Monday, February 9, 2026

စစ်ကောင်စီ

မြန်မာ – တရုတ်နယ်စပ် လွယ်ဂျယ် အရက်သောက်ရာမှ လူ (၁၀) ဦး သေဆုံး

မြန်မာ - တရုတ်နိုင်ငံ နယ်စပ်ဖြစ်သည့် ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့တွင် အရက်သောက်သုံးရာမှ (၁၀) ဦး သေဆုံးကာ (၂) ဦး ဆေးဝါးကုသမှု ခံယူနေရကြောင်း (ဇန်နဝါရီ ၃) ရက်၏ သတိပေးစာထုတ်ပြန်ချက်အရ သိရသည်။ လွယ်ဂျယ်မြို့ အောင်ချမ်းသာရပ်ကွက် တရုတ် ရိုးရာယဉ်ကျေးမှုခန်းမ ဆိုင်ခန်းတွင်...

ကျောက်မဲမြို့ ကားဂိတ် ပေါ့ဆမှုကြောင့် ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက် လူငယ် ၂ ဦး ထောင်ဒဏ် (၁၅) နှစ်ချခံရ

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့ သိမ်းစံကားဂိတ်၏ ပေါ့ဆမှုကြောင့် ယာဥ်မောင်း နှင့် ယာဥ်နောက်လိုက် လူငယ် ၂ ဦး ထောင်ဒဏ် ၁၅ နှစ် နှင့် အလုပ်ကြမ်း ချမှတ်ခံရကြောင်း စုံစမ်းသိိရှရသည်။ အဆိုပါ ထောင်ဒဏ် ချမှတ်ခံရသည့် လူငယ် ၂ ဦးသည် ပြီးခဲ့သည့်...

တိုက်ပွဲကြား အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF တပ်ရင်းမှူး အပါဝင် (၄) ဦး ကျဆုံး ၃ ဦး ဖမ်းဆီးခံထားရ

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးအနောက်ဘက်ခြမ်း ဘုရားနီကျေးရွာ နှင့် သန်းထောင်ရွာကြားတွင် စစ်ကောင်စီ နှင့် အင်းလေး IPDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး IPDF တပ်ရင်း ၁၀၀၉ တပ်ရင်းမှူး အပါဝင် (၄) ဦး ကျဆုံးခဲ့ကာ ၃ ဦး ဖမ်းဆီးခံထားရကြောင်း...

အင်းလေးကန်အနောက်ဘက်ခြမ်း စစ်ကောင်စီ နှင့် သျှမ်းတောင် PDF တိုက်ပွဲဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးအနောက်ဘက်ခြမ်းတွင် စစ်ကောင်စီ နှင့် သျှမ်းတောင် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းရရှိသည်။ ယမန်နေ့ (ဇန်နဝါရီ ၃) နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီ နှင့် သျှမ်းတောင် PDF တို့သည် အင်းလေးကန်အနောက်ဘက်ခြမ်း ဘုရားနီးကျေးရွာ နှင့်...

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ဈေးတွင်း ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဆိုက်ခေါင်ဈေးအတွင်း ဖွင့်လှစ်ထားသော ရွှေနဒီရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၄၀ ကျပ်သားခန့် ပါသွားကြောင်း စုံစမ်း သိရှိရသည်။ ဆိုက်ခေါင်စံပြကျေးရွာ ယနေ့ (ဇန်နဝါရီ ၄ ) ရက် နံနက် ၉ နာရီခွဲခန့်တွင် ဆိုက်ခေါင်ဈေးအတွင်းသို့ ဖွင့်လှစ်ထားသော ရွှေနဒီ...

ဆီဆိုင် – လွိုင်ကော် ခရီးသွား ပြည်သူများကို ပြည်သူ့စစ် (PNO/PNA) ဆက်ကြေး ပိုကောက်နေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ဆီဆိုင် - လွိုင်ကော်ကြား ပြည်ထောင်စု ကားလမ်းမကြီးပေါ်သို့ ခရီးသွား ပြည်သူများကို ပြည်သူ့စစ် (PNO/PNA) က အခွန် (ဆက်ကြေး) ကောက်ခံနေကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၃) ရက် နေ့လည်ပိုင်းတွင် ဆီဆိုင် - လွိုင်ကော်ကြား...

SNDP ဥက္ကဌ အပါအဝင် စစ်ကောင်စီက ပေးအပ်သည့် ဂုဏ်ထူးဆောင် ဘွဲ့ကို သျှမ်း ၅ ဦး လက်ခံရရှိ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP (ကျားဖြူပါတီ) ဥက္ကဌ လုံးစိုင်းအိုက်ပေါင်း အပါအဝင် စစ်ကောင်စီမှ ပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူ သျှမ်းအစုအဖွဲ့ ခေါင်းဆောင် ၅ ဦး လက်ခံရရှိကြောင်း စုံစမ်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သော ၇၅ နှစ်မြောက်...

စက္ကူမလောက်သည့် အကြောင်းပြချက်ဖြင့် Passport ရုံးပိတ်ဆိုင်း

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများသည် ပြည်ပထွက်ခွာမှု များပြားလာသည့်အတွက် စစ်ကောင်စီမှ နိုင်ငံခြားလက်မှတ်ထုတ်ပေးမှု ရပ်ဆိုင်းလိုက်ရသည့် အဆင့်ထိ ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် မြန်မာတဝှမ်းနည်းတူ သျှမ်းပြည်တွင် ပြုလုပ်နေသည့် နိုင်ငံကူးလက်မှတ် (Passport ) ထုတ်ဝေမှုကိုလည်း စက္ကူမလုံလောက်မှုကြောင့် ပိတ်သိမ်းထားသည်ဟု အကြောင်းပြချက်ဖြင့် Passport ရုံးဝန်ထမ်းများက ပြောဆိုသည်။ အဆိုပါ ပိတ်ဆိုင်းမှုသည် ဇန်နဝါရီ...

အင်းလေး ဒေသခံ လူငယ်များကို PDF စွပ်စွဲပြီး ပျူစောထီး နှင့် စစ်ကောင်စီတို့ လိုက်လံဖမ်းဆီးနေ

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း နေထိုင်သည့် လူငယ်များကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ချိတ်ဆက်သည်ဟု စွပ်စွဲပြီး စစ်ကောင်စီ မှ နေ့စဥ်ဆက်တိုက် ဖမ်းဆီးပြီး စစ်ဆေးမေးမြန်း နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်မှစပြီး ယနေ့ထိ အင်းလေးဒေသခံအတွင်းရှိ...

တရုတ် အထူးကိုယ်စားလှယ် အသစ် နှင့် မြောက်ပိုင်းမဟာမိတ် EAOs (၇) ဖွဲ့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် အသစ်သည် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် EAOs (၇) ဖွဲ့ နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် တရုတ် အထူးကိုယ်စားလှယ်သစ် မစ္စတာ တိန့်ရှီးဂျွန် (Deng Xijun) နှင့်...

Latest news