“စစ်အုပ်စုကတော့ ဥပဒေရော အကြမ်းဖက်မှုပါ သုံးပြီး လူထုကိုဖိနှိပ်မှာ ဖြစ်တယ်”

စစ်ကော်မရှင်သည် အတုအယောင် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ပြီး အပိုင်းသုံးပိုင်းခွဲကာ ကျင်းပသွားမည်ဟု ကြေညာထားသည်။

အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပသွားမည် ဖြစ်ပြီး အပိုင်း (၂) ကိုလည်း လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ မြို့နယ်၌ ကျင်းပသွားမည် ဖြစ်သည်။

အလားတူ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၃) ကို အပိုင်း (၂) အပြီး နှစ်ပတ်ခြားအကြာတွင် ကျင်းပမည်ဟု စစ်ကော်မရှင်၏ ပြောဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြောဆိုထားသည်။

ထို့ကြောင့် အပိုင်း (၃) ကို ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက်တွင် ကျန်ရှိသော မြို့နယ် ၇၂ မြို့နယ်၌ ကျင်းပမည်ဟု ခန့်မှန်းထားသည်။

လက်ရှိ စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၉၅ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅,၀၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ရွေးကောက်ပွဲ မဲပေးစနစ်

နိုင်ငံရေးပါတီများအနက် နိုင်ငံတစ်ဝန်း ဝင်ပြိုင်မည့် ပါတီ ၆ ခုမှ ကိုယ်စားလှယ်လောင်း ၃,၉၀၈ ဦး၊ တိုင်းနှင့် ပြည်နယ်မှ ဝင်ပြိုင်မည့် ၅၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၉၆၀ ဦး၊ တစ်သီးပုဂ္ဂလ ၉၅ ဦး စုစုပေါင်း ၄,၉၆၃ ဦး အမည်စာရင်းတင်သွင်းထားကြောင်း စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်သော ရွေးကောက်ပွဲဥပဒေ စတင်ပြဋ္ဌာန်းခဲ့သည့် ဇူလိုင်လမှ စတင်၍ အောက်တိုဘာလ ၂၉ ရက်အထိ အမူပေါင်း ၄၀ မှုအတွက် အမျိုးသား ၈၃ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၈၈ ဦးကို အရေးယူထားကြောင်း စစ်ကော်မရှင်က အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိ စစ်ကော်မရှင် ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူလုံခြုံရေးအပေါ် ဘယ်လိုခြိမ်းခြောက်ခံနေရလဲ၊ ရွေးကောက်ပွဲ နည်းစနစ်နှင့် ကျင်းပမည့်ပုံစံများနှင့် ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအကြောင်းတို့ကို ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ ကိုထင် (Spring Sprouts) ကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဟန်လင်းက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာထားတယ်။ အခုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးကြဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ကွင်းဆင်းလှုံ့ဆော် နေတာရှိသလို တစ်ဖက်မှာလည်း တော်လှန်ရေးအဖွဲ့တွေက ရွေးကောက်ပွဲမှာ ပြည်သူတွေ မပါကြဖို့ တားမြစ်ထားတာ တွေ့ရတယ်။ ဆိုတော့ အခုစစ်ကော်မရှင်လုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ လုံခြုံရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိလာနိုင်မလဲဗျ။

ဖြေ။ ။ စစ်အုပ်စုကတော့ ဥပဒေတွေနဲ့ရော အကြမ်းဖက်မှုနည်းလမ်းတွေကို သုံးပြီးတော့ပါ လူထုကို ဖိနှိပ်မှာ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ ပြုလုပ်ခဲ့ပြီး ပြည်သူ ၃ ထောင်ကျော်ဖြေဆိုခဲ့တဲ့ စစ်တမ်းတခုထဲမှာ ဖြေဆိုသူ ၉၆ ရာခိုင်နှုန်းက ရွေးကောက်ပွဲမှာ မဲမထည့်ဘူးလို့ ဖြေကြပါတယ်။ လူထုက မဲမထည့်ချင်ပါဘူး။ မပါဝင်ချင်ပါဘူး။ တဖက်မှာလည်း စစ်အုပ်စုရဲ့ ဖမ်းဆီးမှု၊ အကြမ်းဖက်မှု၊ စောင့်ကြည့်မှုဆိုတဲ့ ဖိအားတွေကလည်း ရှိနေတော့ မထည့်လို့မရတဲ့ အခြေအနေလည်း ကြုံကောင်း ကြုံရနိုင်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ လူထုရဲ့ ဒီအခက်အခဲကို နားလည်ဖို့ လိုပါမယ်။ လူထုရဲ့ လုံခြုံရေးကို ထိခိုက်အောင် လုပ်တဲ့ စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို မှတ်တမ်းတင်တာ၊ စောင့်ကြည့်တာကို ပိုအာရုံစိုက်ကြဖို့ လိုပါတယ်။

မေး။ ။ စစ်ကော်မရှင်လုပ်တဲ့ အီလက်ထရောနစ် မဲပေးစက်အရ မဲရုံကို လာတဲ့လူတွေကို သိနိုင်တယ်။ အကယ်၍ မဲပေးတဲ့ရက်မှာ ဘယ်သူက မဲသွားထည့်တာ၊ မဲသွားမထည့်တာတို့ဆိုရင် သိနိုင်တဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေး ဘယ်လောက်အာမခံနိုင်လဲ။ ဒီကိစ္စနဲ့ ဆက်စပ်ပြီး ပြည်သူတွေရဲ့ လုံခြုံရေး စိုးရိမ်မှုတွေက ဘယ်လို ဖြစ်လာမလဲ။

ဖြေ။ ။ အီလက်ထရောနစ်မဲပေးစက်သုံးတာ၊ အဲ့ဒေတာတွေ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ မသိရတာ၊ PSMS စနစ်ရှိနေတာတွေက လူထုရဲ့ အချက်အလက်တွေကို စစ်အုပ်စုက ချိတ်ဆက်စောင့်ကြည့်ဖို့အတွက် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ရေတို လုံခြုံရေးတင်မကပဲ ရေရှည်စုံစမ်းထောက်လှမ်းမှုအောက် ရောက်နေနိုင်တဲ့အထိ အန္တရာယ်ရှိပါတယ်။

မေး။ ။နောက်ပြီး ရွေးကောက်ပွဲတွေကို အပိုင်းလိုက် ဘာကြောင့် ကျင်းပတာလဲဗျ။

ဖြေ။ ။ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပါတာက မဲပေးစက်မလုံလောက်တာ၊ နယ်မြေတွေ မစိုးမိုးတာလိုမျိုး လက်တွေ့အခြေအနေတွေနဲ့လည်း ဆိုင်သလို၊ ရွေးကောက်ပွဲတခုနဲ့ တခုကြား ရလဒ်ကို လိုသလို ပြောင်းလဲဖို့ ကြိုးစားနိုင်တာ၊ နယ်မြေမစိုးမိုးတဲ့အခြေအနေကိုလည်း စိုးမိုးနေသယောင် ဟန်ပြလုပ်တာ၊ စစ်ရေးအရ ဖိအားပေးပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေးအထိ လုပ်တာတွေလည်း ပါဝင်ပါတယ်။ ဒီလိုအပိုင်းလိုက်လုပ်တာအတွက် ပြည်သူတွေကို အခုထိ အပိုင်း (၃) အထိ စုံအောင် ထုတ်ပြန်နိုင်တာမျိုးတွေ မရှိသေးဘူး။ သူတို့ကိုယ်တိုင်မှာကို စိုးမိုးနိုင်စွမ်း မရေမရာဖြစ်နေသေးတဲ့အနေအထား ဖြစ်နေသေးတယ်လို့ မြင်ရပါတယ်။

မေး။ ။သျှမ်းမြောက်မှာလို ပဋိပက္ခ ဖြစ်နေတဲ့ နေရာတွေမှာ ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးဖို့ ဘယ်လို အခက်အခဲတွေ ဖြစ်လာနိုင်လဲ၊ လုံခြုံရေးခြိမ်းခြောက်မှုတွေ ဘယ်လို ရှိလာနိုင်လဲ။

ဖြေ။ ။ တချို့နေရာတွေမှာ အရေးပေါ်အခြေအနေကြေညာထားတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ လုပ်ဖို့ရှိပါတယ်။ သျှမ်းမြောက်က ဒေသတွေ ပါဝင်ပါတယ်။ ရွေးကောက်ပွဲလို့ ပြောပေမယ့် အရေးပေါ်အခြေအနေအောက်မှာ ဘာမှ နိုင်ငံသားအခွင့်အရေးတွေ မရပဲနဲ့ ဖြတ်သန်းရမှာပါ။ ကိုယ်စားလှယ်လောင်းရော၊ ပြည်သူရော မထင်ရင် မထင်သလို ဖမ်းဆီးခံရ၊ နောက်ယောင်ခံလိုက်ခံရတဲ့ အခြေအနေတွေနဲ့ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။

မေး။ ။ရွေးကောက်ပွဲမှာ မဲသွားမပေးတဲ့ပြည်သူတွေကို အရေးယူလို့ရတဲ့ ဥပဒေရှိလား၊ ပြည်သူတွေအနေနဲ့ ဘယ်လိုပြစ်ဒဏ်တွေ ဘယ်လိုဖိနှိပ်မှုတွေနဲ့ ကြုံလာရနိုင်လဲ။

ဖြေ။ ။ မဲသွားမပေးရင်တော့ တိုက်ရိုက်အရေးယူလို့မရဘူးဆိုပေမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်တယ်ဆိုရင်၊ သူတို့အတွက် အန္တရာယ်ရှိတယ် အမှုလည်း တပ်မရဘူးဖြစ်နေရင် ဆိုက်ဘာလုံခြုံရေးဥပဒေလိုမျိုး VPN သုံးတာနဲ့ ဖမ်းလို့ရတဲ့ ဥပဒေတွေနဲ့ ပုဒ်မတပ်ဖမ်းမှာပါ။

မေး။ ။ အခု အီလက်ထရွန်းနစ် မဲပေးတဲ့ကိစ္စမှာ အဲ့စက်ပိုင်းဆိုင်ရာတွေကို ဘယ်သူက ကူညီပေးတာလဲ ပြောပြလို့ရရင်ပြောပြပေးပါလား။ နောက် အဲ့စက်ပိုင်းဆိုင်ရာတွေက ဘယ်ကုမ္ပဏီတွေ ပါဝင်ပတ်သက်နေလဲဆိုတာရောပေါ့ ဆရာ။

ဖြေ။ ။တကယ်တော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ နည်းပညာတွေကို သုံးတယ်ဆိုရင် ဒီအချက်အလက်တွေဟာ အလွန်အရေးကြီးတဲ့ အချက်အလက်တွေဖြစ်တဲ့အတွက် လုံခြုံမှုကို အာမခံရသလို၊ ဂုဏ်သိက္ခာရှိဖို့လည်း အာမခံဖို့လိုပါတယ်။ အချက်အလက်တွေကို ဘယ်လိုထိန်းသိမ်းတယ်၊ ဘယ်လိုသုံးတယ်၊ ဘယ်လိုမသုံးဘူးစတာတွေကို အခုက ဘယ်သူမှ မသိနိုင်ပါဘူး။ ဒီအချက်အလက်တွေက ထောက်လှမ်းရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် သုံးလို့ ရနိုင်တဲ့အခြေအနေ၊ သုံးမယ့်အခြေအနေလည်း ဖြစ်နေပါတယ်။ စက်ပိုင်းဆိုင်ရာ နဲ့ပတ်သက်ပြီး ဘယ်ကုမ္ပဏီတွေ ပါဝင်တယ်ဆိုတာ ကျနော်လည်း သေချာမသိရသေးပါဘူး။

မေး။ ။ နောက်ဆုံးအနေနဲ့ ဒီရွေးကောက်ပွဲမှာ လူထုတွေ ဆောင်ရန်၊ ရှောင်ရန် ကိုရော ဆရာအနေနဲ့ ဘာများဖြည့်စွတ်ပြောချင်ပါသလဲ။

ဖြေ။ ။ လူထုကတော့ ရွေးကောက်ပွဲကို မထောက်ခံကြသလို၊ ပါလည်း မပါဝင်ချင်ကြပါဘူး။ စစ်တမ်းတွေအရလည်း မြင်နေကြရပြီးဖြစ်ပါတယ်။ လူထုက အန္တရာယ်ကင်းနိုင်တဲ့အနေအထားနဲ့ အခြေအနေကို ကြည့်ပြီး တုံ့ပြန်ကြမယ်လို့ ယုံကြည်ပါတယ်။ မဲထည့်ရရင်တောင် အများစုက ဖိအားကြောင့် မဲထည့်ရတာဖြစ်တယ်ဆိုတာကိုလည်း နားလည်ပါတယ်။ ဒီကာလမှာ မိမိအခွင့်အရေးနဲ့ အခြားသူတွေရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံရတာ၊ မသမာမှုတွေ ကြုံတွေ့ရတာတွေကို စုပေါင်းမှတ်တမ်းတင်နိုင်ဖို့လိုပါတယ်။ အဲ့အတွက်တော့ လုံခြုံတဲ့ နေရာတွေကို အချက်အလက်တွေ၊ သတင်းတွေ ပေးပို့တာမျိုးကို လုပ်နိုင်ပါတယ်။ လုပ်သင့်ပါတယ်။ ဒါမှ ဒီရွေးကောက်ပွဲအကြောင်း ပြန်ပြောကြတဲ့အခါ ဘယ်သူမဲထည့်ခဲ့တယ်၊ မထည့်ခဲ့ဘူးဆိုတာထက် မသမာမှု၊ လိမ်လည်မှု၊ အခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်လိုမှတ်တမ်းတင်နိုင်ခဲ့တယ်ဆိုတာကို ပြန်ပြောနိုင်မယ်။ ဘယ်လိုလိမ်ညာခဲ့တယ်ဆိုတာကို ပြန်ပြောနိုင်ကြမယ်လို့ ထင်ပါတယ်။

Banner for peace and harmony

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...