သဘာဝဘေးအန္တရာယ်ထက် အနိုင်ရရေးကို ဦးစားပေးသည့် ရွေးကောက်ပွဲ

စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည် မဲပေးရေးကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထုကိုမဲဆွယ်စည်းရုံးနေသော်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးကြီးသော့ချက် ပြဿနာများအား မည်သို့ ဆောင်ရွက်သွားမည်ဆိုသည်က ဖော်ပြထားခြင်း မရှိသလောက် ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် စစ်ပွဲပဋိက္ခများ သာမက သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အကျိုးဆက်ကို ပြည်သူတို့က ခံစားနေရခြင်း ဖြစ်သည်။

အထူးသဖြင့် မြန်မာ-ထိုင်းနယ်စပ်ဒေသ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် ရွှေနှင့် မြေရှားသတ္တုတူးဖော်မှု၏ အကျိုးဆက်များကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်နေပြီး လူတစ်သန်းကျော်၏ ကျန်းမာရေးကို ခြိမ်းခြောက်နေကြောင်း နှစ်နိုင်ငံသဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ထောက်ပြသည်။

ထိုသို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးကြီးသော့ချက် ပြဿနာများကို ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ အဘယ်ကြောင့် ချန်လှပ်ခဲ့သလဲဆိုသည်က ပြည်သူများ မေးခွန်းထုတ်နေသည်။

လျစ်လျူရှုခံထားရသော မြစ်ချောင်း၊ အင်းအိုင်များ

လာမည့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိင်မည့် ပါတီ ၆ ခုနှင့် တိုင်းနှင့်ပြည်နယ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၅၁ ခု စုစုပေါင်း ပါတီ ၅၇ ခု ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီအများစုသည် ရွေးကောက်တင်မြှောက်ခံရလျှင် လုပ်ဆောင်ပေးမည်ဆိုသည့် ရှေ့ဆက်လုပ်ငန်းစဉ်များအား မဲဆန္ဒရှင်ပြည်သူများသိနိုင်ရန် ရွေးကောက်ပွဲ ကြေညာစာတမ်းများကို မဲဆွယ်စည်းရုံးရေး ကာလအတွင်း အသီးသီး ထုတ်ပြန်လာကြသည်။

ထိုကြေညာစာတမ်းထဲတွင် နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် ခေါင်းစဉ်များ ပါဝင်သော်လည်း လေထုညစ်ညမ်းမှု၊ ဇီဝမျိုးစုံထိန်းသိမ်းရေးနှင့် အားနည်းသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေများပြင်ဆင်ရေး စသည့် အဓိကကျသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်ပြီး ဆောင်ရွက်မည့် ကတိကဝတ်များအား ထည့်သွင်းဖော်ပြခြင်း မတွေ့ရပေ။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့က မိုင်းဆတ်မြို့နယ် မိုးလုံလေလုံ အားကစားခန်းမတွင် ပြုလုပ်ခဲ့သောအစည်းအဝေးတွင်လည်း သျှမ်းပြည်အရှေ့ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ဥက္ကဌ လင်းဇော်ထွန်းက မိုင်းခတ်ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များနှင့်အတူ ပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၂၀၂၅ ရွေးကောက်ပွဲ မဲဆွယ်နေသည့်ပုံ

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုစိတ်ဓာတ် ထားရှိကြရန်၊ မြန်မာစာနှင့် မြန်မာစကားကို တတ်မြောက်အောင် သင်ကြားကြရန်သာ မှာကြားခဲ့သော်လည်း သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး တိကျသည့်ပြောဆိုမှုမရှိကြောင်း သိရသည်။

ထို့နောက် (USDP) ပါတီကို မည်သည့်အတွက်ကြောင့် မဲပေးသင့်ကြောင်း ဟောပြောစည်းရုံးခဲ့ပြီး မဲပေးမှုစနစ်အကြောင်းကိုလည်း ရှင်းပြခဲ့ကြောင်း ဆိုသည်။

သို့သော် မဲဆွယ်စည်းရုံးရေးကာလအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်ပြီး ဆောင်ရွက်မည့် ကတိကဝတ်များကို ပါတီများဘက်မှ ထည့်သွင့်ပြောကြားခဲ့ခြင်း မရှိသလောက် ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“သဘာဝပတ်ဝန်းကျင် ပတ်သက်ပြီးတော့ ပြောတော့ ပြောပါတယ်။ ဒါပေမယ့် မျှော်လင့်လို့မရဘူး” ဟု (USDP) ပါတီ၏ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲကို တက်ရောက်နားထောင်ခဲ့သည့် မိုင်းဆတ်မြို့ခံတစ်ဦးက ပြောသည်။

နှစ်စဉ် ရေကြီးမှုဒဏ်ခံစားနေရသော မိုင်းဆတ်မြို့တွင် နေထိုင်သူ စိုင်းခမ်း (အမည်လွှဲ) ကတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများဘက်က ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည်နိုင်ဖွယ်မရှိကြောင်း ပြောသည်။

“ဘယ်ပါတီပဲဖြစ်ဖြစ် မဲဆွယ်စည်းရုံးရေးဆင်းရင်၊ စည်းရုံးရေးကာလမှာပဲ သူတို့လုပ်ပေးမယ်လို့သာ ပြောတာ။ တကယ့် တကယ် ပြည်သူတွေ ကြုံလာရပြီဆိုရင် ဘယ်ပါတီမှ လာကူညီတာမရှိဘူး” ဟု စိုင်းခမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင်က ကျင်းပသည့်ရွေးကောက်ပွဲ အနိုင်ရပါတီများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်ပြီး ဖြေရှင်းပေးမည်ဟု ပြောကြားခဲ့သော်လည်း ပျက်ကွက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“အရင်တုန်းကလည်း ဘယ်ပါတီပဲဖြစ်ဖြစ် အဲ့လိုပဲ ဖြေရှင်းပေးမယ်ဆိုပြီး မဲဆွယ်ခဲ့ကြတယ်။ ဒါပေမယ့် ဘယ်ပါတီမှ ပြန်လည်ထူထောင်ရေး လုပ်ငန်းမှာ ကူညီပေးတာ သိပ်မရှိဘူး။ လုပ်ပေးရင်လည်း အနည်းကျဉ်းလောက်ပဲ တွေ့ရတယ်။ ပြည်သူတွေ တောင်းဆိုသလောက် လုပ်ပေးတာမရှိဘူး။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေ မယုံကြည်တော့တာ” ဟု စိုင်းခမ်းက ထပ်လောင်းပြောသည်။

အလားတူ မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးဖြစ်သည့် စိုင်းဟိန်း (အမည်လွှဲ) ကလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် ပတ်သက်ပြီး ဖြေရှင်းပေးမည့် နိုင်ငံပါတီများအပေါ်သာ မူတည်ကြောင်း ပြောသည်။

“သူတို့ (နိုင်ငံရေးပါတီ) ကို မမျှော်လင့်ဘူးလို့လည်း မပြောဘူး၊ မျှော်လင့်တယ်လို့လည်း မပြောဘူး။ သူတို့ လုပ်ပေးရင်တော့ ကိုယ်က ယူရတာပေါ့။ မလုပ်ပေးရင်တော့ ကိုယ်ဟာကိုယ် ဖြေရှင်းရတာပေါ့။ သူတို့ လုပ်ပေး၊ မပေး တာကတော့ သူတို့အပေါ်မှာပဲ မူတည်တယ်” ဟု စိုင်းဟိန်းက ပြောသည်။

လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပထမပိုင်းတွင် မြို့နယ် ၁၀၂ မြို့နယ်အနက် သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့လည်း ပါဝင်သည်။

အဆိုပါမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီ (SNDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (ခေါ်) တစညပါတီ (NUP) တို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အတုအယောင် ရွေးကောက်ပွဲနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ

နမ့်ခုတ်မြစ်ရေကို ထိုင်းအာဏာပိုင်များက ယခုနှစ် ၂၀၂၅ ဧပြီလမှစ၍ နှစ်ပတ်တစ်ကြိမ် စစ်ဆေးလျက်ရှိရာ အာဆင်းနစ် (Arsenic)နှင့် ခဲဓာတ်ပါဝင်မှုသည် ဘေးကင်းလုံခြုံရေး စံနှုန်းများထက် ကျော်လွန်နေသည်ဟု ဆိုသည်။

မိုင်းဆတ်ခရိုင်မှ မြစ်ဖျားခံသည့် နမ့်ခုတ်မြစ်သည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်နှင့် ချင်းရိုင်ခရိုင်ရှိ မြို့နယ်အချို့ကို ဖြတ်သန်း၍ မဲခေါင်မြစ်အတွင်းသို့ စီးဝင်သည်။

“ဝ”တပ်ဖွဲ့ (UWSA) ထိန်းချုပ်သော မြစ်ဖျားပိုင်းတွင် ရွှေနှင့် မြေရှားသတ္တု တူးဖော်မှုများကြောင့် ရေညစ်ညမ်းမှု၊ ရေကြီးရေလျှံမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ အပြင်းအထန် ဖြစ်ပွားနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယခုနှစ် မေလတွင် သတင်းထုတ်ပြန်သည်။

မိုင်းဆတ်မြို့နယ် မိုင်းယွန်းဒေသရှိ နမ့်ခုတ်မြစ်တစ်လျှောက် ရွှေနှင့် မြေရှားသတ္တု တူးဖော်မှုများတွင် တရုတ်အစိုးရ ကျောထောက်နောက်ခံပြု China Investment Mining ကုမ္ပဏီ အဓိကပါဝင် ပတ်သက်နေသည်ဟုလည်း ထိုအဖွဲ့အစည်းက ယခုနှစ် အောက်တိုဘာလတွင် ထပ်မံသတင်းထုတ်ပြန်သည်။

ထို့ပြင် နမ့်ခုတ်မြစ်အနီး မြေရှားသတ္တုတွင်း နှစ်ခုမှာလည်း တိုးချဲ့မှုအသစ်များ ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တရုတ်ကုမ္ပဏီများအနေဖြင့် မြေရှားထုတ်လုပ်ရာတွင် ထောင်စောင်းများအတွင်းသို့ ဓာတုပစ္စည်း ပမာဏ အများအပြား ထိုးသွင်းရသည့် သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေသာ “in-situ leaching” နည်းလမ်း အသုံးပြုနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ဆိုထားသည်။

ထိုကြောင့် မြစ်ရေကြီးမှု မကြာခဏဖြစ်ပေါ်နေပြီး စိုက်ပျိုးမြေများတွင် နုန်းတင်ပျက်စီးမှုများ ပိုမို ဖြစ်ပေါ်လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ၏ ပြောခွင့်ရ စိုင်းဟော်ရှဲန်က ပြောသည်။

ယခု စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲသည်လည်း တရားမျှတမှုမရှိသဖြင့် မည်သူ အနိုင်ရသည်ဖြစ်စေ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို စောင့်ရှောက်ရန်ဆိုသည်က ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

“ဒီရွေးကောက်ပွဲက လွတ်လွတ်လပ်လပ် ဆန္ဒမဲပေးဖို့ အခြေအနေ မရှိတော့ ပြည်သူဆီက လာတဲ့ ရွေးကောက်ပွဲ စစ်စစ် မဟုတ်ဘူး။ တရားမျှတမှု မရှိလို့ ဘယ်သူပဲ အနိုင်ရပြီး တက်လာလာ အဲ့ဒီလူက လူမှုအသိုင်းအဝိုင်းကို အကျိုးပြုဖို့၊ သဘာဝ သယံဇာတတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု စိုင်းဟော်ရှဲန်က ပြောသည်။

စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် “စစ်အုပ်စုဘက်က ရွေးကောက်ပွဲကတဆင့် တက်လာတဲ့ အစိုးရပါဆိုပြီး တရားဝင်မှု အသိအမှတ်ပြုခံချင်လို့ ကမ္ဘာကို လှည့်စားဖို့ သက်သက်လုပ်တာလောက်ပဲ” ဟု စိုင်းဟော်ရှန်က ပြောသည်။

ယခင်နှစ်များက ရွေးကောက်ပွဲတွင် အနိုင်ရဖူးသည့် နိုင်ငံရေးပါတီများလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာနှင့် ပတ်သက်ပြီး မဖြေရှင်းနိုင်သည်မှာ သျှမ်းပြည်နယ်အစိုးရ၏ အာဏာမရှိခြင်း အထူးသဖြင့် ဗဟို(နေပြည်တာ်) ချုပ်ကိုင်မှုများကြောင့် ဖြစ်သည်ဟုဆိုသည်။

“ဒီရွေးကောက်ပွဲ ရလဒ်က ဘယ်လိုလာမလဲဆိုတာ လူတိုင်း ကြိုသိနေတာပဲ၊ ဘာမှ အဓိပ္ပါယ် မရှိဘူး။ စစ်တပ်က သူ့တို့လက်ထဲမှာ အာဏာဆက်ပြီး ဆုပ်ကိုင်ထားဖို့ လုပ်တဲ့ လှည့်စားမှု တစ်ခုသာသာပဲ။ ရွေးကောက်ပွဲကလည်း အခုမှ ချက်ထားတဲ့ ဆန်အရက်ကို ပုလင်းအဟောင်းထဲ ပြန်ထည့်တာနဲ့ တူတူပဲ” ဟု စိုင်းဟော်ရှဲန်က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...