စစ်ကောင်စီ
လားရှိုးမြို့ အမျိုးသားတစ်ဦး ထပ်မံဓားခုတ်ခံရ
သျှမ်းပြည် လားရှိုးမြို့ ရပ်ကွက် ၁၂ အတွင်းရှိ လားရှိုးကြီးဈေးလမ်းတွင် အမျိုးသားတစ်ဦး ထပ်မံ ဓားခုတ်ခံခဲ့ရကြောင်း စုံစမ်း သိရသည်။ . သြဂုတ် ၁၃ ရက် ညနေ ၇ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် ၁၂ အတွင်းရှိ လားရှိုးကြီးဈေးလမ်းတွင် အမျိုးသားတစ်ဦး ထပ်မံ ဓားခုတ်ခံရပြီး...
အရေးပေါ်ဖြေရှင်းရမည့် တော်လှန်ရေးတပ်ဖွဲ့များအကြား ပွတ်တိုက်မှုများ
SHAN -
နိဒါန်း “ကျွန်တော်တို့အားလုံးဟာ တော်လှန်ရေးမှာ လုပ်ကိုင်ဆောင်ရွက်ပုံတွေ မတူညီကြပေမယ့် လျှောက်တဲ့လမ်း ချင်းတူလို့ လူချင်းတွေ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တလှေတည်းစီး တခရီးတည်းသွားသူချင်း တတ်နိုင် သ၍ ညီညီညွတ်ညွတ်၊ ဖေးဖေးမမနဲ့ ပန်းတိုင်အောင်ပွဲကိုပဲ အာရုံပြုပြီး လျှောက်လှမ်းကြရမှာဖြစ်ပါတယ်။” ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)...
တောင်ကြီးမြို့ကျောင်းကားတိမ်းမှောက် ကလေးများ ထိခိုက်ဒဏ်ရာရ
သျှမ်းပြည် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်အတွင်း ယနေ့ (သြဂုတ် ၁၄) ရက် နံနက် ၈ နာရီတွင် ကျောင်းကားတစီးတိမ်းမှောက်ကာ ကလေးငယ်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ . ယနေ့ (သြဂုတ် ၁၄) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ရေအေးကွင်းရပ်ကွက်ရှိ အ.ထ.က (၁၀)...
SSPP နှင့် စစ်ကောင်စီ အပြိုင် စစ်အင်အားဖြည့်၊ မိုင်းကိုင်မြို့ထိ တိုက်ပွဲဖြစ်ပွားလာနိုင်
သျှမ်းပြည် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် ( SSPP/SSA) တို့ အပြိုင်အဆိုင် စစ်အင်အားဖြည့်တင်းမှုကြောင့် မိုင်းကိုင်မြို့ထိပါ တိုက်ပွဲ ဖြစ်ပွားလာနိုင်သဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် သြဂုတ် ၇ ရက် လဲချားမြို့နယ်အတွင်း စစ်ကောင်စီ နှင့် SSPP...
လားရှိုးမြို့နယ် ညိုမဲအောင် ရိုက်နှက်ခံရသည့် ကိုရင်လေး ကျပ်ငွေ ၁ သိန်းခွဲကျော်ဖြင့် ကျေအေးလိုက်ရ
သျှမ်းပြည် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာ ဝေဠုဝန်ကျောင်းတိုက်တွင် ညှိမဲအောင် ရိုက်နှက်ခံရသော အသက် (၉) နှစ်အရွယ် ကိုရင်လေးသည် ကျပ်ငွေ ၁ သိန်းခွဲကျော်ဖြင့် ကျေအေးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ . ပြီးခဲ့သည့် ဩဂုတ် ၈ ရက်တွင် အသက် (၉) နှစ်အရွယ် ကိုရင်လေးသည် စာမရသဖြင့် ကျောင်းထိုင်...
တောင်ကြီးခရိုင်ရှိ ဝန်ထမ်းအားလုံး စစ်တပ်အရန် အင်အား ဖွဲ့စည်းရန် ညွှန်ကြားစာ ထွက်လာ
သျှမ်းပြည် တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်များမှ စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ အားလုံး စစ်တပ်အရန်အင်အား အဖြစ် တပ်ရင်းအသွင် ဖွဲ့စည်းကြရန် ညွှန်ကြားစာ ထုတ်ပြန်လာကြောင်း သတင်းရရှိသည်။ . ယခု သြဂုတ် ၉ ရက်စွဲဖြင့် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများအားလုံးကို စစ်တပ်၏ အရန် အင်အား အဖြစ်...
လဲချားမြို့နယ် စစ်ကောင်စီ အင်အားတိုးချဲ့ လမ်းပိတ်မှုကြောင့် ပြည်သူများ ဝမ်းရေးရှာစားရခက်
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့က ပြီးခဲ့တဲ့ သြဂုတ်လ (၆) ရက်နေ့မှာ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ . အဲ့ဒီ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၀ ယောက်ကျော် သေဆုံးခဲ့ရပြီး၊ အရှင်ဖမ်းမိသူ ၂...
ကွတ်ခိုင်မြို့နယ် ရေခဲချောင်း လှည့်ရောင်းချသူတစ်ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးနေ
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်း ရေခဲချောင်း လှည့်ရောင်းချနေသူ အမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံထားရသည့် ဒဏ်ရာများ နှင့် သေဆုံးနေလျက်ရှိကြောင်း စုံစမ်းသိရသည်။ . ယမန်နေ့ သြဂုတ် ၁၀ ရက် နေ့လယ်ပိုင်း ၁၂ နာရီဝန်းကျင်အချိန်တွင် ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာအနီးရှိ လမ်းဘေး၌ ဆိုင်ကယ်ဖြင့် ရေခဲချောင်းလှည့်ရောင်းချသူ အမျိုးသားတစ်ဦးသည် ဒဏ်ရာဒဏ်ချက်များ နှင့်...
လားရှိုးမြို့နယ် ကျောင်းထိုင်ဆရာတော်မှ ကိုရင်လေးတစ်ပါး ညိုမဲရိုက်နှက်
သျှမ်းပြည် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာရှိ ဝေဠုဝန်ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်ထားသည့် ကိုရင်လေးတစ်ပါး က စာမရသည်ဟု ပြောဆိုပြီး ဆရာတော်က ညိုမဲအောင် ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ . ပြီးခဲ့သည့် သြဂုတ်လ (၈) ရက်က အသက် (၉) နှစ်အရွယ် ကိုရင်လေး တစ်ပါး က စာမရသည်ဟု ပြောဆိုပြီး...
ယခုလဆန်းပိုင်းအတွင်း တရုတ်ငွေ ၁၀၀ ယွမ်လျှင် ကျပ်ငွေ ၅ သောင်း ဝန်းကျင်အထိ မြင့်တက်နေ
ယခုလဆန်း နှစ်ပတ်အတွင်း တရုတ်ယွမ်ငွေ ၁၀၀ ယွမ်ကို ကျပ်ငွေ ၅ သောင်းဝန်းကျင်အထိ မြင့်တက် လာနေကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်မှစပြီး ကျပ်ငွေ ၂ သောင်းတန် ငွေစက္ကူကို ထုတ်ဝေပြီးနောက်ပိုင်း ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်ကာ တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် တရုတ်ယွမ်ငွေ...





