Tuesday, February 10, 2026

ဖွေးထိုင်း (Pheu Thai) ပါတီ ဆေထာ ထဝီးဆင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဖြစ်လာ

ဖွေးထိုင်း (Pheu Thai) ပါတီ မှ ဆေထာ ထဝီးဆင် သည် ထိုင်းနိုင်ငံ (၃၀) ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ကြောင်း သတင်းရရှိသည်။

.

ယနေ့ (သြဂုတ် ၂၂) ရက် မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ အထက်လွှတ်တော်သို့ ဝန်ကြီးချုပ် ရွေးချယ်ရာမှာ သတ်မှတ်ထားသည့် မဲအရေတွက်သည် (၃၇၄) မဲ ဖြစ်ပြီး လက်ရှိမှာတော့ (၄၅၀) မဲ ကျော်လွန်နေပြီဖြစ်သည့်အတွက် ထိုင်းနိုင်ငံ (၃၀) ဦးမြောက် ဝန်ကြီးချုပ် နေရာသို့ တာဝန်ထမ်းဆောင်မည့်သူ ဖြစ်လာမည်ဟု ပြောဆိုကြသည်။

အသက် (၆၁) နှစ် ရှိပြီဖြစ်သည့် ဆေထာ ထဝီးဆင်သည် ထိုင်းနိုင်ငံ၏ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ပြည်ပြေး ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ရှင် ရှင်နဝပ်သည် ထိုင်းနိုင်ငံသို့ ဒီနေ့ သြဂုတ် (၂၂) ရက်မှာ ထိုင်းနိုင်ငံသို့ ကိုယ်ပိုင် ဂျက်လေယာဥ်ဖြင့် တရားဝင် ပြန်လည်ရောက်ရှိလာပြီး ထိုင်းနိုင်ငံ အထူးတရားရုံးမှ ထောင်ဒဏ် (၈) နှစ် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖွေးထိုင်းပါတီ အစိုးရဖွဲ့နိုင်လျှင် သက်ရှင် ရှင်နဝပ် သည် လွတ်ငြိမ်းချမ်းသာခွင့် ရရှိလာနိုင်မည်ဟုလည်း သုံးသပ်မှုများ ရှိနေသည်။

မေ (၁၄) ရက်တွင် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲအများဆုံး အနိုင်ရခဲ့သည့် Move Forward Party ခေါင်းဆောင် ဖိထား လင့်ဂျရုန်းရတ် ကို လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ သတ်မှတ်ထားတဲ့ မဲပမာဏ မပြည့်တဲ့အတွက် ဝန်ကြီးချုပ် နေရာ ရှုံးနိမ့်ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် (၁၃) ရက်နေ့က ပထမအကြိမ် ဝန်ကြီးချုပ်ဖြစ်ရန်အတွက် အတွက် လွှတ်တော်မှ သတ်မှတ်ထားသည့် မဲပမာဏက (၃၇၆) မဲ ဖြစ်ပြီး လွှတ်တော်အမတ် ၇၀၀ ကျော်က ဝင်ရောက် မဲခွဲဆုံးဖြတ်ရာမှာ (၃၂၀) ကျော် သာ ထောက်ခံမဲရရှိခဲ့ပြီး ကန့်ကွက်မဲ (၁၄၈) မဲ၊ အထက်လွှတ်တော်ကိုယ်စားလှယ်မဲ (၁၂) မဲ နဲ့ ကြားနေမဲ (၁၉၈) မဲ ရှိခဲ့ပါသည်။

စစ်တပ်မှ ခန့်အပ်ထားသည့် အထက်လွှတ်တော် အမတ် (၂၅၀) ရှိခဲ့သည့်အတွက် ဖိထားအတွက် ဝန်ကြီးချုပ်ဖြစ်ရန် ရင်ဆိုင်နေရသည့် အဟန့်အတားတစ်ခုဖြစ်သည်။

ထိုင်းဘုရင်စနစ်ကို အကာအကွယ်ပေးထားသည့် ဥပဒေကို ပြင်မယ်လို့ ကြုံးဝါးထားသည့် Move Forward Party ခေါင်းဆောင် ဖိထား ကို ထိုင်းဒီမိုကရေစီစနစ်ကို ဖျက်လိုဖျက်ဆီး လုပ်နေသည်ဟုဆိုပြီး စစ်တပ်၏ အထက်လွှတ်တော်အမတ်များက စွတ်စွဲပြီး တခြားသော အမှုများနှင့် အရေးယူရန် ပြင်ဆင်ထားသည်။

ထို့အပြင် ဖိထား လင့်ဂျရုန်းရတ် ကို ဖျက်သိမ်းခံရပြီဖြစ်သည့် မီဒီယာကုမ္ပဏီ တစ်ခုမှာ အစုရှယ်ယာဝင်ထားသူဖြစ်သဖြင့် ရွေးကောက်ပွဲ စည်းကမ်းကို ဖောက်ဖျက်ခြင်း၊ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ အရည်အချင်း မပြည့်မှီကြောင်း ဆိုပြီး အစိုးရဟောင်းအဖွဲ့က ဝိုင်းပြီး တိုင်ကြားမှုများလည်း ရှိနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း...

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်

0
သျှမ်း - ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ မိုးဗြဲမြို့ အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်မှ နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယခု ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မိုးဗြဲမြို့အခြေစိုက် စစ်ကော်မရှင်တပ် ခြေမြန်တပ်ရင်း ခမရ - ၄၂၂ ဘက်မှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...