Tuesday, January 27, 2026

စစ်ကောင်စီ

ထိုင်း-မြန်မာနယ်စပ်တွင် တူးဖော်နေသည့် မြေရှားနှင့်ရွေလုပ်ငန်း တရုတ်အစိုးရ ပါဝင်ပတ်သက်နေ

ထိုင်း-မြန်မာနယ်စပ် သတ္တုတွင်းလုပ်ငန်းများကြောင့် ဒေသခံ တစ်သန်းကျော်၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသော်လည်း တရုတ်အစိုးရမှ ကျောထောက်နောက်ခံ ပြုထားသော ကုမ္ပဏီတစ်ခုသည် ယင်းသတ္တုတူးဖော်မှုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည်။ တရုတ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော China Investment Mining အမည်ရ ကုမ္ပဏီသည် အာဏာသိမ်းပြီးနောက် ၂၀၂၃ နှစ်လယ်ပိုင်းကတည်းက သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်...

ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း...

“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်၊ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။ *နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည်...

နမ့်ခမ်းဒေသခံများ လေကြောင်းအန္တရာယ် စိုးရိမ်နေရ

“၁၀၂၇ စစ်ဆင်ရေး” နှစ်ပတ်လည်နေ့တွင် သျှမ်းပြည် နမ့်ခမ်းမြို့ ဒေသခံများသည် စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မည်ကို စိုးရိမ်နေကြောင်း သတင်းရရှိသည်။ ယနေ့ (အောက်တိုဘာလ ၂၇ ရက်) တွင် ကျရောက်သည့် “၁၀၂၇ စစ်ဆင်ရေး” နှစ်နှစ်ပြည့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့်...

TNLA ထိန်းချုပ် မိုင်းငေါ့မြို့ကို စစ်တပ်လေကြောင်းဗုံးကြဲ၊ သားအမိ ၂ ဦးသေဆုံးပြီး ဖခင်ဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့နယ်ရှိ မိုင်းငေါ့မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ သားအမိနှစ်ဦး သေဆုံးပြီး ဖခင်ဖြစ်သူ ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၂၀ ရက်) ည ၈ နာရီကျော်တွင် ကျောက်မဲမြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုင်းငေါ့မြို့ကို...

စစ်ကော်မရှင် ဖယ်ခုံမြို့နယ်ထဲ နေ့စဉ်ဆက်တိုက် လက်နက်ကြီးရမ်းသမ်းပစ်

သျှမ်းပြည် ဖယ်ခုံမြို့နယ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူစစ် PNO နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ နေ့စဉ်ရက်ဆက်တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာကိုစစ်ကော်မရှင်နှင့်ပအိုဝ်း ပြည်သူ့စစ် (PNO) တို့ စပြီး ထိုးစစ်ဆင် ဝင်ရောက်ခဲ့သည်။ ထို့နောက် စစ်ကော်မရှင်နှင့် PNO တို့သည့်...

စစ်ကော်မရှင်တပ်က မိုးကုတ်မြို့ ပြန်ရရှိရေး လေကြောင်းဆက်တိုက်ဗုံးကြဲ

သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁၆ ရက်) နံနက် ၇ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အရှေ့ပိုင်း အထက်ညောင်ကုန်းရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ပေါင် (၂၅၀)...

NCA (၁၀)နှစ်ပြည့်ပွဲ ကျင်းပနေစဉ် စစ်တပ်က သီပေါမြို့နယ်ကို လေကြောင်းဗုံးကြဲ ဖိအားပေးတိုက်နေ

စစ်ကော်မရှင်တပ်သည် နေပြည်တော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပနေချိန် TNLA ထိန်းချုပ်ထားသည့် သီပေါမြို့နယ်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသော သီပေါမြို့ကို စစ်ကော်မရှင်တပ်က...

ဖယ်ခုံမြို့နယ် စစ်တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တိုက်ပွဲထပ်မံဖြစ်

သျှမ်းပြည်ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO)တို့ နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့သည် ယမန်နေ့ (အောက်တိုဘာ ၁၄ ရက်) ညပိုင်းတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ လွန်ခဲ့သည့် (အောက်တိုဘာ ၁၁ ရက်)တွင်လည်း စစ်ကော်မရှင်တပ်၊PNO တို့သည် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်း ခေါင်းအီကျေးရွာအုပ်စု၊ ဘောရန်ကျေးရွာအတွင်းသို့...

တိုင်းရင်းသားများ ဖြစ်နိုင်တာကိုပဲ ပြောကြရန် NCA ၁၀ နှစ်ပြည့်ပွဲမှာ စစ်ခေါင်းဆောင်ပြော

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပနေသည်။ ယနေ့ (အောက်တိုဘာလ ၁၅ ရက်) တွင် ကျရောက်သည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို နေပြည်တော်ရှိ MICC-1 တွင်...

Latest news