စစ်ကောင်စီ
ရွာငံတွင် ဒေသခံများကို စစ်ကော်မရှင်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှု ရှိနေ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ် အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးကာ ဒေသခံများကို လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်တွင် ရွာငံမြို့နယ် မြောက်ဘက်ရှိ တပင်ပျော်ကျေးရွာ အုပ်စုတွင် စစ်ကော်မရှင်တပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ...
ကျောက်မဲ သံဃာတစ်ပါးနှင့် မိသားစု ၃ ဦးကို စစ်တပ် သေနတ်ပစ်သတ်၊ ၁၆ နှစ်သမီး မုဒိမ်းကျင့်သတ်ခံရ
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲ ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်သားများသည် သံဃာတစ်ပါးနှင့် သားအမိ(၃)ယောက်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ထိုထဲတွင် အသက်(၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦး မုဒိမ်းကျင့်သတ်ခံထားရကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၂၄ ရက် နေ့လယ် ၁၁ နာရီခန့်တွင် ကျောက်မဲမြို့နယ်အတွင်း TNLA ပူးပေါင်းတပ်နှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့်...
ကျောက်မဲ၊ သီပေါတွင် စစ်ကော်မရှင်တပ် စရဖ နှင့် သတင်းပေး (၁၀) ဦးကျော်ကို TNLA ဖမ်းမိ
သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့တွင် သတင်းထောက်လှမ်းယူခဲ့သော စစ်ကော်မရှင်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူ (၁၀) ဦးကျော်ကို ဖမ်းဆီးရမိကြောင်း TNLA က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ စစ်ကော်မရှင် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူများသည် TNLA...
ကျောက်မဲမြို့နယ် နောင်ပိန်အနီး အလောင်း(၆)လောင်းထက်မနည်းတွေ့
SHAN -
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်တွင် ရုပ်အလောင်း (၆)လောင်းထက်မနည်း တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ တတိယပတ်အတွင်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ ကျေးရွာများ၌ စစ်ကော်မရှင်တပ် လာရောက်တပ်စွဲခဲ့စဉ် ၎င်းတို့ ခေါင်းဖြတ်ထားသည့် အလောင်းများ (၆) လောင်း ထက်မနည်း မြေဩဇာအိတ်များထဲ ထည့်ကာ စွန့်ပစ်ထားသည်ကို စစ်ကော်မရှင်တပ်သားများ ပြန်လည်ထွက်ခွာသွားပြီးနောက်...
တောင်ကြီး အဝေးသင်တက္ကသိုလ်ကျောင်းသူကို ဦးတည်ပြီး ဆိုင်ကယ်လုယက်နေ
သျှမ်းပြည် တောင်ကြီးမြို့တွင် အဝေးသင်တက္ကသိုလ် လာတက်နေသူများကို ဦးတည်ပြီး ဆိုင်ကယ်လုယက်မှုများ ခပ်စိပ်စိပ် ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၂၃ ရက်) ညနေပိုင်းတွင် တောင်ကြီးမြို့ မီးသတ်လမ်းကြားထဲ အမျိုးသားနှစ်ဉီးမှ လူပြတ်ချိန်၌ ဆိုင်ကယ်ဆီပြတ် ဟန်ဆောင်ပြီး၊ ဆိုင်ကယ်မောင်းလာသူများကို တားကာ ဖုန်းနှင့် လက်ဝတ်ရတနာများ လုယက်နေကြောင်း...
ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာပေါ်ထိုးဖောက်ရန် တရုတ်ကြိုးပမ်း
တရုတ်နိုင်ငံက အကောင်အထည်ဖော်နေသည့် ပိုးလမ်းမစီမံကိန်း BRI ကို လူထုလက်ခံလာရေး ဆိုရှယ်မီဒီယာမှတဆင့် ထိုးဖောက်ရန် သက်ဆိုင်ရာနိုင်ငံများမှ အင်တာနက်ပေါ် နာမည်ကြီးသူများကို ဖိတ်ခေါ်ကာ ယူနန်ပြည်နယ်တွင် မီဒီယာဖိုရမ် ကျင်းပပြုလုပ်ခဲ့သည်။ စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တွင် ယူနန်ပြည်နယ် ကူမင်းမြို့၌ ပိုးလမ်းမစီမံကိန်း BRI နှင့်...
ဒေသတွင်း သတင်းဌာနပုံစံကို တုပပြုလုပ်ပြီး သတင်းအမှားဖြန့်
သျှမ်းပြည်အခြေစိုက်သတင်းဌာန တခုဖြစ်သည့် သျှမ်းသံတော်ဆင့်သတင်းဌာန၏ သတင်းပုံစံကို တုပပြုလုပ်ပြီး လုပ်ကြံဖန်တီးကာ သတင်းအမှားများ ဖြန့်ချိနေပါသည်။ အဆိုပါသတင်းအမှားများကို “ရှမ်းပြည်နယ်ဖက်ဒရယ် ဒီမိုကရေစီသတင်းစုံ” ဆိုသည့် စာမျက်တခုမှ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖြန့်ဝေထားခြင်း ဖြစ်သည်။ ၎င်းက “TNLA အရာရှိကြီးများတချို့ ကျောင်းနေအရွယ် ကလေးငယ်တွေကို အသုံးချပြီး မူးယစ်ဆေးများ သယ်ယူပို့ဆောင်ခိုင်းနေကြောင်းစစ်ဆေးတွေ့ရှိ”...
လားရှိုးရောက်စစ်ရှောင်များကို သျှမ်းပြည်ဝန်ကြီးချုပ် က ဆန်၊ဆီ ဟန်ပြ လာလှူ
သျှမ်းပြည် လားရှိုးမြို့ရောက် စစ်ဘေးရှောင်များအတွက် သျှမ်းပြည်ဝန်ကြီးချုပ် လှူဒါန်းခဲ့သည့် ဆန်အိတ်နှင့် ဆီပုံးများကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများက ပြန်သယ်ယူသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်) တွင် လားရှိုးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအတွက် စစ်ကော်မရှင်ခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင် လှူဒါန်းခဲ့သည့် ဆန်အိတ် (၁၄၀)...
လားရှိုးမြို့ထဲ စစ်ကော်မရှင်တပ်နှင့် MNDAA ထပ်မံတွေ့ဆုံဆွေးနွေး
သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကိုယ်စားလှယ်များ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်သို့ ကိုးကန့်တပ်ဖွဲ့ MNDAA လုံခြုံရေးယာဉ်တန်းများ ဝင်ရောက်လာပြီး ဆင်နှစ်ကောင်ဟိုတယ်တွင် စစ်ကော်မရှင်တပ်နှင့် MNDAA...
TNLA ထိန်းချုပ် မိုးကုတ်မြို့အရှေ့ပိုင်း စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲ၊ နေအိမ် ၅ လုံးပျက်စီး
သျှမ်း-မန္တလေးနယ်စပ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ နေအိမ် (၅) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက် ၇ နာရီကျော်တွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့...





