လဲချားမြို့နယ်အတွင်း နွား ၂ ကောင် မြေမြှုပ်မိုင်းနင်းမိ

သျှမ်းပြည် လဲချားမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် နွား ၂ ကောင် မြေမြှုပ်မိုင်းနင်းမိကြောင်း စုံစမ်းသိရသည်။

.

ပြီးခဲ့သည့် သြဂုတ် (၂၁) ရက်နေ့က လဲချားမြို့နယ် ဝမ်ပန်းကျေးရွာအုပ်စု ဝမ်ပန်းရွာမှာ နွားပေါက်စ ၂ ကောင် မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့ကြောင်း သိရသည်။

ဟိုင်းဆိုင်ကျေးရွာအုပ်စုမှ ဒေသခံများ၏ ပြောင်းခြံ ကျွဲ ၊ နွား ဝင်ရောက်မွှေနှောက်

“နွားပေါက်စ (၂) ကောင် မိုင်းနင်းမိပြီး ခြေထောက် နဲ့ မျက်စိမှာ ထိခိုက်ဒဏ်ရာရပြီး လမ်းတောင် မလျှောက်နိုင်ဘူး။ ပြီးတော့ ကျွဲ ၂ ကောင် ထပ်ပြီး မိုင်းနင်းမိတော့ ချုံထဲမှာ မထနိုင်ပဲ နေနေတာကို တွေ့ရတယ်။ စိတ်တောင်မကောင်းဘူး” ဟု လဲချားဒေသခံ အမျိုးသား တစ်ဦး ကပြောသည်။

လဲချားမြို့နယ်အတွင်း တိုက်ပွဲမဖြစ်ပွားခင်ကာလတွင် မြေမြှုပ်မိုင်း ထောင်ထားခြင်း မရှိသည့်အတွက် ကျွဲ၊ နွား ကျက်စားရာ နေရာပေါများပေမယ့် လက်ရှိမှာတော့ ၎င်းတို့ ကျက်စားရာ နေရာ အခက်အခဲဖြစ်ပြီး စျေးနှုန်း သက်သာစွာဖြင့် ပြန်လည်ရောင်းချရကြောင်း ဒေသခံ အမျိုးသားက ပြောသည်။

“အရင်လို ကျနော်တို့ ကျွဲ ၊ နွား တွေကို တောထဲ လွတ်လွတ်လပ်လပ် သွားလာဖို့ စိတ်မချတော့ဘူး။ တကယ်လို့ တောထဲ လွတ်လိုက်ရင်လည်း ပြန်သွားရှာရမှာကို စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ မြေမြှုပ်မိုင်းတွေ သွားနင်းမိမှာကို ကြောက်တယ်။ ကျနော်တို့ ရွာက စစ်တပ်နဲ့ နီးတော့ စစ်တပ်အနီး မြေမြှုပ်မိုင်းတွေ ထောင်ထားတော့ ကျနော်တို့ရဲ့ ကျွဲ ၊ နွား တွေလည်း အဲ့ဘက်ကို မလွတ်ရဲဘူး။ ကျွဲ ၊ နွား ကျက်စားဖို့ နေရာက နည်းပါးတော့ ကျွဲ ၊ နွား တွေ သူတို့ တပ်ထဲ ရောက်သွားတော့ ပြန်သွား ခေါ်ဖို့က ခက်ခဲတယ်။ ကျွဲ ၊ နွား တွေ သူတို့တပ်ထဲ ရောက်သွားရင် တစ်ကောင်ကို ၁ သိန်းလောက် ပြန်လျော် ပေးရတယ်” ဟု ဝမ်ပန်းကျေးရွာ ဒေသခံ တစ်ဦး ကပြောသည်။

လက်ရှိ ကျွဲ ၊ နွား တစ်ကောင်လျှင် (၃) သိန်း တာ စျေးနှုန်းရှိသည့်အတွက် ဒေသခံများ စျေးနှုန်း သက်သာစွာ ရောင်းချပြီး အခြားနေရာ ဒေသသို့ ပြောင်းရွှေ့နေထိုင် ကြကြောင်း သိရသည်။

အလားတူ လက်ရှိ မိုးရာသီ ကာလသည် ဒေသခံများ တောထွက်လည်ပြီး စားဝတ်နေရေး ဖြေရှင်းရန်အတွက် တောထဲမှ မှိုများ ရှာဖွေကာ မြို့သို့ တက်ရောင်းပြီး ရသည့် ငွေများကို မိသားစု စားဝတ်နေရေးအတွက် ဖြေရှင်းခဲ့ဖူးသည်။

သို့ပေမယ့် လက်ရှိမှာတော့ တိုင်းရင်းသားလက်နက်ကိုင် နှင့် စစ်ကောင်စီ တို့ စစ်ရေးတင်းမာမှု ရှိခဲ့ပြီး မြေမြှုပ်မိုင်း ရှိထားသည့်အတွက် ဒေသခံ ပြည်သူများလည်း တောထဲရှိ မှိုများ၊ စားပင်များ ရှာဖွေရန် ခက်ခဲပြီး ဝင်ငွေ တစ်ဖက်တစ်လမ်း လျော့ကျမှုလည်း ရှိခဲ့သည်။

“ကျွဲ ၊ နွား တွေ ကျက်စားဖို့ နေရာမပြောနဲ့ ပြည်သူ အတွက် ရှာစားဖို့ နေရာတောင် မရှိတော့ဘူး။ အရင်ကဆို တောထွက်လည်ပြီး မှိုတွေ၊ မြစ်တွေ၊ ထင်း တွေ ရှာပြီး မြို့ပေါ်တက်ရောင်းတယ်။ အဲ့လို ရှာဖွေဖို့ ခက်ခဲသွားတော့ စားဝတ်နေရေးအတွက်လည်း ဝင်ငွေ နည်းပါးသွားတယ်လေ” ဟု တောထွက်ပြီး ဟင်းရွက်ရှာဖွေကာ မြို့သို့ လာရောင်းခဲ့ဖူးသည့် ဒေသခံ အမျိုးသား တစ်ဦး ကပြောသည်။

အလားတူ လဲချားမြို့နယ် ဟိုင်းဆိုင်ကျေးရွာအုပ်စုအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ သွားလာလှုပ်ရှားမှု ရှိသည့်အတွက် ဒေသခံများ တောင်ယာ ကို သွားကြည့်ရန် ခက်ခဲသဖြင့် ကျွဲ ၊ နွား များ ဝင်ရောက် မွှေနှောက်သဖြင့် ပြောင်းခြံ များစွာ ပျက်စီးမှု ရှိခဲ့သည်။

“ပြီးခဲ့လက ကျနော်တို့ ရွာအနီးနား သွားလာလှုပ်ရှားမှု ရှိတဲ့အတွက် ပြောင်းခြံ အတွင်း ဝင်လာတဲ့ ကျွဲ ၊ နွား တွေ ဝင်လာပေမယ့် မသွား မောင်းထုတ်ရဲဘူး။ ခြံကိုလည်း မသွားကြည့် ရဲဘူး။ ဒါက စစ်ပွဲရဲ့ အကျိုးရလဒ်တွေပဲ”ဟု ဟိုင်းဆိုင်ကျေးရွာအုပ်စုအတွင်း နေထိုင်သည့် ဒေသခံ တစ်ဦး ကပြောသည်။

လဲချားမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ သွားလာမှု ခက်ခဲခြင်း၊ မြေမြှုပ်မိုင်း နင်းမိမှာကို စိုးရိမ်မှု ရှိခြင်းအပြင် ကျွဲ၊ နွား များသည် မြေမြှုပ်မိုင်းဒဏ်ကြောင့် (၅၀) ကောင်ထက်မနည်း သေဆုံးမှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၆ ရက်မှ စတင်ကာ လဲချားမြို့နယ်အတွင်း SSPP/SSA နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့သည်။

ယင်းထိတွေ့ တိုက်ပွဲနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့သည် ဒေသအတွင်း စစ်အင်အားဖြည့်တင်းမှုရှိသည့်အပြင် ရွာအဝင်အထွက်များကို ပိတ်ပြီး ဒေသခံများကို စစ်ရှောင်ခွင့် မပေးခြင်းများလည်း ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...