Saturday, April 20, 2024

လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး ကိုယ့်ကိုယ်အဆုံးစီရင်

Must read

သျှမ်းပြည်တောင်ပိုင်း ခရိုင်အတွင်းလှုပ်ရှားနေသည့် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦး ကိုယ်ကိုယ့်အဆုံးစီရင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

Photo Credit to Homong Youth- ထိုင်း-သျှမ်းနယ်စပ်ရှိ ဟိုမိန်းဒေသ

ဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက် မနက်ပိုင်း ( ၆) နာရီ အချိန် သျှမ်း-ထိုင်းနယ်စပ် ဟိုမိန်းမြို့ သို့ရောက်ရှိလှုပ်ရှားသည့် ကွန်ဟိန်းမြို့နယ် တာ့ကော့အခြေချစိုက် တပ်မ ခလရ( ၂၆၉) မှ အရာရှိ ဗိုလ်ကြီးတစ်ဦး မိမိကိုယ်ကို သေနတ်ပစ်ခတ်ပြီး အဆုံးစီရင်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။

“ အဲအရာရှိဗိုလ်ကြီး ဘာကြောင့် သူကိုယ့်သူ သတ်သေတာလဲတော့မသိဘူး။ စိတ်ဖိစီးမှုတခုခုကြောင့်လို့တော့ထင်တယ်။ သူကိုယ့်သူ သတ်သေသွားတာတော့ ဟုတ်တယ်။” ဟု ဟိုမိန်း ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါဗိုလ်ကြီးသည် ဟိုမိန်းမြို့နယ် နားမွန်းအွန်ကျေးရွာရှိ BP7 တပ်တွင် မိမိကိုယ်ကိုသတ်သေခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း စစ်အုပ်ချုပ်မှုကို သဘောမကျသောကြောင့် စစ်သားများ တပ်တွင်း စွန့်ခွာမှုများရှိခဲ့ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article