လားရှိုး မန်ဆူဘုန်းကြီးကျောင်း ဗုံးကြဲခံရ စစ်ဘေးရှောင် အမျိုးသမီး ၃ ဦးအပါအဝင် ၅ ဦး သေဆုံး

သျှမ်းပြည် လားရှိုးမြို့ပေါ်သို့ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် သီရိမင်္ဂလာ မန်ဆူသျှမ်းကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင် အမျိုးသမီး ၃ ဦးအပါအဝင် (၅) ဦး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့ရှိ သီရီမင်္ဂလာ မန်ဆူဘုန်းကြီးကျောင်း အနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ရပ်ကွက်(၅) ဝမ်ကောင်းဘက်မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် အမျိုးသမီး ၃ ဦးအပါအဝင် (၅) ဦး ပွဲချင်းပြီး သေဆုံးသွားပြီး (၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

“မန်ဆူသျှမ်းကျောင်း ဇရပ်ထဲက စစ်ရှောင်တွေကို ထိတယ်၊ အဒေါ်ကြီး ၃ ယောက်နဲ့ အမျိုးသား ၂ ယောက်ကတော့ ပွဲချင်းပြီး ဆုံးသွားတာ။ ဘေးနားက တခြားစစ်ရှောင်တွေလည်း ဒဏ်ရာရတာရှိတယ်။ ဝမ်ကောင်းဘက်ကနေ ဘုန်းကြီးကျောင်းထဲ တည်းနေပြီး ဘယ်မှ မသွားနိုင်တဲ့ စစ်ရှောင်တွေ ကျန်နေတာ”ဟု လားရှိုးမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ နံနက်ပိုင်းအထိ လားရှိုးမြို့ သီရိမင်္ဂလာ မန်ဆူသျှမ်းကျောင်းတွင် လားရှိုးမြို့ ရပ်ကွက် (၅)ဘက် ဝမ်ကောင်းကျေးရွာအုပ်စုမှ စစ်ဘေးရှောင် (၈၀) ကျော် ကျန်ရှိနေပြီး ၎င်းတို့ကို ဘေးလွတ်ကင်းရာ စစ်ဘေးရှောင်စခန်းသို့ စတင်ရွှေ့ပြောင်းပေးနေကြောင်း စစ်ဘေးရှောင် ကူညီပေးသူများထံမှ သိရသည်။

“ဦးပဉ္ဇင်းနဲ့ကိုရင် ၄၃ ပါးရယ်၊ နောက်ပြီး ကပ္ပိယတွေနဲ့ဆိုရင် စုစုပေါင်း ၆၀ ကျော်လောက်ရှိမယ်။ ကျောင်းဝင်းထဲ ဗုံးဆံ မကျခင်ရက်က အားလုံးထွက်နိုင်ခဲ့တယ်။ ကျောင်းမှာ ကျန်တာကတော့ ရပ်ကွက်(၅) ဝမ်ကောင်းဘက်ကနေ ဘုန်းကြီးကျောင်းကို ရှောင်လာတဲ့ စစ်ဘေးရှောင် ၈၀ ကျော် ကျန်တာ”ဟု လားရှိုးမြို့မှ ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ မန်ဆူကျောင်းထိုင်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ပုညနန္ဒသည်လည်း ဇွန်လပိုင်းမှ စတင်၍ သျှမ်းပြည်တောင်ပိုင်းသို့ ကြွရောက်ပြီး ဝါဆိုဝါကပ်နေကြောင်း သိရသည်။

“ဗမာစစ်သားနဲ့ ကိုးကန့်တပ်နဲ့က မန်ဆူဘုန်းကြီးကျောင်းနားမှာ ကပ်လျက်ရှိနေတာ လမ်းမကြီးပဲ ခြားတယ်။ လက်နက်ကြီးနဲ့ကော သေနတ်အသေးနဲ့ကော ပစ်နေတုန်းပဲ။ မြို့ထဲ လမ်းပေါ်မှာ ဒဏ်ရာနဲ့သေနေတဲ့ အလောင်းတွေလည်း ရှိတယ်၊ အခု ကြာကန်သုဿာန် ပို့လို့မရတော့ အကုန်ဒုက္ခရောက်နေတယ်”ဟု လားရှိုးမြို့ စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့ပေါ်တွင် ငွေကြေးမတတ်နိုင်ဘဲ ထွက်ပြေးတိမ်းရှောင်ရန် ခက်ခဲသည့် ပြည်သူများမှာ နှစ်ဘက်တိုက်ပွဲအတွင်း ကြားညှပ်ပိတ်မိနေပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီ လိုအပ်လျက်ရှိကာ တိုက်ပွဲဆက်လက် ပြင်းထန်လာပါက ထိခိုက်သေဆုံးမှု ထပ်မံမြှင့်တက်လာနိုင်ကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ယမန်နေ့ (ဇူလိုင်လ ၂၈) ရက်တွင် လားရှိုးမြို့ ရပ်ကွက် (၁၂) လားရှိုးကြီးဘက်တွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး လားရှိုးအကျဉ်းထောင်ကို ဖွင့်ပေးလိုက်ခြင်းကြောင့် အကျဉ်းကျခံနေရသူအားလုံး လွတ်မြောက်သွားကြောင်း ထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က အတည်ပြုသည်။

လားရှိုးမြို့ရှိ တိုင်းရင်းသားပေါင်းစုံ၏ လိုလားချက်အရဟုဆိုကာ ဇူလိုင်လ ၂၇ ရက် ညပိုင်းက ‘ဝ’ တပ်ဖွဲ့ UWSA ဝင်ရောက်လာပြီးနောက် လားရှိုးမြို့ကို တရားမျှတစွာ အုပ်ချုပ်မည်ဖြစ်ကြောင်း ကိုးကန့်တပ်ဖွဲ့က ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်)တွင် ထပ်မံထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...