လားရှိုးမြို့ပေါ် မဲသွားပေးရန် နမ့်ပေါင်ဒေသခံများကို MNDAA လက်အောက်ခံ ဆော်ဩ

သျှမ်းပြည် လားရှိုးမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာများမှ ဒေသခံများကို မြို့ပေါ်ရှိ မဲရုံများတွင် မဲသွားပေးရန် သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၅ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် နမ့်ပေါင်ကျေးရွာတွင် MNDAA လက်အောက်ခံ ရွာလူကြီးမှ ရွာသားများကို လူစုကာ လားရှိုးမြို့ပေါ်ရှိ မဲရုံများတွင် ဆန္ဒမဲသွားပေးရန် သယ်ယူပို့ဆောင်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မနေ့က မနက်ပိုင်းမှာ ကိုးကန့်လူကြီးတွေ ရွာသားတွေကို တံတားနားမှာ လူစုဖို့ ခေါ်တယ်။ မဲသွားပေးဖို့ လားရှိုးဘက်က ကားနဲ့ လာကြိုမယ်၊ လားရှိုးမှာ မဲရုံနေရာခွဲပြီး သွားပေးရမယ်လို့ ပြောတယ်” ဟု နမ့်ပေါင်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလလယ်တွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မဲရုံ ဖွင့်လှစ်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများ နှစ်ဘက်တပ်ဖွဲ့ လုံခြုံရေးရယူပြီး သွားရောက်ကြည့်ရှုခဲ့ကြောင်း ဒေသခံများက ပြောသည်။

သို့သော် လားရှိုးမြို့နယ်ရှိ MNDAA ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲလုပ်ရန် ခွင့်မပြုထားသကဲ့သို့ မဲရုံလည်း ဖွင့်လှစ်ခွင့်မပြုကြောင်း MNDAA သတင်းများ ဖော်ပြနေသည့် The Kokang တွင် သတင်းတင်ဆက်နေသူ နေဝေစိုး က ဖေ့စ်ဘုတ်လူမှုကွန်ရက်မှတဆင့် ပြန်လည်ဖြေရှင်းခဲ့သည်။

“မဲပေးဖို့ကတော့ ဒေသခံတွေ စိတ်မဝင်စားပေမယ့် ထွေအုပ်က သန်းခေါင်စာရင်း ကောက်တုန်းက စာရင်းအတိုင်း တချို့လူတွေကို ခေါ်တာဖြစ်မယ်။ အဲ့တုန်းက သန်းခေါင်စာရင်း လာကောက်တဲ့အချိန် ကိုးကန့်တွေပဲ လုံခြုံရေးယူပေးတယ်လို့ ပြောတယ်။ စာရင်းပါတာလည်း တချို့ ဝန်ထမ်းတွေပဲ” ဟု နမ့်ပေါင်ဒေသခံ ၎င်းအမျိုးသားက ဆက်ပြောသည်။

လားရှိုးမြို့ပေါ်သို့ မဲသွားပေးရန် MNDAA တာဝန်ရှိသူများက ဒေသခံများကို ပြောဆိုခဲ့သော်လည်း မည်သူက တာဝန်ယူ၍ ကြိုဆိုပို့ဆောင်ပေးမည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

လားရှိုးမြို့နယ်သည် ဒီဇင်ဘာလ (၂၈) ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်နေသော်လည်း စစ်ကော်မရှင်ဘက်မှ မြို့ပေါ်ရပ်ကွက် (၁၂) ခုသာ ထိန်းချုပ်ခွင့် ရရှိထားပြီး မြို့ပြင်ရှိ ကျေးရွာအုပ်စု အများစုကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိန်းချုပ်ထားသည်။

လားရှိုးမြို့ပေါ် ရပ်ကွက် ၁၂ ခုနှင့် ဟူးမွန်ကျေးရွာအုပ်စုတွင် မဲရုံ ၆၆ ရုံ ထားရှိပြီး မဲဆန္ဒရှင် ၁၀၇,၈၆၇ ဦး ရှိကြောင်း စစ်ကော်မရှင်လက်အောက်ခံ ခရိုင်ပြန်ကြားရေးနှင့် ဆက်သွယ်ရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၅) ရက်တွင် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုမည့် နယ်မြေစာရင်းတွင် လားရှိုးမြို့နယ်မှ ကျေးရွာအုပ်စုပေါင်း (၆၄) အုပ်စုအထိ ပါရှိသည်။

စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို ဒီဇင်ဘာလ (၂၁) ရက်၌ လားရှိုးမြို့ပေါ် (၃) နေရာတွင် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြို့တွင်း စစ်ဆေးရေးဂိတ်များ စစ်ဆေးမှု တင်းကြပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...