Wednesday, May 8, 2024

ဒီးမော့ဆိုမြို့နယ် စစ်ကောင်စီတပ်မှ လူနေအိမ်ကို မီးရှို့ဖျက်ဆီး

Must read

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ပြည်သူနေအိမ် တစ်လုံးကို ယနေ့ (သြဂုတ် ၂၂) ရက် နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း စုံစမ်းသိရသည်။

.

ဖြစ်စဥ်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် ပြည်သူပိုင်နေအိမ်တလုံးကို ယနေ့ (သြဂုတ် ၂၂) ရက် နံနက် အစောပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေး ထုတ်ပြန်ချက်အရ သိရသည်။

လက်နက်ကြီးထိမှန်

” ဒီနေ့ မနက်အစောပိုင်းမှာ တနီးလာလဲကျေးရွာ ပြည်သူအိမ်တလုံးကို စစ်တပ်က မီးရှို့ခဲ့တာ မနက် (၉) နာရီအချိန်ထိ မီးလောင်နေတုန်းပဲ။ အဲ့မှာက လူမနေဘူး။ အဲ့ရွာမှာက စစ်တပ်က တပ်စွဲထားတာ” ဟု KNDF ရဲ့ တပ်သား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို တနီးလာလဲကျေးရွာ အတွင်း နှင့် တောင်ပေါ်တစ်ကြောတို့တွင် စစ်ကောင်စီတပ်ဖွဲ့များမှ လပေါင်းများစွာကြာ တပ်စွဲထားပြီး၊ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများ၏ အိုးအိမ်များအား တစ်ဖက်သပ် ဖျက်ဆီး ၊ မီးရှို့ခြင်းများကို မကြာခဏ လုပ်​ဆောင်နေသည်ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယခုနှစ် သြဂုတ် ၁၂ ရက်တွင်လည်း ကရင်နီပြည် ဖရူဆိုမြို့အတွင်းရှိ “သနားခြင်းမယ်တော်” ဘုရားကျောင်းကိုလည်း စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ကရင်နီပြည်အတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အဦးများ အပါအဝင် နေအိမ် ၁,၂၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article