စစ်ကောင်စီ မှ မိသားစုဝင်(၃)ဦး ဖမ်းဆီး၊ ကျပ်သိန်း(၁၅၀)ပေးပြီးသော်လည်း ပြန်မလွှတ်သေး

သျှမ်ပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် နေထိုင်သည့် မိသားစုဝင် (၃)ဦးကို စစ်ကောင်စီ မှ ဖမ်းဆီးသွားခဲ့ပြီး၊ ပြန်လည်လွှတ်ပေးရန် ကျပ်သိန်း (၁၅၀)ပေးဆောင်ခဲ့သော်လည်းပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် မေ ၃၁ရက် ညနေ (၃)နာရီ တွင် တောင်ကြီးမြို့ ဆေးခန်းသွားပြရန်သွားသည့် ဦးမျိုးဝင်း မောင်းနှင်လာပြီး ဒေါ်ဝင်းမာ နှင့် သမီးဖြစ်သူ မသက်ဖူးဇင်တို့ ၏ မော်တော်ကား ကို စစ်ကောင်စီ အုပ်စုမှ အကြောင်းပြချက်မရှိ တားပြီး ထိုမိသားစုဝင် (၃)ဦးကိုဖမ်းဆီးသွားခဲ့သည်။

ထိုဖမ်းဆီးပြီးနောက် မိသားစုဝင် (၃)ဦး ပြန်လွှတ်ရန် အတွက် စစ်ကောင်စီကို ငွေကျပ် သိန်း (၁၅၀)ပေးဆောင်ခဲ့သော်လည်း ယနေ့ အချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့နေ့က အဖေဖြစ်သူကို ဆေးခန်းပြဖို့ သွားကြတာ၊ ရှေ့ကသွားနေတဲ့ စစ်ကားတစ်စီးကို ကျော်ပြီးမောင်းလို့ ဆိုပြီး သူတို့ကားကို တားပြီး မိသားစု တစ်ခုလုံးကို ဖမ်းသွားတော့တာပဲ၊ ဖမ်းပြီးတဲ့နောက်မှာ စစ်သားတစ်ယောက်က မဖူးသက်ဇင်ရဲ့ ဖုန်းနဲ့ သူတို့ကိုလွှတ်ပေးစေချင်ရင် တစ်ယောက်ကို သိန်း ၅၀၊ စုစုပေါင်း သိန်း ၁၅၀ ပေးရမယ်ဆိုလို့ ငွေကြေးကိစ္စကို ကျနော်တို့ ပေးပြီးတာတောင် မလွှတ်ပေးသေးဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မဖူးသက်ဇင်တို့ မိသားစုသည် နှစ်လအကြာ ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်များလည်း ပြတ်တောက်သွားကြောင်းသိရသည်။

“သူတို့ကို ပိုက်ဆံပေးပြီးတဲ့နောက် ဖုန်းပါသိမ်းလိုက်တာထင်တယ်၊ အဲ့ကနေစပြီးတော့ ဘယ်လိုမှ ဆက် သွယ် လို့ မရတော့ဘူး၊ သူတို့ကို ဘယ်နေရာမှာ ခေါ်သွားပြီး ဘယ်လို ဖမ်းထားလဲဆိုတာလည်း မသိရဘူး၊ စုံစမ်းတာလည်း နေရာစုံနေပါပြီ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ဦးဝင်းမောင်တို့ မိသားစုသည် တောင်ကြီးမြို့တွင်းတွင် နေထိုင်ကြသူများဖြစ်ကြပြီး ဦးဝင်းမောင်ကိုယ်တိုင် ရောဂါအခံရှိသူ တစ်ဦးဖြစ်သည့် အပြင် သမီးဖြစ်သူ မဖူးသက်ဇင်ကလည်း ငယ်ငယ်ကတည်းက နှလုံးအား နည်းတဲ့ ရောဂါအခံရှိနေသည့် အတွက် ၎င်းတို့ မိသားစု အတွက် စိုးရိမ်စိတ်ပူနေကြောင်း ၎င်းမိသားစုဝင်နှင့် နီးစပ်သူတစ်ဦး က ပြောသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် တောင်ကြီးမြို့မှ အရပ်သား (၂၀၀) နီးပါး ဖမ်းဆီးခံရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...