စစ်ကော်မရှင်တပ်က မိုးကုတ်မြို့ ပြန်ရရှိရေး လေကြောင်းဆက်တိုက်ဗုံးကြဲ

သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

ယနေ့ (အောက်တိုဘာ ၁၆ ရက်) နံနက် ၇ နာရီခွဲခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အရှေ့ပိုင်း အထက်ညောင်ကုန်းရွာကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံးနှစ်လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့ရာ ကြက်ခြံနှင့်နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးနှစ်လုံး လာကြဲသွားတယ်၊ အထက်ညောင်ကုန်းက ကြက်ခြံမှာ ကျကွဲလို့ ဒီတခေါက် လူမထိဘူး။ မနက်အစောပိုင်း လာကြဲတာဆိုတော့ ထမင်းအိုးပဲ ဆက်တည်ရမလား၊ ထွက်ပဲ ပြေးရမလား အဲ့တုန်းက စဉ်းစားမထွက်ဘူး”ဟု မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ အောက်တိုဘာလ ၁၂ ရက်ကလည်း TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နှင့် မိုင်းလုံမြို့အကြားကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ လယ်ကြီးကျေးရွာအနီး ဗုံးတစ်လုံးနှင့် ပဇီကျေးရွာအနီး ဗုံးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် (၄) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်တွင် စစ်ကော်မရှင်တပ်သည် နောင်ချိုမြို့ကို TNLA လက်ထဲမှ ပထမဆုံးမြို့အဖြစ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ပြင်ဦးလွင်-နောင်ချို-မိုးကုတ်လမ်းမကြီးတလျှောက် ၂ လကျော် မြေပြင်စစ်ကြောင်းထိုးကာ လေကြောင်းဖြင့်လည်း ဖိအားပေး တိုက်ခိုက်နေသည်။

အခြားတစ်ဘက်တွင် ဩဂုတ်လ ၂၇ ရက်၌ စစ်ကော်မရှင်နှင့် TNLA တို့ တရုတ်နိုင်ငံ ကူမင်းမြို့ တွေ့ဆုံဆွေးနွေးပွဲတွင် TNLA ဘက်က ၎င်းတို့ထိန်းချုပ်ထားနိုင်သည့် ကျောက်မဲနှင့် သီပေါမြို့တို့ကို စစ်ကော်မရှင်ထံ ပြန်လွှဲအပ်ပေးမည်ဟု ကမ်းလှမ်းပြောဆိုခဲ့သော်လည်း စစ်ကော်မရှင်ဘက်က ပြန်လည်တိုက်ယူမည်ဟု သတင်းထွက်ပေါ်ခဲ့သည်။

ထို့နောက် နောင်ချိုမြို့မှတဆင့် စစ်ကော်မရှင်တပ်သည် ကျောက်မဲ၊ သီပေါမြို့ဘက်သို့ မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ကျောက်မဲမြို့ကို TNLA လက်ထဲမှ အောက်တိုဘာလ ၁ ရက်တွင် ဒုတိယမြို့အဖြစ် ပြန်လည်ထိန်းချုပ်ခဲ့သည်။

ယမန်နေ့ (အောက်တိုဘာ ၁၅ ရက်) တွင် သီပေါမြို့ထဲသို့လည်း စစ်ကော်မရှင်တပ်သားများ စတင်ဝင်ရောက်ခဲ့ကြောင်း ဒေသခံများ ပြောဆိုနေခြင်းကြောင့် TNLA မှ စစ်ကော်မရှင်ထံ လက်လွှတ်ဆုံးရှုံးနိုင်ချေရှိသည့် တတိယမြို့ ဖြစ်လာသည်။

မိုးကုတ်မြို့နယ် စစ်တပ်ဗုံးကြဲ

“တရုတ်နဲ့ ကုန်သွယ်ရေးပြန်စဖို့ အဓိက လမ်းမကြီးတွေ စစ်ကောင်စီ ပြန်လိုချင်မှာပဲ။ သီပေါနဲ့ ကျောက်မဲ ရပြီးတော့ မိုးကုတ်ပါ မရတော့ တိုက်ယူမယ် ဆိုတာမျိုး ဖြစ်လာတယ်လို့ ထင်တယ် တရုတ်ကလည်း စကစနဲ့ TNLA ကို အပစ်ရပ်ဖို့ တစ်ခုခု သဘောတူဖို့ နားချလိမ့်မယ်”ဟု သျှမ်းပြည်မြောက်ပိုင်းမှ စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

စစ်ကော်မရှင်တပ်သည် TNLA ထိန်းချုပ်ထားသည့် မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံမြို့နယ်များပါ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေခြင်းကြောင့် တရုတ်-မြန်မာ နယ်စပ်အနီးရှိ နမ့်ခမ်းမြို့ဘက်လည်း လေကြောင်းအန္တရာယ် သတိထားနေရကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် သျှမ်း-မန္တလေးနယ်စပ်ရှိ မိုးကုတ်လမ်းပိုင်းကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး မန္တလေး-မိုးကုတ်လမ်းကိုလည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းကြောင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲနေ့စဉ် ဖြစ်ပွားနေသည်။

စစ်ကော်မရှင်တပ်သည် နေပြည်တော်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA (၁၀)နှစ်ပြည့် အခမ်းအနား ကျင်းပပြီး “ငြိမ်းချမ်းရေး”ဟု ပြောဆိုနေချိန် လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ၎င်းဆုံးရှုံးလိုက်ရသည့် နယ်မြေများကို ပြန်လည်ရရှိရန် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

“နိုင်ငံကူးပတ်စ်ပို့ဂယက် ကြားက သောက”

0
ယခုရက်ပိုင်း မြန်မာနိုင်ငံကူးလက်မှတ် (Passport) ကို ကိုင်ဆောင်ပြီး ပြည်ပမှာ ရွှေ့ပြောင်းနေထိုင် နေကြတဲ့သူတွေ ကြားမှာ စိတ်မအီမသာ ဖြစ်နေကြမယ်လို့ ထင်ပါတယ်။ အဲ့ဒီ စိတ်မအီမသာမှုကို ကျနော်ကိုယ်တိုင်လည်း ခံစားနေရပါတယ်။ မြန်မာနိုင်ငံမှာ “နိုင်ငံကူးလက်မှတ်” ကို ခရီးသွားရည်ရွယ်ချက်နဲ့ သွားရောက်လုပ်ကိုင်မယ့် အခြေအနေပေါ်မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ မြန်မာနိုင်ငံရဲ့ Passport စာအုပ်က ကာဗာအနီရောင်ဖြစ်ပြီး အမျိုးအစားတွေကတော့ -• အလည်အပတ်ဆိုရင် Passport for Visit...

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

မြန်မာပြည်မှာ မီးမလာလည်း အာကာသမှာ မီးလင်းစေရမယ်

0
မြန်မာပြည်သူတွေ လျှပ်စစ်မီးမှန်မှန်မရလို့ ဖယောင်းတိုင် တွန်းနေရတဲ့ဒုက္ခကို အသုံးသတ်ဖို့အတွက် အစိုးရက အဖြေရှာလိုက်ပါပြီ။ အဲ့ဒါကတော့ မြေကြီးပေါ်မှာ မီးမပေးနိုင်ရင် အာကာသထဲကို သွားကြည့်ဖို့ပါပဲ။ လာမယ့် ၂၀၂၈ ခုနှစ်မှာ မြန်မာအာကာသယာဉ်မှူးတစ်ယောက်ကို အာကာသထဲ လွှတ်တင်တော့မယ်လို့ သမ္မတရုံး ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက သတင်းကောင်း ပါးလိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကနေ...