မိုင်းနောင်ဘက် SSYG-PDF နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်သတင်းထွက်ပေါ်ပြီး PDF တပ်ဖွဲ့များ ကွဲထွက်မှုဖြစ်

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်ဘက် တွင် ယမန်နေ့ (ဇူလိုင် ၁၅)ရက်၌ စစ်ကောင်စီတပ် နှင့် South Shan Youths Group PDF တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် PDF တပ်ဖွဲ့များမှ ကွဲထွက်မှုများ ရှိလာကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင် အချိန်တွင် သျှမ်းပြည် တောင်ပိုင်း မိုင်းနောင်ပတ် ဝန်းကျင်အနီးတစ်ဝိုက်တွင် အမြန်လမ်းမကြီးအတိုင်း မောင်းနင်းလာသော စစ်ကောင်စီတို့၏ ကားတစ်စီးကို ခြုံခို တိုက်ခိုက်ရာ စစ်ကောင်စီတို့ဖက်မှ ကားတစ်စီး ပျက်စီးဆုံးသွားရပြီး လူထိခိုက်မှုများလည်း ရှိကြောင်း South Shan Youths Group PDF က ထုတ်ပြန်ထားသည်။

ထို့တိုက်ပွဲနှင့်ပတ်သက်ပြီး မိုင်းနောင် ဒေသခံတစ်ဦး က “ တိုက်ပွဲဖြစ်တာတွေ မကြားရဘူး။ စစ်ကောင်စီ နဲ့ PDF နဲ့ တိုက်ပွဲဖြစ်ဖြစ် ၊ တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းတိုက်ပွဲဖြစ်ဖြစ် ကျနော်တို့ သိရမှာ။ ကျနော်တို့ တိုက်ပွဲနဲ့ပတ်သက်ပြီး ဘာမှ မကြားခဲ့ရဘူး” ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယမန်နေ့ တွင် လက်နက်ကြီးသံ ၊သေနတ်သံမကြားရကြောင်း၊ မိုင်းနောင်မြို့အနီးနားတွင် RCSS/SSAနှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားထားသည့်နေရာဖြစ်သဖြင့် စစ်တပ်အင်အားများအမြဲဖြန့်ထားကြောင်းမိုင်းနောင် ဒေသခံတစ်ဦးက ဆိုသည်။

ယမန်နေ့ South Shan Youth Group PDF တပ်ဖွဲ့ နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ခဲ့ခြင်း၊ စစ်ကောင်စီ ခြုံခိုတိုက်ခိုက်ခံ ရခြင်း ကိစ္စကို မိုင်းနောင်ဒေသခံများက မသိရှိရပေ။

ထို့အပြင် SSYG-PDF စာမျက်နှာတွင်လည်း စစ်ကောင်စီ ခြုံခိုတိုက်ခိုက်ခံရပြီ ကားတစ်စီ ပျက်စီးဆုံးရှုံးခဲ့သည့် ဓာတ်ပုံ၊ ဗွီဒီယိုဖိုင် တစုံတရာကိုလည်း တင်ပြနိုင်ခြင်းမရှိသည်အတွက် အဆိုပါ သတင်းမှန်ကန်မှု ရှိ၊ မရှိကို သေချာမသိရှိကြပေ။

သို့သော် SSYG-PDF တပ်ဖွဲ့သည် သျှမ်းပြည်တောင်ပိုင်း အတွင်းရှိ PDF (၈)ဖွဲ့ မှ ပူးပေါင်းဖွဲ့စည်း ထားသည့် အဖွဲ့ဖြစ်သည် ဟု ဇူလိုင် (၃)ရက်တွင် ထုတ်ပြန်ချက်တွေ့ရသည်။

ထို SSYG-PDF တပ်ဖွဲ့ကို မည်သည့် သူဦးဆောင်တည်ထောင်ခြင်း၊ မည်သည့်လူငယ်များပါဝင်ခြင်းကို သေချာမသိရှိရကြောင်းလည်း သျှမ်းပြည်သူများက ပြောဆိုလိုက်သည်။

“ SSYG=PDF က ဘယ်သူတွေ တည်ထောင်လည်းဆိုတာကိုတော့ သေချာမသိဘူး။ သျှမ်းတောင်ဘက်မှာလည်း လက်နက်ကိုင်တွေ များတယ်။ ပြည်သူစစ်ရော တိုင်းရင်းသားလက်နက်ကိုင်ရော၊ စစ်ကောင်စီရောရှိတော့ ဘယ်သူက ဘယ်သူမှန်းမသိဘူး” ဟု မိုင်းနောင် ဒေသခံ အသက် ၃၀ကျော် လူငယ်အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

SSYG-PDF တပ်ဖွဲ့ကို တချို့ က သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ (RCSS/SSA) ၊ တချို့ က သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် တချို့က ပြည်သူ့စစ်များဖွဲ့စည်းထားသည့် အဖွဲ့ဟု ထင်ရောင်ထင်မှားနေကြသည်။

ဆက်လက်ပြီး သျှမ်းတောင်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ South Shan Youth Groups PDF အဖွဲ့သည် အဆိုပါ တိုက်ပွဲဖြစ်ပွားသည့် ကိစ္စနှင့် ပက် သက်ပြီး PDF တို့ဘက်မှ ယနေ့ ဇူလိုင်လ ၁၆ ရက်နေ့ နေ့လည် ၁ နာရီကျော်တွင် ယနေ့မှစတင်ပြီး ၈ ဖွဲ့သဘောထားအားလုံးကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာချက် ထုတ်ထားသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက် ပြည်သူတို့ဖက်မှ သက်ဆိုင်ရာ နယ်မြေနိမိတ်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ဖွဲ့စည်းကြပြီး နီးစပ်ရာ အဖွဲ့အစည်းများက မဟာမိတ်အဖြစ်ပူးပေါင်း တည်ထောင်ပြီးကြောင်း ကြေညာထုတ်ပြန်ချက်များကို လူမှုကွန်ယက်စာမျက်နှာမှ တွေ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...