ကျောက်မဲ စစ်ကောင်စီတပ်ကို လက်နက်ချဖို့ TNLA ဖိအားပေးတိုက်ခိုက်နေ

သျှမ်းပြည် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများ လက်နက်ချရန် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဖိအားပေး တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်မှ စတင်ပြီး ကျောက်မဲမြို့ရှိ စစ်ကောင်စီလက်အောက်ခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-(၁)၊ ခြေမြန်တပ်ရင်း ခမရ-(၅၀၁)၊ (၅၀၂) တို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က တစ်လကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ အပြီးသတ် သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ စစ်ကောင်စီတပ်ကို လက်နက်ချအညံ့ခံရန် TNLA မှ ဆက်လက်ဖိအားပေး တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ကျောက်မဲကတော့ ဆက်တိုက်နေတာ ဟုတ်တယ်။ တစ်ဘက်ကလည်း စစ်တပ်ကို လက်နက်ချ အညံ့ခံဖို့ TNLA ဘက်က ညှိနှိုင်းနေတယ်လို့လည်း ကြားတယ်။ ရပ်စောက်ဘက်က အင်အားဖြည့်လာတဲ့ စစ်ကြောင်းလည်း နောင်ပိန်လေးကနေ မြို့ထဲ မဝင်ရသေးခင် TNLA ဝင်တိုက်လို့ ဖွဲ့စည်းပုံ ပျက်သွားတယ်။ အခု တိုက်နေတာက နတ်တောင်ဘက်မှာ”ဟု ကျောက်မဲမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇူလိုင်လ (၂၉) ရက်တွင် ကျောက်မဲမြို့ စစ်ကောင်စီတပ် ခမရ (၅၀၂) တပ်စခန်းမှ မာန်အောင်ဘုန်းကြီးကျောင်းဘက်သို့ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် အလုံး(၃၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်ထားသည်။

အလားတူ ဇူလိုင်လ (၃၀) ရက်တွင် ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ စကခ-(၁)၊ ခမရ-(၅၀၁)၊ (၅၀၂) ရှိ လွယ်ခွင်တောင်နှင့် တာဝါတိုင်စခန်းကုန်းတို့ကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ပွဲဆင်နွှဲခဲ့ပြီး စစ်ကောင်စီတပ်၏ သေနတ် (၃၇) လက်နှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျောက်မဲမြို့ရှိ ခလရ- (၅၀၁၊ ၅၀၂) တပ်စခန်းအတွင်းသို့ စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့ရဟတ်ယာဉ်ဖြင့် လက်နက်ခဲယမ်းများ လာရောက်ပို့ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း TNLA ဘက်မှ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်မှ (၂၂) ရက်အထိ TNLA ၊ ကျောက်မဲခရိုင် PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်မှ အင်အားဖြည့်တင်းလာသည့် တပ်မ (၁၁) လက်အောက်ခံ ခလရ-၂၀၂/၂၀၃ တို့ နမ့်စစ်လင်းဘုန်းကြီးကျောင်းနှင့် အေးရှားဝေါ တိုးဂိတ်ဘက်တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။

၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက် MA1 (၂၆) လက်၊ MA3(၁၆)လက်၊ MA4(၄)လက်၊ MA11(၁၂)လက်၊ MA2(၁၀)လက် ငကျည်းမီး (၁)လက်၊ 45MM (၂)လက် 120MM (၁)လက် နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း (၈၅) လက် သိမ်းဆည်းရမိပြီး ရန်သူ့အလောင်း (၅၄) လောင်းနှင့် စစ်သုံ့ပန်း (၄၀) ဦးတို့ပါ ဖမ်းဆီးရမိခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်သည်။

ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲကာလ တစ်လကျော်အတွင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများအပြင် သေနတ်ပစ်ခတ်ခံရမှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှု (၁၀၀) နီးပါးအထိ မြှင့်တက်လာကြောင်း ကျောက်မဲမြို့ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...