လကျော်နီးပါး မတရားဖမ်းဆီးထားသည့် သျှမ်းလူငယ် ကျော်သက်ဦး (ခ) စိုင်းဆိုင်ဝမ်းဦး ကို ဇွန် (၁၆)ရက် တွင် ထောင်ဒဏ် (၂)နှစ်ချခံရကြောင်း စုံစမ်းသိရသည်။ စိုင်းဆိုင်ဝမ်းဦး ကို မတ် (၈)ရက် မနက် (၆)နာရီဝန်းကျင်တွင် စစ်ကောင်စီ...

တာချီလိတ်မြို့ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီ အုပ်စု တပ်စွဲထား

သျှမ်းပြည် အရှေ့ပိုင်း မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် ဗုံးပေါက်ကွဲမှုဆက်တိုက်ဖြစ်ပွားမှုကြောင့် စစ်ကောင်စီအုပ်စုသည့် မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများ၌ တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဇွန် ၁၃) ရက် ညနေပိုင်းတွင် တာချီလိတ်မြို့ပေါ်ရှိ ဝမ်မိုင်ဘုန်းကြီးကျောင်း၊ အာခါ ဗုဒ္ဓကျောင်း နှင့် ပါလျံ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားကြောင်း...

ကွတ်ခိုင်-သိန္နီ လမ်းမကြီးပေါ် စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်- သိန္နီ လမ်းမပေါ် သိန္နီမြို့ အဝင် ယနေ့ (ဇွန် ၁၀)ရက် မနက် ၉ နာရီကျော်တွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် တဖက်သတ်ပစ်ခတ်နေကြောင်း သတင်းရရှိသည်။ စစ်ကောင်စီ မှ ယနေ့ မနက် (၉ )နာရီကျော်မှ (၁၀)နာရီခွဲကျော်ထိ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့်...

တာချီလိတ် KTV နှင့် နိုက်ကလပ်ဆိုင်များ စစ်ကောင်စီနှင့်ညှိပြီး ပြန်ဖွင့်

စစ်အာဏာသိမ်းပြီး (၄) လကျော်ကာလအတွင်း သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ ဖျော်ဖြေရေး နေရာများဖြစ်သည် ကာလာအိုကေ (KTV)ဆိုင်များနှင့် နိုက်ကလပ်များ ပြန်ဖွင့်လာကြောင်း စုံစမ်းသိရှိရသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံး ညမထွက်ရအမိန့် ထုတ်ပြန်ထားနေသော်လည်း တာချီလိတ်မြို့ရှိ ုကာလအိုကေဆိုင်များကို စစ်ကောင်စီမှ ဖွင့်လှစ်ခွင့် ပေးထားသည်ဟု စုံစမ်းသိရှိရသည်။ “အခု တာချီလိတ်မှာ ဖွင့်နေတဲ့ နိုက်ကလပ်တွေ၊...

Latest news