ကွတ်ခိုင်မြို့ လွယ်မုန်ဆာစစ်ရှောင် ထောက်ပံ့မှုများကို စစ်ကောင်စီ ဖြတ်တောက်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ လွယ်မုန်ဆာစစ်ရှောင်စခန်းတွင် ယခင်က လစဉ်ရရှိခဲ့ဖူးသည့် ထောက်ပံ့မှုများကို စစ်ကောင်စီက ဖြတ်တောက်လိုက်သဖြင့် စစ်ရှောင်များ ဒုက္ခရောက်နေကြောင်း စုံစမ်းသိရသည်။

လစဉ်ထောက်ပံ့မှုများကို စစ်ကောင်စီဘက်မှ ဖြက်တောက်ပစ်လိုက်သည့် အပြင် မြန်မာနိုင်ငံအတွင်း တတိယလှိုင်းအဖြစ် ကူးစက်ပျံ့နှံ့လာသည့် ကိုဗစ် -၁၉ ရောဂါကြောင့် စစ်ရှောင်စခန်းမှ ပြည်သူများ သည် အလုပ်အကိုင်ပါ ပြတ်လပ်နေသဖြင့် စားဝတ်နေရေး အခက်တွေ့နေကြောင်း စစ်ရှောင်စခန်း မှ အမည်မဖော်လိုသည့် ပြည်သူတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီ အာဏာသိမ်းကတည်းက ကျနော်တို့ ထောက်ပံ့မှု မရတော့ဘူးလို့တော့ပြောပါတယ်၊အရင် တုန်းဆို ထောက်ပံ့ကြေးမရလည်း ကျနော်တို့ သူများအလုပ်သမားသွားလုပ်တယ်၊ နေ့စားငှားလုပ်တယ် ဆိုတော့ အဆင်ပြေပါတယ်၊ အခု ကိုဗစ် ဖြစ်လာတော့ ကျနော်တို့ဘယ်မှ သွားလို့ မရတော့ဘူး၊ ဘယ်သူ မှလည်း မခေါ်တော့ဘူးလေ” ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ်နှင့် အခြားမြို့နယ်ဒေသများမှ လွယ်မှုန်ဆာ စစ်ရှောင်စခန်းကို ပုံမှန်ထောက် ပံ့ပေးနေသည့် အလှူရှင်များလည်း အရင်လိုမရှိသည့်အတွက် ရှေ့ရေးအတွက် နေထိုင်စားသောက်ရေး အတွက် အလွန်ခက်ခဲနေကြောင်းလည်း ၎င်းပြောသည်။

“အရင်က ကျနော်တို့ လွယ်မုန်ဆာ စစ်ဘေးရှောင်စခန်းကို ကွတ်ခိုင်မြို့က စေတနာရှင်နဲ့ အခြား ဒေသက အလှူရှင်တွေလာပြီး ထောက်ပံ့လှူဒါန်းပေးတာရှိခဲ့ပါတယ်၊ အခုတော့အလှူရှင်တွေလည်း မလာတော့ ကျနော်တို့မှာ ဆန်ကိုပွအောင်ချက်ပြီး ချွေတာ စားသောက်နေရတယ်၊ ရှေ့ဆက်ဒီအတိုင်းသာဖြစ် မယ်ဆို အားလုံးက ငတ်ကြတော့မယ်” ဟု ပြောသည်။

ကွတ်ခိုင်မြို့အနီးက လွယ်မုန်ဆာ စစ်ဘေးရှောင်စခန်းသည် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက တအာင်းအမျိုး သား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ် မြောက်ရေး တပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေး လာကြသည့် စစ်ဘေးရှောင်များ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...