Tuesday, January 27, 2026

SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ လားရှိုးရှိနေအိမ် ဖျက်ဆီးခံရ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ နေအိမ် ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဇူလိုင်လ ၃၀ ရက်)တွင် လားရှိုးမြို့ ရပ်ကွက် (၁)၊ နယ်မြေ (၆) မြဝတီလမ်းရှိ SSPP/SSA နာယက ဗိုလ်ချုပ်ကြီး ဆေထင်၏ နေအိမ်တွင် စောင့်ဆိုင်းနေသူများကို ကိုးကန့်တပ်ဖွဲ့ (MNDAA) မှ ဝင်ရောက်မောင်းထုတ်ပြီး၊ နေအိမ်ကို ဖျက်ဆီးခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အိမ်မှာလည်း အိမ်စောင့်ကလွဲပြီး ဘယ်သူမှ မကျန်ခဲ့ဘူး။ အိမ်စောင့်တဲ့သူကို MNDAA တို့က မောင်းထုတ်တယ်။ နောက် MNDAA တွေ ပြန်ထွက်သွားလို့ အစောင့်က ပြန်သွားကြည့်တော့ အားလုံး တစ်စစီ ဖျက်ဆီးခံထားရပြီ”ဟု မျက်မြင်ကိုယ်တွေ့ ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လားရှိုးမြို့အတွင်း စစ်ကောင်စီတပ်နှင့် MNDAA တပ်ဖွဲ့တို့ သွားလာလှုပ်ရှားနေသည့် နေရာဖြစ်ပြီး၊ MNDAA သည် လားရှိုးမြို့၌ အလုံးစုံနီးပါး ထိန်းချုပ်ကာ အုပ်ချုပ်ရေး ယန္တရား စတင်လှည်ပတ်နေပြီဟုလည်း ထုတ်ပြန်ထားသည်။

လားရှိုးမြို့အတွင်း နေ့စဉ်ဆက်တိုက် တိုက်ပွဲဖြစ်ပွားသကဲ့သို့ စစ်ကောင်စီဘက်မှလည်း လေကြောင်းဖြင့် ဗုံးကြဲမှု ဆက်တိုက်ပြုလုပ်ကာ ဒေသခံ ၉၀ ရာခိုင်နှုန်းသည် လားရှိုးမြို့မှ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထို့ကြောင့် လားရှိုးမြို့တွင် ဒေသခံများ နေအိမ်ကို စွန့်ခွာထွက်ပြေးနေချိန် ၎င်းနေအိမ်များ၊ ဆိုင်ခန်းများရှိ လူသုံးကုန်ပစ္စည်းများကို နေ့စဉ် ဖောက်ထွင်း ခိုးယူခံရခြင်း၊ ဖျက်ဆီးခံနေရကြောင်း လားရှိုးဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက် ညပိုင်းတွင် ‘ဝ’ တပ်ဖွဲ့ UWSA ဝင်ရောက်လာပြီးနောက် လားရှိုးမြို့ကို တရားမျှတစွာ အုပ်ချုပ်မည်ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့က ဇူလိုင်လ ၂၈ ရက်တွင် ထပ်မံထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...