Saturday, May 4, 2024

မြန်မာရွှေ့ပြောင်း အလုပ်သမား တင်ဆောင်လာသည့်ကား မတော်မဆ ဖြစ်ပွား သေဆုံးသူ ရှိ

Must read

ထိုင်းနိုင်ငံ ကန်ချနပူရီမြို့သို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများ တင်ဆောင်လာသည့် (၁၀) ဘီးကား တစ်စီး နှင့် တိုက်မိသဖြင့် သေဆုံးသူ ၁ ဦး နှင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၅) ဦး ရှိခဲ့ကြောင်း စုံစမ်း သိရှိရသည်။

.

ယမန်နေ့ သြဂုတ် (၁၆) ရက် နံနက်ပိုင်းအချိန်မှာ ကန်ချနပူရီမြို့ရှိ ကုန်းလမ်းပို့ဆောင်ရေးရုံးရှေ့တွင် ယာဥ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရှိရသည်။

အခင်းဖြစ်ပွားရာနေရာ

“ကုန်းလမ်းပို့ဆောင်ရေးရုံးရှေ့မှာ ယာဥ်တိုက်မှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိတဲ့သူရှိတယ်လို့ အကြောင်းကြားလာတာနဲ့ ကျနော်တို့ သွားရောက်စစ်ဆေးခဲ့ပါတယ်” ဟု သက်ဆိုင်ရာ အာဏာပိုင်က ပြောသည်။

အဆိုပါ ထိခိုက်သေဆုံးသူသည် အမျိုးသမီး တစ်ဦးဖြစ်ပြီး လက်ထဲ၌ အသက် (၆) နှစ်ခန့် ကလေးတစ်ဦး ချီထားကာ ထို ကလေးသည် သတိလစ်သွားကြောင်း သိရှိရသည်။

“ကျနော်တို့ ရောက်သွားချိန်မှာတော့ Toyota ကားတစ်စီး ပျက်စီးနေပြီး ကားထဲမှာ ထိခိုက်ဒဏ်ရာ ရတဲ့သူ (၅) ဦး နဲ့ သေဆုံးသူ (၁) ဦး တွေ့ရှိခဲ့တယ်” ဟု အာဏာပိုင်တစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားရာနေရာ

အဆိုပါ ထိခိုက်ဒဏ်ရာ ရရှိသူ နှင့် သေဆုံးသူများသည် တရားဝင် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြကြောင်းလည်း သိရသည်။

အခင်းဖြစ်ပွားရာ နေရာ နှင့် မီတာ (၃၀) အကွာမှာ (၁၀) ဘီးကားတစ်စီးပေါ်မှာ သစ်များ တင်ဆောင်ထားကြောင်းလည်း သိရှိရသည်။

“ကန်ချနပူရီးမြို့မှာ သစ်လာချမလို့ပါ။ လမ်းခွဲ ရောက်ခါနီးမှာ အသံအကျယ်ကြီး နဲ့ သူ့ကားနောက်မှာ ကြားရတယ်လို့ ပြောပါတယ်။ ကားဆရာလည်း သူ့ကားကို လမ်းဘေးမှာ ရပ်ပြီး သွားကြည့်လိုက်တော့ ရွှေ့ပြောင်းအလုပ်သမားတွေ တင်ဆောင်လာတဲ့ ကားဆရာက အိပ်ငိုက်မယ်ထင်တယ်. သူ့ကားနောက်ကို ဝင်တိုက်တာ” ဟု (၁၀) ဘီးကားမောင်းသူ က ထိုင်းမီဒီယာ တွေကို ဖြေဆိုထားသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကားဆရာသည်လည်း ရွှေ့ပြောင်းအလုပ်သမားဖြစ်ပြီး လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာ ရရှိထားသဖြင့် ဒဏ်ရာ သက်သာမှ ပြန်လည် စစ်ဆေးသွားမည်ဟု အာဏာပိုင်များက ဆိုသည်။

Leave a Comments

- Advertisement -spot_img

Latest article