မြန်မာရွှေ့ပြောင်း အလုပ်သမား တင်ဆောင်လာသည့်ကား မတော်မဆ ဖြစ်ပွား သေဆုံးသူ ရှိ

ထိုင်းနိုင်ငံ ကန်ချနပူရီမြို့သို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများ တင်ဆောင်လာသည့် (၁၀) ဘီးကား တစ်စီး နှင့် တိုက်မိသဖြင့် သေဆုံးသူ ၁ ဦး နှင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၅) ဦး ရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။

.

ယမန်နေ့ သြဂုတ် (၁၆) ရက် နံနက်ပိုင်းအချိန်မှာ ကန်ချနပူရီမြို့ရှိ ကုန်းလမ်းပို့ဆောင်ရေးရုံးရှေ့တွင် ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရသည်။

အခင်းဖြစ်ပွားရာနေရာ

“ကုန်းလမ်းပို့ဆောင်ရေးရုံးရှေ့မှာ ယာဥ်တိုက်မှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိတဲ့သူရှိတယ်လို့ အကြောင်းကြားလာတာနဲ့ ကျနော်တို့ သွားရောက်စစ်ဆေးခဲ့ပါတယ်” ဟု သက်ဆိုင်ရာ အာဏာပိုင်က ပြောသည်။

အဆိုပါ ထိခိုက်သေဆုံးသူသည် အမျိုးသမီး တစ်ဦးဖြစ်ပြီး လက်ထဲ၌ အသက် (၆) နှစ်ခန့် ကလေးတစ်ဦး ချီထားကာ ထို ကလေးသည် သတိလစ်သွားကြောင်း သိရှိရသည်။

“ကျနော်တို့ ရောက်သွားချိန်မှာတော့ Toyota ကားတစ်စီး ပျက်စီးနေပြီး ကားထဲမှာ ထိခိုက်ဒဏ်ရာ ရတဲ့သူ (၅) ဦး နဲ့ သေဆုံးသူ (၁) ဦး တွေ့ရှိခဲ့တယ်” ဟု အာဏာပိုင်တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာနေရာ

အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသူ နှင့် သေဆုံးသူများသည် တရားဝင် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြကြောင်းလည်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာ နှင့် မီတာ (၃၀) အကွာမှာ (၁၀) ဘီးကားတစ်စီးပေါ်မှာ သစ်များ တင်ဆောင်ထားကြောင်းလည်း သိရှိရသည်။

“ကန်ချနပူရီးမြို့မှာ သစ်လာချမလို့ပါ။ လမ်းခွဲ ရောက်ခါနီးမှာ အသံအကျယ်ကြီး နဲ့ သူ့ကားနောက်မှာ ကြားရတယ်လို့ ပြောပါတယ်။ ကားဆရာလည်း သူ့ကားကို လမ်းဘေးမှာ ရပ်ပြီး သွားကြည့်လိုက်တော့ ရွှေ့ပြောင်းအလုပ်သမားတွေ တင်ဆောင်လာတဲ့ ကားဆရာက အိပ်ငိုက်မယ်ထင်တယ်. သူ့ကားနောက်ကို ဝင်တိုက်တာ” ဟု (၁၀) ဘီးကားမောင်းသူ က ထိုင်းမီဒီယာ တွေကို ဖြေဆိုထားသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကားဆရာသည်လည်း ရွှေ့ပြောင်းအလုပ်သမားဖြစ်ပြီး လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာ ရရှိထားသဖြင့် ဒဏ်ရာ သက်သာမှ ပြန်လည် စစ်ဆေးသွားမည်ဟု အာဏာပိုင်များက ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...