တောင်ကြီးမြို့နယ် လူငယ် ၂၀ နီးပါး ကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီ က ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့် အေးသာယာမြို့ အနီးပတ်ဝန်းကျင်ရှိ ကျောင်းသားလူငယ်များနှင့် ပရဟိတလုပ်ငန်းများ လုပ်ဆောင်သည့် လူငယ်များကို PDF များဟု ပြောဆို စွပ်စွဲကာ စစ်ကောင်စီများက လိုက်လံ ဖမ်းဆီးမှုများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ အတွင်းတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့် အေးသာယာမြို့ အနီးပတ်ဝန်းကျင်ရှိ လူငယ် များ အယောက် ၂၀ နီးပါး ကို စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းမှုကို တော်လှန်ဆင့်ကျင်နေသည့် လူငယ်များဖြစ်ကြသည် ဟု စစ်ကောင်စီက စွပ်စွဲကာ အကြမ်းဖက် ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ လူငယ်များသည် ကျောင်းသားများနှင့် ပရဟိတ လုပ်ငန်းများကို လုပ်ဆောင်နေသည့် သူများသာ ဖြစ်ကြပြီး ၎င်းတို့ကို စစ်ကောင်စီတပ်သားများ လာရောက်ဖမ်းဆီးချိန်တွင် မည်သည့် လက်နက်များမှမတွေ့ရှိသော်လည်း မတရားစွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ အဖွဲ့ဝင် တစ်ဦး ကပြောသည်။

“စစ်ကောင်စီတွေက လူတွေကို ဖမ်းချင်တိုင်း ဖမ်းနေကြတာ၊ လူငယ်တွေကိုလည်း PDF လို့ စွပ်စွဲပြီး ဖမ်းခေါ် သွားတာ၊ သူတို့ဖမ်းတုန်းက လူငယ်တွေမှာ ဘာလက်မှပါသွားတာ မဟုတ်ဘူး၊ သူတို့လက်ထဲရောက်မှ လက်နက်နဲ့ မိတယ် ဘာညာဆိုပြီး လုပ်ဇာတ်တွေ ဖန်တီးကြတာ” ဟု တောင်ကြီးမြို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီမှ လူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားသည့် အချိန်တွင် လက်နက်ခဲယမ်းများနှင့် တွေ့ရှိပြီး ဖမ်းခေါ်သွားခြင်း မဟုတ်သော်လည်း ၎င်းတို့လက်ထဲ ရောက်သွားသည့်လူငယ်များကို လက်နက်များနှင့် ဖမ်းမိကြောင်း မဟုတ်မမှန်သည့် စွပ်စွဲချက်များဖြင့် ပုဒ်မများကို တပ်ကာ အရေးယူ ထောင်ချခြင်းများ ပြုလုပ်နေကြောင်းလည်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

“အာဏာသိမ်းတဲ့ ၅ လကျော် ကာလအတွင်းမှာ ဒီတိုင်းလမ်းသွားနေတဲ့ ပြည်သူတွေ လူငယ်တွေကို ဖမ်းပြီး ကြိုက် သလို ပုဒ်မတပ်နေတာလေ၊ ပြီးတော့ လက်နက်တွေနဲ့ ဖမ်းမိတာလည်း မဟုတ်ပါနဲ့ တခြားသူတို့ လက်နက်နဲ့ ပြပြီး လက်နက်တွေနဲ့ဖမ်းမိထားပါတယ်တဲ့ ၊သတင်းတွေကိုလည်း ကြိုက်သလို လွင့်နေတာ ဆိုတော့ သူတို့ပြော စကားကိုတော့ ဘာမှယုံလို့မရဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကောင်စီ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီး မတရားပုဒ်မ တပ်ကာ စွပ်စွဲထောင်ချသည့် လူငယ်များတွင် ပရဟိတ သမားများလည်း ပါဝင်နေကြောင်း နှင့် ပက်သက်ပြီး တောင်ကြီးမြို့နယ် အတွင်း လုပ်ဆောင်နေသည့် ပရဟိတ သမားဖြစ်သူ ကိုအောင်နွေဦး (နာမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ယခုလို ပြောပြထား သည်။

“မနေ့ညက စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက စေတနာ့ဝန်ထမ်းတွေ လာပြီးလုပ်အား ပေးကြပါ ဆိုပြီးတော့မှ အရှက်မရှိ ကြေညာရဲသေးတယ်။ ကျနော်တို့ စေတနာ့ဝန်ထမ်းတွေ လူငယ် တွေက ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီနေပေးနေချိန်ကျတော့ ကျန်းမာရေးဝန်ထမ်းပါမချန် သူတို့စစ် ကောင်စီက ဖမ်းဆီးနှိပ်စက်တယ်၊ ရိုက်နက်တယ်ဆိုတော့ သူတို့အတွက် ဘယ်သူက လုပ်ပေးချင် တော့မှာလဲ” ဟု ကိုအောင်နွေဦးက ပြောသည်။

စစ်ကောင်စီ လက်ထက်တွင် တောင်ကြီးမြို့ အရပ်သား(၂၀၀) နီးပါး ကို စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အေးသာယာတွင် စစ်မှုထမ်းဥပဒေ အကြောင်းပြ ငွေကြေးနှစ်ထပ်ကောက်ခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့နယ် အေးသာယာမြို့သစ်တွင် စစ်မှုထမ်းဥပဒေအတွက်ဟုဆိုကာ ငွေကြေးကော်ခံရာ၌ အိမ်ထောင်ခွဲသွားသူများကို နှစ်နေရာခွဲ၍ ငွေတောင်းခံနေသဖြင့် ဒေသခံများ အခက်တွေ့နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ အေးသယာမြို့ရှိ ရပ်ကွက်အချို့တွင် အိမ်ထောင်စုရင်းဝင် သားသမီးများ အိမ်ထောင်ခွဲသွားသော်လည်း မူလမိဘနေအိမ်တွင် တစ်ကြိမ်၊ အိမ်ထောင်ကျရာ ရပ်ကွက်/ ကျေးရွာတွင် တစ်ကြိမ် စုစုပေါင်း နှစ်နေရာအတွက်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...