စစ်ကောင်စီ
မိုးကောင်းမြို့ အထက်တန်းကျောင်းရှေ့ ပစ်ခတ်မှု ဖြစ်ပွား
SHAN -
ကချင်ပြည် မိုးကောင်းမြို့ရှိ အမှတ် (၁) အခြေခံ အထက်တန်းကျောင်းတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ ရှိကြောင်း စုံစမ်းသိရှိရသည်။ . ပြီးခဲ့သည့် သြဂုတ် (၂၀) ရက်တွင် မိုးကောင်းမြို့ရှိ အမှတ် (၁) အခြေခံ အထက်တန်းကျောင်းတွင် စာသင်ကြားနေသည့် စစ်တပ်မိသားစုမှ သား/ သမီးများကို...
ယူအန်အိုချာ၊ စစ်ခေါင်းဆောင်နှင့် ကိုယ်ကျိုးစီးပွားဗဟိုပြုတွေ့ဆုံမှု
SHAN -
နိဒါန်း “လူသားချင်းစာနာမှုမှာ အသက်ရှင်သန်မှုကို ကယ်တင်ဖို့၊ ကာကွယ်ဖို့နဲ့ အခြေခံလိုအပ်ချက်တွေကို ပေးအပ်ဖို့ ထက် တခြားဘာရည်ရွယ်ချက်မျှ မရှိပါ။ အန္တရာယ်လည်း ရှိပါစေ၊ အခက်အခဲလည်း ရှိပါစေ”။ သြဂုတ်လ ၁၉ ရက်တွင် ကျရောက်သည့် ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနေ့အတွက် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ဂုဏ်ပြုဖော်ညွှန်းထားပါသည်။ သို့သော်...
စစ်ကောင်စီ ခွင့်ပြုထားသည့် စက်သုံးဆီကုမ္ပဏီများသာ တရုတ်နိုင်ငံမှ တိုက်ရိုက်တင်သွင်းခွင့်ရ
မြန်မာ - တရုတ်နယ်စပ် ဖြစ်သည့် သျှမ်းပြည် မူဆယ်ခရိုင်အတွင်းရှိ စက်သုံးဆီ ပန့်ဆီဆိုင်များထံသို့ စစ်ကောင်စီ ခွင့်ပြုထားသည့် ကုမ္ပဏီကသာ စက်သုံးဆီများကို ဖြန့်ဖြူးခွင့် ရနေကြောင်း စုံစမ်းသိရသည်။ . တရုတ်နိုင်ငံမှ တင်သွင်းလာသည့် စက်သုံးဆီများကို မြန်မာပြည်ဘက်မှ ကုမ္ပဏီကြီး ၄ ခုဆီသာ တင်ပို့ခွင့် ရရှိပြီး ယင်းကုမ္ပဏီများမှတဆင့်...
ငွေကြေးဖောင်းပွမှုကြောင့် ကုန်စုံဆိုင်တချို့ ပိတ်သိမ်း
SHAN -
သျှမ်းပြည် တောင်ကြီးမြို့ရှိ ကုန်စုံဆိုင်တချို့ ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဆိုင်များ ပိတ်သိမ်းထားလိုက်ရကြောင်း စုံစမ်း သိရှိရသည်။ . ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်အတွင်းတွင် မြန်မာကျပ်ငွေ ၁ သိန်းလျှင် ထိုင်းဘတ် ၁ ထောင်အောက်အထိ ကျဆင်းသွားခဲ့သည့်အတွက် ကုန်စုံဆိုင်များ ပိတ်သိမ်းထားလိုက်ရကြောင်း တောင်ကြီး ကုန်စုံဆိုင် ပိုင်ရှင် တစ်ဦးကပြောသည်။ “ ဆိုင်တွေ...
တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ဆိုင်ခန်းများ စက်ယန္တရားဖြင့် ဖြိုဖျက်နေ
သျှမ်းပြည် တောင်ကြီးခရိုင်၊ တောင်ကြီးမြို့ ပြည်တော်သာ ရပ်ကွက်ရှိ ယခင် ဆောက်လုပ်ရေးဝန်ကြီး ဌာနပိုင် မြေကွက်ပေါ် တည်ဆောက်ငှားရမ်းထားသည့် ဆိုင်ခန်းများကို စက်ယန္တရားများဖြင့် ဖြိုဖျက်နေကြောင်း စုံစမ်း သိရသည်။ . ယနေ့ (သြဂုတ်လ ၂၁) ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်ရှိ မင်းကျောင်းဘုန်းကြီးကျောင်းအနီး ဆိုင်ခန်းများကို စက်ယန္တရားများဖြင့်...
လုံခြုံမှု ကင်းမဲ့သွားတဲ့ သတင်းသမားတွေရဲ့ ဘဝ
SHAN -
“သတင်းလုပ်ငန်းကို လွတ်လွတ်လပ်လပ် လုပ်ကိုင်လို့မရဘူး။လုံခြုံတယ်လို့ ခံစားရတဲ့ နေရာမျိုးမှာပဲ ပုန်းခိုပြီး သတင်းလုပ်ကိုင်ရတယ်” ဒီစကားကို သျှမ်းပြည်မြောက်ပိုင်းက ပြည်တွင်းသတင်းထောက် မသူဇာ (အမည်လွှဲ) က လုံခြုံတဲ့နေရာတစ်ခုမှ နေပြီး ပြန်ပြောပြနေတာ ဖြစ်ပါတယ်။ . သျှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များစွာရှိပြီး သူတို့ရဲ့ရန်ကိုလည်း ကြောက်ရွံ့နေရတာ ဖြစ်ပါတယ်။ မသူဇာက “ဒါကြောင့် ခါတိုင်းထက်...
ပင်လောင်းမြို့နယ် စစ်ရှောင်နေရပ်ပြန်နိုင်ရေး မြေမြှုပ်မိုင်း ကိုယ်တိုင်ရှင်းလင်းနေရ
သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျေးရွာဒေသအတွင်းသို့ စစ်ရှောင်များ ပြန်လည်နေထိုင်ရန် မြေမြှုပ်မိုင်းများကို ကိုယ်တိုင် ရှင်းလင်းနေရကြောင်း စုံစမ်းသိရသည်။ . ပြီးခဲ့သည့် ဖေဖော်ဝါရီမှ မေလအထိ သုံးလနီးပါးကြာ စစ်ကောင်စီ နှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် ဖယ်ခုံ - ပင်လောင်း နယ်စပ်ဒေသ အသီးသီးမှ ကျေးရွာတွင်...
နမ္မတူမြို့နယ်အတွင်း တိုက်ပွဲဖြစ်
သျှမ်းပြည် ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့က တစ်နာရီကျော်ကြာအောင် ထိတွေ့တိုက်ပွဲပြင်းထန် ခဲ့ကြောင်း သတင်းသိရသည်။ . ယမန်နေ့ (သြဂုတ် ၁၇ ) ရက် ညနေပိုင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီ နှင့်...
ဖရူဆိုမြို့နယ် ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်
ကရင််နီ (ကယား) ပြည် ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာရှိ ဘုရားရှိခိုးကျောင်းကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDF တပ်ရင်း (၁၀) က ယနေ့ သြဂုတ် ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ . ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်...
ကွတ်ခိုင် ပစ်ခတ်သံများကြား အသွားအလာ သတိထားရန် လိုအပ်
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်းတွင် ပစ်ခတ်သံများ ကြားနေရသည့်အတွက် အသွားအလာ သတိထားကြရန် လိုအပ်ကြောင်း ဒေသအတွင်း ကားသမားများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ . ယနေ့ (သြဂုတ် ၁၇) ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖလွန်တောင်ကြောအနီး၌ ပစ်ခတ်သံများ စတင်ကြားရကြောင်း ဒေသအတွင်း လိုင်းကား မောင်းသူ...





