စစ်ကောင်စီ

“နွေဦးတော်လှန်ရေး အိပ်မက်ကြီး”နှင့် ဖွဲ့စည်းပုံအခြေခံဉပဒေ အသစ်ရေးဆွဲရေးဆီသို့

ပိတ်ဆို့တစ်ဆို့နေသော နွေဦးတော်လှန်ရေး (၅) နှစ်သားလေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဉပဒေရေးဆွဲရေး အကြပ်အတည်း အခက်အခဲများ ပြဿနာရပ်များမှ ထွက်ရပ်လမ်း ဖြစ်နိုင်ချေရှိသော နွေဦးတော်လှန်ရေး အိပ်မက်ကြီးနှင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဉပဒေ ရေးဆွဲရေးဆီသို့ နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသော အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တပ်ပေါင်းစုကြီးသည် နွေဦးတော်လှန်ရေးအတွက် နိုင်ငံရေးလမ်းညွှန်အဖြစ် ဖက်ဒရယ်ဒီမိုကရေစီ...

သဘာဝဘေးအန္တရာယ်ထက် အနိုင်ရရေးကို ဦးစားပေးသည့် ရွေးကောက်ပွဲ

စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည် မဲပေးရေးကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထုကိုမဲဆွယ်စည်းရုံးနေသော်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးကြီးသော့ချက် ပြဿနာများအား မည်သို့ ဆောင်ရွက်သွားမည်ဆိုသည်က ဖော်ပြထားခြင်း မရှိသလောက် ဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် စစ်ပွဲပဋိက္ခများ သာမက သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အကျိုးဆက်ကို ပြည်သူတို့က ခံစားနေရခြင်း...

လွိုင်လင်-မိုင်းပွန် စစ်ကော်မရှင်ဂိတ်တွင် ကုန်ပစ္စည်းများ အားလုံးချကာ ဖောက်စစ်ဆေး

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ကုန်ကားပေါ် တင်ဆောင်လာသည့် နိုင်ငံခြားထုတ် ပစ္စည်းအားလုံး ချခိုင်းကာ တစ်ခုချင်းစီ ဖောက်ထုတ်စစ်ဆေးနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းမှ စပြီး လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ကုန်ကားပေါ် တင်ဆောင်လာသည့် ဂျပ်ဖာများ၊ ကုန်ပစ္စည်းများကို...

ဖယ်ခုံ စစ်တပ်ကို ကရင်နီတပ်ပေါင်းစု တို့ ပြန်ထိုးစစ်ဆင်၊နှစ်ဘက်ထိခိုက်မှုများ

သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း တောင်စလုံးကျေးရွာနှင့် မြောက်စလုံးကျေးရွာအနီး အထိုင်ချ တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့တို့ကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့က ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ရက်တွင် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း စစ်မြေပြင်ရှိ...

သျှမ်းမြောက်မှာ “၁၀၂၇ စစ်ဆင်ရေး” ပြီးဆုံးပြီလား။

အာဏာသိမ်းစစ်အုပ်စုကို နယ်မြေအများအပြား ဆုံးရှုံးစေခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး”သည်  လက်ရှိတွင် အဖွဲ့ဝင်အချို့ စစ်ကော်မရှင် နှင့် အပစ်အခတ်ရပ်စဲကြပြီ ဖြစ်သည်။ အဆိုပါ “၁၀၂၇ စစ်ဆင်ရေး”ကြောင့် သျှမ်းပြည်မြောက်ပိုင်း နှင့် မန္တလေးတိုင်းအတွင်းရှိ မြို့ပေါင်း ၂၀ ကျော်ကို စစ်အုပ်စုထံ...

နယ်စပ်က စက်ချုပ်သံများ

တရုတ်နယ်စပ် အထည်ချုပ်စက်ရုံ၏ အေးစက်စက် ကြမ်းပြင်ပေါ်တွင် မေဇင် (အမည်လွှဲ) ရပ်နေသည်။ သူမ၏ မျက်လုံးများက စက်မှုလုပ်ငန်းသုံး မီးချောင်းများအောက်တွင် မှုန်မှိုင်းနေသော်လည်း သူမ၏ အတွင်းစိတ်က လားရှိုးမြို့ရှိ ပျက်စီးသွားသော အမေ့အိမ်လေးဆီသို့ တစ်စထက်တစ်စ ပြန်လည်ရောက်ရှိနေသည်။ အသက် ၂၉ နှစ်အရွယ် မေဇင်သည် တစ်ချိန်က လားရှိုးတွင် အေးချမ်းသော...

“စစ်အုပ်စုကတော့ ဥပဒေရော အကြမ်းဖက်မှုပါ သုံးပြီး လူထုကိုဖိနှိပ်မှာ ဖြစ်တယ်”

စစ်ကော်မရှင်သည် အတုအယောင် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ပြီး အပိုင်းသုံးပိုင်းခွဲကာ ကျင်းပသွားမည်ဟု ကြေညာထားသည်။ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပသွားမည် ဖြစ်ပြီး အပိုင်း (၂)...

” ဒီရွေးကောက်ပွဲမှာ ဘာမှအားကိုးလို့ မရဘူး။ ကျနော်တို့ အားကိုးနိုင်တာကတော့ တိုင်းရင်းသားအချင်းချင်း ညီညီညွတ်ညွတ် ကိုယ်ရှိတဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ဖို့ ထိန်းသိမ်းဖို့ တိုက်ယူဖို့ အဲတာကို ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားရမှာပေါ့။”

သျှမ်းပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေး အပြောင်းအလဲတွေကြားမှာ “၁၀၂၇ စစ်ဆင်ရေး” က အပြောင်းအလဲကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ “၁၀၂၇ စစ်ဆင်ရေး”အတွင်းမှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဖြစ်တဲ့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့က နယ်မြေအများအပြား ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တရုတ်ဖိအားပေးမှုနှင့် စစ်တပ်၏...

စစ်ရေးမတည်ငြိမ်မှုကြား လားရှိုးတက္ကသိုလ်ပြန်ဖွင့်နိုင်ရေး စစ်ကောင်စီပြင်ဆင်နေ

သျှမ်းပြည်မြောက်ပိုင်း မြို့တော် လားရှိုးမြို့တွင် စစ်ရေးမတည်ငြိမ်မှုများကြားမှပင် လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ပြင်ဆင်နေကြောင်း ဒေသခံ ကျောင်းသူ ကျောင်းသားများ ပြောပြချက်အရ သိရသည်။

လားရှိုးမြို့တွင် TNLA နှင့် စစ်ကောင်စီ ထပ်မံဆွေးနွေးခဲ့၊ တပ်ဆုတ်မည့်အစီအစဉ် အတည်မပြုနိုင်သေး

သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကောင်စီနှင့် TNLA နှစ်ဘက်ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံပြီး မိုးကုတ်မြို့၊ မိုးမိတ်မြို့တို့မှ တပ်ဆုတ်မည့် အစီအစဉ်ကို ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။

Latest news