စစ်ကောင်စီ အုပ်ချုပ်ရေး မမှန်ကန်မှုကြောင့် ကိုဗစ်-၁၉ လူနာသေဆုံးနေရ

လက်ရှိ ကိုဗစ် ၁၉ ပြန့်ပွားမှုသည် ကျန်းမားရေးဝန်ထမ်း CDM ပြုလုပ်ခြင်းထက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးစီမံကိန်း မမှန်ကန်မှုကြောင့် ပြည်သူအများအပြားသေဆုံးနေရခြင်းဖြစ်သည် ဟု CDM ဝန်ထမ်းများက ပြောဆိုလိုက်သည်။

မြန်မာတဝှမ်း စစ်ကောင်စီ လက်ထက်တွင် ကိုဗစ်-၁၉ တတိယလှိုင်း ကြုံတွေ့နေရပြီး၊ ကူးစက်မှုနှုန်းမြင့်တက်လာကာ သေဆုံးမှုနှုန်းလည်း တရက်လျှင် ရာချီရှိသည်။

ထို့နောက် စစ်ကောင်စီ မှ ကိုဗစ်-၁၉ ကူးစက်မှုမြင့်တက်လာသည့်အတွက် လက်ရှိမှာ ဝန်နှင့်အား မမျှဖြစ်နေသဖြင့် ကျန်းမာရေး ဝန်ထမ်း နှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပါဝင်လာရန် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံလာသည်။

စစ်ကောင်စီဟာ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း NLD အစိုးရလက်ထက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့သည့် ပရဟိတလုပ်ငန်းများ၊ အဖွဲ့အစည်းရုံးများကို ဝင်ရောက်စီးနင်းရှာဖွေပြီး ပရဟိတသမားများကိုလည်း ဖမ်းဆီးခြင်း၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မများတပ် တရားဆွဲဆိုခဲ့သည်။

ထို့ကြောင့် လက်ရှိ ကိုဗစ်-၁၉ မြင့်တက်မှုသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးစီမံကိန်းသည် မမှန်ကန်သောကြောင့် ပြည်သူများ အများအပြားသေဆုံးနေရခြင်းဖြစ်သည်ဟု CDM တွင် ပါဝင်နေသည့် ကျန်းမားရေးဝန်ထမ်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကိုဗစ် ပြန်နေတာက CDM လုပ်နေတဲ့ ကျန်းမားရေးဝန်ထမ်းကြောင့်မဟုတ်ဘူးလေ။ ကိုဗစ် ပြန်ပွားနေတယ်ကို ထိန်းချုပ်ဖို့နည်းလမ်းတွေက အများကြီးရှိတယ်။ အဲလိုမလုပ်တာရှိတယ်။ ကျန်းမားရေးဝန်ထမ်းတွေက လုပ်ငန်းခွင်ပြန်သွားလို့ ကိုဗစ်က ကျသွားမှာမဟုတ်ဘူး။ ဖြစ်နေတာက သူတို့အုပ်ချုပ်မှုစနစ် မမှန်ကန်တာ” ဟု နေပြည်တော်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် CDM ကျန်းမားရေးဝန်ထမ်းတစ်ဦးက ပြောသည်။


သို့သော်လက်ရှိတွင် CDM ကျန်းမားရေးဝန်ထမ်းများက လုပ်ငန်းခွင်တွင် မသွားသော်လည်း ရောက်ရှိသည့်နေရာ အရပ်တွင် ကိုဗစ် ၁၉ အတွက် သနိုင်တလောက်ပါဝင်ထမ်းဆောင်နေကြောင်း ၎င်းက ပြောသည်။

လက်ရှိ အချိန်ထိ စစ်ကောင်စီဘက်မှ ပရဟိတအဖွဲ့များနှင့် ပြည်သူများအတွက် လိုအပ်သည့် ပစ္စည်းများကို ကူညီးထောက်ပံ့ပေးချင်တစ်စုံတစ်ရာမရှိကြောင်း မူဆယ်မြို့ ပရဟိတအဖွဲ့အစည်းတစ်ခုက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူတို့ ဒီလိုသာပြောနေတာ။ ဘာမှကူတာလဲမရှိဘူး။ နှောက်ယှက်နေတာပဲရှိတယ်။ အခုဆို အောက်ဆီဂျင်လို နေတာတောင်မှ သူတို့က ဘာမှမလုပ်ပေးနိုင်ဘူး။ ကျနော်တို့ကတော့ ပြည်သူအတွက် ဆက်လက်ပြီး ပရဟိတ လုပ်သွားမှာပါ” ဟု မူဆယ်မြို့ ကိုဗစ် ၁၉ လူနာများကို ကူညီးပေးနေသည့် အမည်မဖော်လိုသည့် အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ကျန်းမားရေးဝန်ထမ်းများ၊ ပရိဟိတ အဖွဲ့များကို ရိုက်နှိက်ခြင်း၊ အဆောက်အုံးများကို ဖျတ်ဆီးခြင်း၊ ပုဒ်မ အမျိုးမျိုးဖြင့် ဖမ်းဆီးခဲ့ကြသည်။

ထိုကြောင့် လက်ရှိတွင် ပရိဟိတ အဖွဲ့များအနေဖြင့် စစ်ကောင်စီ လက်အောက်တွင် အလုပ်လုပ်နေခြင်းမဟုတ်ပဲ၊ ပြည်သူအတွက်သာ အလုပ်လုပ်နေသည်ဟု ပရဟိတ အဖွဲ့များက ပြောသည်။

“ တကယ်တော့ပရဟိတအသင်းတွေက ဝိုင်းတော့ကူနေတယ်။ စစ်ကောင်စီတွေက ကူတုန်းကလည်း ဖမ်းဆီးနှိပ်စက်၊ စခန်းတွေဝင်စီး၊ မီးရှိုး၊ ဖျတ်ဆီး လူတွေကိုအရေးယူ ထောင်ထဲထည့်တယ်။ ကျနော်တို့ကတော့ စစ်အစိုးရလက်အောက် ကနေလုပ်တာမဟုတ်ဘဲ ပြည်သူလူထုက လှူထားတဲ့ ပိုက်ဆံအတွက်နဲ့ပဲ ပြည်သူလူထုအတွက်ပြန်လုပ်ပေးမှာပါ။” မူဆယ်မြို့ ပရိဟိတအဖွဲ့တစ်ခုက ပြောသည်။

အလားတူ ကျန်းမားရေးဝန်ထမ်းတစ်ဦးကလည်း “ ကျမတို့ ကျန်းမားရေးဝန်ထမ်းတွေဆိုတာ ပညာရှင်ပါပဲ။ လူသတ်ကောင်တွေလည်း မဟုတ်ဘူး။ တရားတဲ့ဘက်ကို ရပ်တည်တာကိုပြတာ။ သူတို့က ကျန်းမားရေးဝန်ထမ်းတွေကို သတ်ဖြတ်တာ။ ရိုက်နှက်တာ။ ဖမ်းဆီးတာတွေက တခုမှ လက်ခံနိုင်စရာအကြောင်းတွေမရှိဘူး” ဟု အထက်ပါ CDM တွင်ပါဝင်နေသည့် ကျန်းမားရေး ဝန်ထမ်းကပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ပြန့်ပွားမှုများနေသော်လည်း စစ်ကောင်စီဖက်မှ ကောင်းစွာထိန်းချုပ်နိုင်ခြင်း မရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...