စယ်လန့် လွိုင်တေးမိန်း တောင်တက်လမ်းတွင် TNLA မိုင်းထောင်ထား

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာ လွိုင်တေးမိန်းတောင်တက်လမ်းတွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ မိုင်းထောင်ထားသည်ဟု ဒေသခံများကို အကြောင်းကြားလာကြောင်း သတင်း ရရှိသည်။

.

စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် TNLA တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်တွင် TNLA တပ်ဖွဲ့သည် စယ်လန့်ကျေးရွာအတွင်း နေရာယူထားပြီး ရှေးဟောင်း အမွေအနှစ်ဖြစ်သည့် သျှမ်းဧကရာဇ် စဝ်ဆေခန်ဖ၏ မြို့ရိုးကို မြေဖို့အပြီး လက်ရှိတွင် မိုင်းများပါ ထောင်ထားကြောင်း TNLA မှ ဒေသခံများကို အကြောင်းကြားလာသည်ဟု စယ်လန့်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွိုင်တေးမိန်း

စယ်လန့်ပြည်သူများအနေဖြင့် လွိုင်တေးမိန်းတောင်တက်လမ်းဘက်သွားမည်ဆိုပါက TNLA ထံအကြောင်းကြားရန်လည်း ပြောဆိုခဲ့သည်။

“အခုဆို TNLA စစ်သားတွေက စယ်လန့်ကျေးရွာထဲမှာ ရှိနေတုန်းပဲ၊ မြေဖို့ပစ်လိုက်တဲ့ မြို့ရိုးနားမှာပဲ စခန်းချ နေထိုင်နေတာ။ ပြီးတော့ လွိုင်တေးမိန်းတောင်တက်လမ်းဘက်မှာ မိုင်းတွေ ထောင်ထားတယ်လို့ ဒေသခံတွေကို အကြောင်းကြားလာတယ်။ အဲ့ဘက်လမ်းကို အသုံးပြုမယ်ဆိုရင် သူတို့ကို အကြောင်းကြားရမယ်တဲ့” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ TNLA တပ်ဖွဲ့ မိုင်းထောင်ထားသည့် လမ်းသည် လွိုင်တေးမိန်းတောင်တက်လမ်း ဖြစ်သည့် အပြင် ဒေသခံများ လယ်ယာသွားရန်အတွက် အသုံးပြုသည့် လမ်းကြောင်းလည်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် TNLA တပ်မှ အများပြည်သူအသုံးပြုသည့် လမ်း၌ မိုင်းထောင်ထားခြင်းသည် ဒေသခံများ သွားရေးလာရေးခက်ခဲစေသည့်အပြင် မလုံခြုံသည့် စိုးရိမ်စိတ်များလည်း ဖြစ်ပေါ်နေကြောင်း စယ်လန့် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွိုင်တေးမိန်းတောင်တက်လမ်း

“မိုင်းထောင်ထားတယ်ဆိုတော့ ဘယ်သူက သွားရဲတော့မှာလဲ မဟုတ်ဘူးလား။ အခုဆိုရင် လယ်ထဲက ရေတွေ ရှိလား မရှိလားဆိုတာလည်း သွားမကြည့်ရဲတော့ဘူး၊ သစ်ခုတ်ဝါးခုတ်ဖို့လည်း အဲ့လမ်းကိုပဲ အသုံးပြုရတာ၊ ပိုဆိုးတာက အခုလို ဝါတွင်းက တောင်ပေါ်ဘုရားကို ဝတ်ပြုဖို့၊ ဝေယျာဝိဇ္ဇာ လုပ်ဖို့ စတာတွေလည်း မသွားနိုင်တော့ဘူး” ဟု စယ်လန့်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိ TNLA စခန်းချထားသည့် နေရာသည် ရှေးဟောင်းအမွေအနှစ် မြို့ရိုးကို မြေဖို့သည့် နေရာ၌ ဖြစ်နေပြီး ၎င်းတို့ မြေဖို့သွားသည့် မြေနေရာသည် ပြည်သူပိုင် ခြံဝန်းလည်း ပါဝင်နေကြောင်း သိရသည်။

ဂျီနီဗာ သဘောတူစာချုပ်အရ စစ်ပွဲများအတွင်း ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေး အဆောက်အဦးများအပါအဝင် အရပ်သားများနှင့်နီးစပ်သည့်နေရာ ၊ ကျေးရွာများအနီးတွင် စစ်ရေး ရည်မှန်းချက်အတွက် အသုံးမပြုရန် နှင့် မဖျက်ဆီးရန် တားမြစ်ထားသည်။

ထို့အပြင် လက်ရှိ အချိန်ထိ အာဏာသိမ်း စစ်ကောင်စီ နှင့် TNLA တပ်တို့အကြား ဒေသအတွင်း စစ်ရေး တင်းမာမှု ရှိနေသေးသည့် အတွက် စစ်ရေးပိုမိုပြင်းထန်လာမှာကို စိုးရိမ်နေရကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...