စစ်ရှောင်တစ်သိန်းကျော်အတွက် ရေရှည်ထောက်ပံ့မှုများ လွန်စွာခက်ခဲလာ

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ချွတ်ခြုံလာမှုကြောင့် သျှမ်းပြည်တောင်ပိုင်းက စစ်ဘေးရှောင် တစ်သိန်းကျော်အတွက် ရေရှည်ထောက်ပံ့မှုများ ခက်ခဲသည့် အခြေအနေရောက်ရှိနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ကထုတ်ပြန်သည့် သုတေသနစာတမ်းတွင်ဖော်ပြထားသည်။

စစ်ဘေးရှောင်အခြေအနေများသည် အာဏာသိမ်းပြီးကာလနှင့် ယခုကာလနှိုင်းယှဉ်ပါက အခြေအနေများ မတူညီတော့ဘဲ တိုက်ပွဲများကြောင့် သျှမ်းပြည်တောင်ပိုင်းတွင် စစ်ဘေးရှောင် ဦးရေ တစ်သိန်းနီးပါးအထိ မြင့်တက်လာနေသည်ဟု ယနေ့ ဇူလိုင် ၂၉ ရက်တွင် ပအိုဝ်းလူငယ်အစည်းအရုံး PYO မှ ထုတ်ပြန်သော စစ်အာဏာရှင်စနစ်ဆိုး၏မြေစာပင် သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

စစ်ဘေးရှောင် သုံးပုံ နှစ်ပုံခန့် အခြေခံစားဝတ်နေရေး လက်လှမ်းမီနိုင်ရန် အခက်အခဲ၊ စိတ်ခေါ်ချက်များစွာဖြင့် အရေးပေါ်လိုအပ်မှု ပမာဏပိုပိုမြှင့်မားလာနေဆဲဖြစ်ပြီး၊ နီးစပ်ရာ တောတောင်နှင့် ဒေသများတွင် စစ်ဘေးတိမ်းရှောင်နေရဆဲသော ပြည်သူများလည်း အများအပြားရှိနေဆဲဟု ပအိုဝ်းလူငယ်အစည်းအရုံး PYO မှဝာာဝန်ခံ လီလီကပြောသည်။

“ အခုလောလောဆယ်က တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင် သုံးပုံနှစ်ပုံက စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး အခက်ခဲဖြစ်နေဆဲ၊ စိတ်ခေါ်မှုတွေဖြစ်နေဆဲဖြစ်တယ်။ အရေးပေါ်လိုအပ်ချက်တွေ မြင့်မားနေဆဲဖြစ်တယ်။ အခုဒီလထဲမှာဘဲ ပင်လောင်းမှာ စစ်ဘေးရှောင်လာတဲ့ စစ်ဘေးရှောင်သက်ကြီးရွယ်အိုတွေ သုံးရက်ဆက်တိုက် သေဆုံးမှုဖြစ်တယ်။ အဓိကတော့ မိုးအဆက်မပြတ်ရွာသွန်းတာတွေ၊ အအေးဒဏ်မခံနိုင်တာတွေ၊ အမိုးအကာ၊ အခင်း၊ စောင်တွေမလုံလောက်တာ ” ဟု လီလီက ပြောသည်။

လက်ရှိ စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့မှုများတွင် တချို့သော အကူအညီများမှာ ဟန့်တားခံရခြင်း အထူးသဖြင့်ဆေးဝါးများကို ဟန့်တားခြင်းကြောင့် စစ်ဘေးရှောင်ကျန်းမာရေးစောင့်ရှောက်မှုအပေါ် ထိခိုက်လာကြောင်း ဆိုသည်။

ကူညီထောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းလာခြင်းကြောင့် ပြီးခဲ့သည့် ဇူလိုင် ၂၅၊ ၂၆ ၂၇ ရက်နေ့တွင် ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတစ်နေရာတွင် စစ်ဘေးရှောင် သက်ကြီးရွယ်အို ၄ ဦးသေဆုံးမှု ဆက်တိုက်ဖြစ်စဉ်ဖြစ်ခဲ့သည်ဟု သိရသည်။

ယခု ၂၀၂၄ ခုနှစ်အတွင်း စားနပ်ရိက္ခာ၊ ဆေးဝါး အခက်ခဲအမျိုးမျိုးကြောင့် စစ်ဘေးရှောင်များ စစ်ရှောင်နေစဉ် ကာလအတွင်း မသေသင့်ဘဲ သေဆုံးရသူ ၁၀ ရာခိုင်နှုန်းရှိသည်ဟု ပအိုဝ်းလူငယ်အစည်းရုံးကပြောသည်။

ထို့အပြင် စစ်ဘေးရှောင်နေရသည့် ပြည်သူများကို စစ်ကောင်စီတပ်က ဖိအားပေးနေရပ်ပြန်ခိုင်းပြီးနောက် နေရပ်သို့ ပြန်လာကြရသည့်တိုင် မလုံခြုံမှုများက နေ့တိုင်း၊ အချိန်တိုင်းတွင် ဖြစ်ပေါ်ကြောင်း ဆိုသည်။

မလုံခြုံမှုအခြေအနေများကြောင့် သေဆုံးခဲ့ရသည့် အသက်အရွယ်ပေါင်းစုံ အရပ်သား ၉၆ ဦးရှိသည့်အပြင် ကိုယ်ခန္ဓာထိခိုက်ဒဏ်ရာသွားသည့် အရပ်သား ၁၄၂ နှင့်၊ စိတ်ပိုင်းဆိုင်ရာထိခိုက် ဒဏ်ရာရသည့် အရပ်သား အမြောက်အများမရေမတွက်နိုင်အောင်ရှိခဲ့ပြီဟုလည်း စားတမ်းတွင် ဖော်ပြထားသည်။

အလားတူ မှတ်ပုံတင်ထားခြင်းမရှိသော အရပ်ဖက်အဖွဲ့အစည်းများအား စစ်ကောင်စီက ဖမ်းဆီးခြင်း၊ ဆီဆိုင်မြို့ တိုက်ပွဲဖြစ်ပွားခြင်းတို့ကြောင့် လမ်းကြောင်းများအားလုံခြုံစိတ်ချစွာ အသုံးပြုသွားလာ၍မရသဖြင့် စစ်ဘေးရှောင်များထံ အကူညီများရောက်မလာနိုင်ကြောင်း သိရသည်။

စစ်ဘေးရှောင်များကို လူသားချင်းစာနာအကူညီပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်းများလည်း အာဏာရှိသည့် စစ်ကောင်စီထံမှတစ်ဆင့် ထောက်ပံ့မှုများပေးနေသောကြောင့် တကယ်မြေပြင်တွင် လိုအပ်နေသော စစ်ဘေးရှောင်များထံသို့ ရောက်မလာနိုင်ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO တာဝန်ခံ ခွန်ဦးကပြောသည်။

“နိုင်ငံတကာကအကူအညီတွေကို အာဏာရှိတဲ့သူတွေက ကိုင်ထားပြီးတော့ ဒီကနေမှ တစ်ဆင့်လူထုကို ပြန်ပြီးတော့မှပေးတယ်ဆိုတဲ့ဟာ။ နိုင်ငံတကာလူသားချင်းစာနာ ထောက်ထားမှုဆိုတဲ့ခေါင်းစဉ်ကတော့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူငယ်တွေ၊ လူမှုအသင်းအဖွဲ့ကနေတစ်ဆင့် သွားဖို့လိုတယ်” ဟု ခွန်ဦးက ပြောသည်။

ထို့ကြောင့် စစ်အာဏာရှင် စစ်ကောင်စီကို အသိအမှတ်မပြုရန်နှင့် ပူးပေါင်းကူညီဆောင်ရွက်မှုများ ရပ်တန့်ရန်၊ လူသားချင်းဆိုင်ရာ ကူညီမှုများအား စစ်ကောင်စီကင်းလွတ်သည့် နေရာဒေသများတွင် ထိရောက်စွာ ကူညီရန်၊ လူသားချင်းစာနာမှုများအား နယ်စပ်ဖြတ်ကျော်ခြင်းနှင့် ပြည်တွင်းအရပ်ဖက်များနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်သွားရန် စသည့် တောင်းဆိုချက် ၁၀ ချက်ကို ပအိုဝ်းလူငယ်အစည်းအရုံး PYO ကတောင်းဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...