ရပ်စောက် PR လွှတ်တော်အမတ် ဦးစိုင်းထိန်စိုး သျှမ်းပြည်ဝန်ကြီးချုပ်ဖြစ်လာ

သျှမ်းပြည်ဝန်ကြီးချုပ်အဖြစ် စစ်ခေါင်းဆောင် အဆိုပြုလာသည့် ရပ်စောက်မြို့နယ်မှ အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်အမတ်ဖြစ်လာသူ ဦးစိုင်းထိန်စိုးကို ကန့်ကွက်သူမရှိဘဲ လွှတ်တော်မှ အတည်ပြုခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဧပြီလ ၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့၌ ကျင်းပသည့် သျှမ်းပြည်လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် အနိုင်ရရှိခဲ့သည့် ရပ်စောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးစိုင်းထိန်စိုး ကို သျှမ်းပြည်ဝန်ကြီးချုပ်အဖြစ် အတည်ပြုခဲ့ကြောင်း သိရသည်။

“ကျနော်တို့ဘက်က မေတ္တာရပ်ခံထားတာကတော့ ဝန်ကြီးနေရာ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် ပေးပါလို့ ပြောထားတာ ရှိတယ်။ ပြည်ထောင်စုအဆင့်မှာ မရလိုက်ပေမယ့် ပြည်နယ်အဆင့်မှာ လူမှုရေးဝန်ကြီး တစ်နေရာကတော့ ဒီနေ့ တွေ့တဲ့အတိုင်း နာမည်ပါလာတယ်” ဟု အမည်မဖော်လိုသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည်ဝန်ကြီးချုပ်အဖြစ် ဦးစိုင်းထိန်စိုးအား ခန့်အပ်ရန် နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခံထားရသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အဆိုပြုလာခြင်း ဖြစ်ပြီး ကန့်ကွက်သူ မရှိဘဲ သျှမ်းပြည်လွှတ်တော်မှ အတည်ပြုခဲ့ကြောင်း သိရသည်။

ယနေ့ (ဧပြီလ ၇ ရက်) တွင် ဆက်လက်ကျင်းပခဲ့သည့် သျှမ်းပြည်လွှတ်တော် အစည်းအဝေးတွင် သျှမ်းပြည်အစိုးရအဖွဲ့ထဲ ပါဝင်ဖွဲ့စည်းမည့် ဝန်ကြီးဌာန အရေအတွက်၊ ပြည်နယ်ဝန်ကြီး ဦးရေများနှင့် ပတ်သက်၍ စစ်ခေါင်းဆောင် အတည်ပြုထားသည့်အတိုင်း သျှမ်းပြည်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးစိုင်းထိန်စိုးက လွှတ်တော်သို့ တင်ပြခဲ့သည်။

ထိုထဲတွင် ကြံ့ခိုင်ရေးပါတီ USDP မှ တာချီလိတ်မြို့နယ် PR ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းတစ်ပ် ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လားရှိုးမြို့နယ် FPTP ကိုယ်စားလှယ် ဒေါက်တာ လဆိုင်း ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ နမ့်စန်မြို့နယ် FPTP ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ ကို စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့တွင် ပြည်နယ်ဝန်ကြီးများအဖြစ် အတည်ပြုခဲ့သည်။

လူမှုရေးဝန်ကြီးဖြစ်လာသူ SNDP ပါတီမှ နန်းခမ်းလူ (ဘယ်ပုံ)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဖြစ်လာသူ USDP ပါတီမှ စိုင်းဝမ်းလှိုင်းတစ်ပ် (ညာပုံ)

အလားတူ သျှမ်းပြည်နယ် လူမှုရေးဝန်ကြီး အဖြစ် ကျားဖြူပါတီ SNDP မှ မိုးနဲမြို့နယ် PR ကိုယ်စားလှယ် နန်းခမ်းလူ၊ လျှပ်စစ် စွမ်းအင် စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ PNO မှ ဆီဆိုင်မြို့နယ် FPTP ကိုယ်စားလှယ် ခွန်သန်းထူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး စိန်ဝင်း တို့ဖြစ်ကြောင်း သိရသည်။

မတ်လဆန်းပိုင်းတွင် စစ်ခေါင်းဆောင် ပြင်ဆင်ခဲ့သည့် ပြည်နယ်/တိုင်းအစိုးရအဖွဲ့ ဥပဒေအရ သက်ဆိုင်ရာ ပြည်နယ်/တိုင်း မြို့တော်များတွင် မြို့တော်ဝန်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်မည့် စည်ပင်သာယာရေးဝန်ကြီး နေရာကို USDP ပါတီမှ ကလောမြို့နယ် FPTP ကိုယ်စားလှယ် ခွန်ထွန်းဖြူကို ခန့်အပ်ခဲ့ခြင်းကြောင့် သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တော်ဝန် အဖြစ်လည်း မြင်တွေ့လာနိုင်သည်။

ထို့အပြင် သျှမ်းပြည်ဥပဒေချုပ်အဖြစ် ဦးစိုင်းကျော်ဇံနှင့် ပြည်နယ်တရားသူကြီးချုပ်အဖြစ် ဦးသန်းဦးလွင် တို့ကို ဆက်လက်ခန့်ထားပြီး၊ ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်ထွေးရီ ကို အတည်ပြုခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်ခန့်ထားသည့် လက်ရှိ သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြီးခဲ့သည့် အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းတွင် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သုံးနှစ်ခန့် လဲချားမြို့နယ်တွင် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

သေနတ်ပုံ ဖုန်းကာဗာ ကိုင်လာသည့် သံဃာကြောင့် ဆေးရုံမှ လူနာများ အထိတ်တလန့်ဖြစ်

0
ထိုင်းနိုင်ငံ၊ ချိုင်နတ်ခရိုင်ရှိ Chai Nat Narenthorn Hospital ၌ ယနေ့ (ဩဂုတ် ၁၀ ရက်) ဆေးဝါးထုတ်ယူသည့် နေရာတွင် ဆေးစောင့်ယူနေသည့် သံဃာတစ်ပါး၏ သင်္ကန်းအတွင်းမှ သေနတ်ပုံစံ အရာတစ်ခု ပြူးထွက်နေသည်ကို တွေ့ခဲ့သဖြင့် ဆေးရုံလာရောက်ပြသသည့် လူနာများ အထိတ်တလန့် ဖြစ်ပွားခဲ့ကြောင်း...