စစ်ခေါင်းဆောင် တည်ထားတဲ့ ဘုရားဖူး ပိုက်ဆံရှိမှ ဖူးမျှော်နိုင်

စစ်အာဏာသိမ်းခေါင်းဆောင် တည်ထားကိုးကွယ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကို သြဂုတ် ၂၀ ရက် မှစတင်ပြီး ဝင်ကြေးကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

.

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် ကို သြဂုတ်လ မှစတင်ကာ လူကြီး၊ ကလေး တဦး လျှင် ဝင်ကြေး ကျပ် ၁,၀၀၀၊ နိုင်ငံခြားသားတဦးလျှင် အမေရိကန် ဒေါ်လာ ၁၀ ပေးဝင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အပျော်ရိုက်ကင်မရာ (ဖုန်း/ကင်မရာ) ၅,၀၀၀ ကျပ်၊ အလှဓာတ်ပုံရိုက် / Video (Pre-Wedding) အပါ ၅,၀၀၀ ကျပ် ပေးဆောင်ရပြီး နာရီဝက်ပိုတိုင်း ၅,၀၀၀ ကျပ် ထပ်မံပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဘုရားသို့လာသည့် သူများစီးလာသည့် ကား ယာဥ်ဝင်ခွင့် ၁ စီးလျှင် ၂ သောင်းကျပ် (၂၀,၀၀၀)၊ Buggy ၁ စီးလျှင် (၄ ယောက်စီး) ၁ နာရီ ကျပ်ငွေ ၁ သောင်း (၁၀,၀၀၀) ပေးဆောင်ရမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်

အဆိုပါ စစ်ခေါင်းဆောင် တည်ထားကိုးကွယ်သည့်ဘုရားကို သွားရောက်ဖူးမျှော်လိုပါက တစ်ဦးလျှင် ကျပ်ငွေ ၅,၀၀၀ ရှိမှသာ သွားရောက်နိုင်ပြီး၊ ထိုဘုရားသည် စစ်ကောင်စီအတွက် စီးပွားရေး ငွေရှာနေသည့် ဘုရားဟုလည်း နာမည်ကြီး နေသည်။

“ မြန်မာပြည်သူတွေက ဘုရားဆိုရင် ယုံကြည်ကြတယ်လေ။ ဒါကို အခွင့်ကောင်းယူပြီး ငွေတွေ အဆမတန်ကောက်နေတာ။ စစ်ကောင်စီတွေ ငွေဘယ်လောက်လိုနေလဲဆိုတာ သိသာတယ်။ နောက်ဘုရားကို ဗန်းပြပြီး လုပ်စားနေတာ” ဟု နေပြည်တော်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုစစ်ခေါင်းဆောင် တည်ထားကိုးကွယ်သည့်ဘုရားကို သွားလိုပါက လက်ကိုင်ဖုန်းကို မယူဆောင်သွားကြရန်၊ မလိုလားအပ်ဘဲ ပိုက်ဆံကုန်နိုင်ကြောင်း၊ ယခုကဲ့သို့ ဘုရားသွားဖူးသည့်ကိစ္စသည်လည်း စစ်ကောင်စီကို ငွေကြေးထောက်ပံ့နေသည့်အတွက် ပြည်သူများ မသွားသင့်ကြောင်း ၎င်းက ဆိုသည်။

“ကျနော်အနေနဲ့ အဲ့ဘုရားကို မသွားစေချင်ဘူး။ နောက်ဆိုရင် မဖြစ်သင့်တာ ဖြစ်လာနိုင်တယ်လေ။ ကျနော်အနေနဲ့ စစ်ကောင်စီကို ငွေကြေးမထောက်ပံ့ဖို့ ပြောချင်တယ်” ဟု နေပြည်တော်တွင် နေထိုင်သည့် အမျိုးသားက ထပ်လောင်းပြောသည်။

စစ်ခေါင်းဆောင် တည်ထောင်ထားသည့် မာရဝိဇယ ရုပ်ထုကို မြန်မာနိုင်ငံအတွင်းရှိ ခရိုနီ စီးပွားရေး လုပ်ငန်းရှင်ပေါင်းများစွာ ကူညီထောက်ပံ့နေသည်။

သြဂုတ် ၁ ရက်တွင် မာရဝိဇယ ရုပ်ထု အနေကဇာ တင်ပွဲပြုလုပ်ခဲ့ပြီး ထိုအနေကဇာတင်ပွဲတွင် သျှမ်းပြည် ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာနနာယက နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ ဒုတိယ ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ ကျောက်မဲဆရာတော် ဒေါက်တာ ဘဒ္ဒန္တနသာရ က ၁- မကောင်းတဲ့အလုပ်ကို မလုပ်ပါနဲ့ ၂- ကောင်းတဲ့အလုပ်ကိုလုပ်ပါ။ ၃- မိမိရဲ့ စိတ်ကို ဖြူစင်အောင်ထားပါ ဆိုပြီး တရား ၃ ပါးကို ဟောကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PV ပတ်စ်ပို့အသစ်လဲရန် နေပြည်တော်ခွင့်ပြုချက် လိုအပ်လာမှုကြောင့် ထိုင်းရောက်မြန်မာများ စိုးရိမ်နေ

0
ထိုင်းနိုင်ငံတွင် အလည်အပတ်နိုင်ငံကူးလက်မှတ် (PV) ကိုင်ဆောင်ထားသူများ ပတ်စ်ပို့သက်တမ်းတိုးခြင်းနှင့် အမျိုးအစားပြောင်းလဲခြင်း လုပ်ငန်းစဉ်များတွင် နေပြည်တော်၏ တိုက်ရိုက်ခွင့်ပြုချက် ရယူရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းရောက်မြန်မာလုပ်သားများကြား စိုးရိမ်မှု မြင့်တက်နေသည်။ ယခင်က PV အမျိုးအစားမှ PJ အလုပ်သမားပတ်စ်ပို့သို့ ပြောင်းလဲခြင်းကို ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆောင်ရွက်နိုင်သော်လည်း ယခုအခါ နေပြည်တော်သို့...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...