တောင်ကြီးမြို့ ဒေသခံ အမျိုးသမီး(၄)ဦး နှင့်အမျိုးသား(၂)ဦး စစ်ကောင်စီမှ ဖမ်းဆီးသွား

သျှမ်းပြည် မြို့တော် တောင်ကြီးမြို့တွင် ညကြီးအချိန်မတော် အမျိုးသမီးများကို စစ်ကောင်စီများက လိုက်လံ ဖမ်းဆီးကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ည ဇူလိုင်လ ၁၁ နာရီ အချိန်ဝန်းကျင်မှ ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ မနက် ၄ နာရီအထိ တောင်ကြီး မြို့နယ်အတွင်း စစ်ကောင်စီတပ်သားများက တောင်ကြီးမြို့ ရပ်ကွက်များထိ ဝင်ရောက်စီးနင်းကာ အမျိုးသမီး ၄ ဦး အမျိုးသား ၂ ဦးတို့ကို အကြမ်းဖက် ဖမ်းဆီးသွားကြောင်း သိရသည်။

“ည ၁၁ နာရီခန့်မှာ ရတနာသီရိရပ်ကွက်ဖက်က အထက ၉ သုံးလမ်းဆုံနားမှာ စစ်သားနဲ့ ရဲတွေက အိမ်စီး ကားတွေ ၁၀ စီးနဲ့ ရပ်စောင့်နေကြတာ၊ အရပ်ဝတ်ထားတဲ့ စစ်သားနဲ့ ရဲတွေကလည်း များတယ်၊ ရပ်ကွက်ထဲ လမ်းကြိုလမ်းကြားကို ဓါတ်မီးနဲ့ထိုးကြည့်ပြီးရပ်ကွက်ထဲဝင်တာ သူတို့အင်အားက ၃၀ နီးပါးလောက်ရှိတယ်၊ လင်မယားနှစ်ဦးကို ဖမ်းခေါ်သွားတယ်” ဟု တောင်ကြီးမြို့နေ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့နောက် မိနစ် ၄၀ ခန့် ကြာချိန်တွင် အင်အား ၂၀ ကျော်ခန့်ရှိ စစ်ကောင်စီ တပ်သားတို့က ချမ်းမြသာစည် ရပ်ကွက် နယ်မြေ ၅ မှ နေအိမ်တစ်အိမ်ကို ဝင်ရောက်စီးနင်းကာ လင်မယားနှစ်ဦး ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း လည်း ၎င်းက ပြောသည်။

“သူတို့စဝင်လာတုန်းက နေအိမ်ကို ချက်ချင်းမသိလို့ ထင်တယ်၊ အော်ဟစ်ဆဲဆိုပြီး ရပ်ကွက်ဒလန်သတင်းပေးမှု ကြောင့်ပဲ သူတို့က အိမ်ကိုသိသွားပြီး စကားများသံကြားမိတယ်၊ ပြီးတော့ ဖုန်းတောင်းတာ မပေးလို့ ဆိုပြီး လင်မယား နှစ်ယောက်စလုံးကို ဖမ်းခေါ်သွားတာပဲ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ယမန်နေ့တွင် စစ်ကောင်စီ မှ အမျိုးသမီးများကို ဦးတည်ပြီးဖမ်းဆီးနေကြာင်း၊ ထိုဖမ်းဆီးခေါ်ဆောင်သွားသည့်ထဲတွင် ကလေး ၁နှစ်သာ အရွယ်သာရှိသေးသည့် မိခင်တစ်ဦးလည်းပါဝင်ကြောင်း တောင်ကြီးဒေသခံ ကိုအောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ညက တောင်ကြီးမှာ အမျိုးသမီးတွေကိုချည်းလိုက်ဖမ်းနေတာ၊ဒီနေ့မနက် ၂ နာရီခန့်မှာလည်း ကလေးမိခင်တစ်ဦးကိုလည်း လာဖမ်းသွားတယ်၊ သူ့ကလေးက ၁ နှစ်လောက်ပဲ ရှိအုံးမယ်၊ မနက် ၄ နာရီမှာ ကျတော့ အသက် ၂၁ ဝန်းကျင် မိန်းကလေး တစ်ဦးကိုလည်း ဝင်ဖမ်းတာ၊ စစ်ကောင်စီတွေက လူစိတ်ပျောက်နေကြပြီ” ဟု ကိုအောင် ကဆိုသည်။

ဇူလိုင်လအတွင်းတွင် တောင်ကြီးမြို့နယ်အတွင်းမှ လူငယ်များ ၃၀နီးပါး ဖမ်းဆီးခံရပြီး၊စစ်ကောင်စီ လက်ထက် (၅)လသာကာလအတွင်း တောင်ကြီးမြို့ နယ်အတွင်းရှိ အရပ်သား (၂၀၀)ကျော် ဖမ်းဆီးခံရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...