Thursday, February 5, 2026

စစ်ကောင်စီ

သျှမ်းတောင်တိုက်ပွဲ ၅လ ကျော်အတွင်း အရပ်သား (၉၆)ဦး သေဆုံး

သျှမ်းပြည် တောင်ပိုင်း စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်ဖွဲ့နှင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ (၅)လကျော် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင်း အရပ်သား (၉၆)ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုသေဆုံးသွားသည့် အရပ်သား (၉၆)ဦးသည် သျှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်း၊ဟိုပုံး၊ဆီဆိုင်၊ညောင်ရွှေ၊ရပ်စောက်မြို့နယ် တို့ဖြစ်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး...

စစ်ဆရာဝန်များ အထူးတိုက်ခိုက်ရေး သင်တန်းတက်နေ

သျှမ်းမြောက်နှင့် နိုင်ငံတတဝှမ်း စစ်ရှိန် မြင့်တက်နေစဥ် စစ်တပ် ဆရာဝန် (စစ်ဆေးဗိုလ် DSMA) များ တိုင်ပွဲဝင်နိုင်ရေး အတွက် စစ်ကောင်စီက အထူးတပ်ခွဲမှူး (တိုက်ခိုက်ရေး) သင်တန်း ပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၁၈ ရက်) တွင် ပြောသည်။ စစ်တပ် ဖွဲ့စည်းပုံအရ...

တောင်ကြီးမြို့ပေါ် ရုတ်တရက် ရောက်လာသည့် စစ်ရှောင်အတွက် အရေးပေါ် နေရာထိုင်ခင်း ခက်ခဲနေ

သျှမ်းပြည် တောင်ကြီးမြို့နယ်သို့ စစ်ဘေးရှောင် ၅၀၀ ကျော် ရုတ်တရက် ရောက်ရှိလာသဖြင့် အရေးပေါ် နေရာထိုင်ခင်း ခက်ခဲနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ ပထမပတ်မှ စတင်၍ လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ် (MNDAA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လားရှိုးမြို့နယ် မှ ဒေသခံထောင်နှင့်ချီသည် သျှမ်းပြည်တောင်ပိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။ ထို့ကြောင့်...

MNDAA နှင့် TNLA ထိန်းချုပ်ထားသည့် နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ စတင်ပိတ်ပင်ဟုဆို

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ထိန်းချုပ်ထားနိုင်သည့် နယ်စပ်ဂိတ်များကို တရုတ်အာဏာပိုင်ဘက်မှ ယမန်နေ့ (ဇူလိုင် ၁၇)ရက်မှ စတင်ပိတ်ပင်လိုက်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ တတိယပတ်မှ စတင်ပြီး တရုတ်-မြန်မာ နယ်စပ်တလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့်...

ရွာငံမြို့နယ် PDF စခန်းသို့ စစ်ကောင်စီစစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်

သျှမ်းပြည် ရွာငံမြို့နယ်အခြေစိုက် ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ JPRF စခန်းကို စစ်ကောင်စီတပ်က စစ်သားနှင့်ပျူစောထီး အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ JPRF စခန်းသို့ စစ်ကောင်စီတပ်က စစ်သားနှင့် ပျူစောထီး အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသောကြောင့် ဇူလိုင် ၁၄ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု...

ကျေးသီးမြို့ပေါ် စစ်ဘေးရှောင် အလုံးအရင်းရောက်ရှိ

သျှမ်းပြည် မိုင်းရယ်မြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံအများအပြား ကျေးသီးမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင် နေကြကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ပထမပတ်မှ စ၍ မိုင်းရယ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအကြား လုံခြုံရေးစိုးရိမ်မှုကြောင့် ဒေသခံပြည်သူများ အလုံးအရင်း ကျေးသီးမြို့နယ်သို့ ‌ထွက်ပြေးတိမ်းရှောင်လာကြသည်။ အဆိုပါ စစ်ဘေးရှောင်များသည်...

လားရှိုးမြို့ပေါ် စစ်ကောင်စီလေကြောင်းဗုံးကြဲ၊ လက်နက်ကြီးကြောင့် မိသားစုဝင် ၃ ဦး ပွဲချင်းပြီး သေဆုံး

သျှမ်းပြည် လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာအုပ်စုဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားသေဆုံးမှုနှင့် ပြည်သူနေအိမ် ထိခိုက်ပျက်စီးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) ညနေပိုင်းတွင် လားရှိုးမြို့ ဟိုပိတ်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား သေဆုံးဒဏ်ရာရရှိသည့်အပြင် ဘုန်းကြီးကျောင်းနှင့် ပြည်သူနေအိမ်...

လားရှိုးမြို့ နန်ကျိုင်းစခန်းတွင် ဖမ်းမိသော စစ်သုံ့ပန်းများအနက် ကလေး ၃ ဦးပါဝင်

သျှမ်းပြည် လားရှိုးမြို့ စစ်ကောင်စီ၏ နန်ကျိုင်းစခန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ကသိမ်းပိုက်ပြီးနောက် စစ်သုံ့ပန်းများအနက် အသက် (၁၈) နှစ်မပြည့်သေးသည့် ကလေး ၃ ဦးကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ထားသည်။ ဇူလိုင် ၁၄ ရက်က စစ်ကောင်စီ၏ နန်ကျိုင်းစခန်းကိုး ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ပြီးနောက်...

ကျောက်မဲ TNLA တစ်ဘက်သက်အပစ်ရပ်ဟု ဆိုသော်လည်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွား

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ တစ်ဘက်သက် အပစ်ရပ်ရန် ညွှန်ကြားထားသော်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ ( ဇူလိုင်လ ၁၅ ရက်) မှ စတင်ပြီး ဇူလိုင်လ ၁၈ ရက်နေ့အထိ လေးရက်တာ တစ်ဘက်သက် အပစ်ရပ်ထားရန်...

တောင်ကြီးမြို့နယ် လယ်ယာမြေပေါ်ဆောက်လုပ်ထားသည့် နေအိမ်များကို စစ်တပ်က ဖယ်ရှားခိုင်း၊ ဗျူဟာကုန်း ဆောက်လုပ်သွားမည်ဟုသိရ

သျှမ်းပြည် တောင်ကြီးမြို့နယ် လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ နေအိမ်များဆောက်လုပ်ထားသည် ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနက ဖယ်ရှားခိုင်းနေကြောင်း ဒေသခံများကပြောသည်။ တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်၊ နယ်မြေ (၇) အတွင်းရှိ နေအိမ်တစ်လုံးကို အခွင့်အမိန့်မရရှိဘဲ တရားမဝင်လူနေအိမ် ဆောက်လုပ်ထားသည်ဟုဆိုကာ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာနာက...

Latest news