မိုးဗြဲမြို့ပေါ် စစ်ကောင်စီတပ်စွဲနေထိုင်လျက်ရှိသောကြောင့် ပြည်သူအားလုံး နေရပ်မပြန်နိုင်သေး

သျှမ်းပြည် မိုးဗြဲမြို့ပေါ်တွင် စစ်ကောင်စီတပ်စွဲနေထိုင် လျက်ရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများအားလုံး နေရပ် မပြန်နိုင်သေးကြောင်း စုံစမ်းသိရသည်။

.

လက်ရှိမှာ မိုးဗြဲမြို့ စည်ကား (၁) ရပ်ကွက်အတွင်း စစ်ကောင်စီ တပ်စွဲနေထိုင်လျက်ရှိသောကြောင့် နေရပ်ပြန်သွားသည့် ပြည်သူတချို့သည် ကားလမ်းဘေး ကပ်လျက်ရှိ နေအိမ်များအတွင်းသာ နေထိုင်ရပြီး လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း စစ်ရှောင်အရေး ကူညီဆောင်ရွက်သူ ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီး ထိမှန်သည့် ဒေသခံနေအိမ်

နေရပ်ပြန်သွားသည့် ပြည်သူများသည် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်စဉ်ကာလ၌ စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် စားစရာမရှိသဖြင့် နေရပ်ပြန်သွားရခြင်း ဖြစ်သည်။

“တိုက်ပွဲကတော့ ငြိမ်နေတယ်။ စစ်တပ်ကလည်း ပြန်မဆုတ်သေးဘူး။ အရင်တုန်းက ကျနော်တို့ ပြည်သူတွေ ဆန္ဒပြပြီး ရဲစခန်းကို မီးရှို့ထားတဲ့နေရာမှာ သူတို့တပ် ပြန်စွဲထားတယ်။ ပြန်သွားတဲ့ ပြည်သူတချို့တွေကတော့ ရပ်ကွက်ထဲမှာတောင် မနေရဲဘူး။ ပြည်ထောင်စု လမ်းဘေးမှာဘဲ ပြန်နေရဲကြတယ်။ ပြန်သွားတဲ့သူတွေလည်း စိုးရိမ်နေသေးတာပေါ့ “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ မိုးဗြဲမြို့ပေါ်တွင် စစ်ကောင်စီ အင်အား ၈၀၀ ခန့်က တပ်စွဲနေထိုင်လျက်ရှိကြောင်း ဒေသခံများက ပြောဆိုခဲ့သော်လည်း သီခြား အတည်ပြုနိုင်ခြင်း မရှိပေ။

အလားတူ ဖယ်ခုံမြို့ အခြေစိုက် စစ်ကောင်စီ ခမရ (၃၃၆) တပ်နှင့် ခလရ (၄၂၁) တပ်ကလည်း ဖယ်ခုံမြို့၏ အရှေ့ဘက်ခြမ်း ဒေသနှင့် အနောက်ဘက်ခြမ်း ဒေသကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဖယ်ခုံအနောက်ဖက်ခြမ်းမှ ဒေသခံတစ်ဦးက ပြောသည်။

“ ဖယ်ခုံရဲ့ အရှေ့ဘက်ခြမ်းမှာတော့ တစ်ညကို ၁ လုံး၊ ၂ လုံး ရမ်းသမ်းထုတဲ့ သဘောလုပ်နေတယ်။ တိုက်ပွဲကတော့ မဖြစ်ဘူး။ တပ်ကဘဲ တာဝန်ကျေအောင် ပစ်နေလား မသိဘူးလို့ ပြောနေတယ်။ ဒေသခံတွေက မပြန်ရဲဘူး။ အရှေ့ဘက်ခြမ်း ပစ်လိုက်၊ အနောက်ဘက်ခြမ်း ပစ်လိုက်နဲ့ လုပ်နေသေးတယ် “ ဟု ၎င်း ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ် မိုးဗြဲမြို့ ဒုံထုန်ထန်ရပ်ကွက်အတွင်း ဆေးမှတ်တမ်းစာအုပ် ပြန်ယူသည့် လင်မယားနှစ်ဦးကို စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အမျိုးသားဖြစ်သူသည် အခင်းဖြစ်နေရာ အိမ်ခြံဝင်းထဲ၌ သေဆုံးသွားကာ ဇနီးဖြစ်သူက ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...