Wednesday, January 28, 2026

ကွတ်ခိုင်မြို့နယ်

မူဆယ်ခရိုင်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နှစ်ရက်ဆက်တိုက် ပစ်ခတ်နေ

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် နှစ်ရက် ဆက်တိုက် ပစ်ခတ်နေကြောင်း သတင်းသိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်း ၉ နာရီ ဝန်းကျင်မှ စတင်ကာ နမ့်ဖက်ကာ အမှတ် (၂) ရပ်ကွက်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း...

ကွတ်ခိုင် – တာမိုးညဲကြား ခရီးသည်ကား ဓားပြတိုက်ခံရ၊ အမျိုးသား ၂ ဦး သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ နှင့် တာမိုးညဲကြား ပြည်ထောင်စု ကားလမ်းမပေါ်တွင် ခရီးသည်တင်ကား တစ်စီးဓားပြတိုက်ခံရပြီး အမျိုးသား ၂ ဦး ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက် နေ့လည်ပိုင်း ၂ နာရီခွဲ ဝန်းကျင်က ကွတ်ခိုင်- တာမိုးညဲကြား မော်ဟန်ရွာအနီးတွင် ခရီးသည်တင်ကားတစ်စီး...

ကွတ်ခိုင်မြို့နယ် ပန်ယန်းခါးစစ်ရှောင်စခန်း ကလေးငယ်များဖျားနာ၊ အစာအာဟာရ ပြတ်လပ်နေ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအနီးရှိ ပန်ယန်းခါး စစ်ရှောင်စခန်းတွင် ယခုကာလတွင်း ရာသီဉတု ပြောင်းလဲမှုကြောင့် ကလေးငယ်များ ဖျားနာနေကြပြီး စားနပ်ရိက္ခာအတွက် အစာအာဟာရပြတ်လပ် နေကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ စခန်းရှိ စစ်ရှောင်ဦးရေမှာ (၂၅၃) ဦးရှိပြီး အသက် ၁၀ နှစ် အောက်ကလေးငယ် တချို့သည်...

ကွတ်ခိုင်မြို့နယ် အမျိုးသမီးများပါဝင်ပြီး မူးယစ်ဆေးဝါးများကို နှိမ်နင်းနေ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအတွင်းတွင် အမျိုးသမီးများကိုယ်တိုင် ဦးဆောင်ပြီး မူးယစ်ဆေးဝါး နှိမ်နင်းမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအတွင်း မူးယစ်ဆေးဝါး ယခင်ထက် ပိုမိုပေါများလာသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက တာဝန်ယူ နှိမ်နင်းခြင်းမရှိသည့်အတွက် ဒေသခံပြည်သူများ စုပေါင်းကာ မူးယစ်ဆေးဝါးကို နှိမ်နင်းခြင်းဖြစ်ကြောင်း ပါဝင်လှုပ်ရှားသူ အမျိုးသမီးတစ်ဦးက...

အုပ်ချုပ်ရေးမှူးများ ခွင့်ပြုချက်ဖြင့် ကျောက်မဲမြို့တွင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းတွင် အုပ်ချုပ်ရေးမှူးများ၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဝိုင်းများကို တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့ဖွင့်လှစ်နေကြောင်း သတင်းသိရသည်။ သြဂုတ်လဆန်းပိုင်းမှစတင်ကာ ကျောက်မဲမြို့နယ် အမှတ် (၁) ရပ်ကွက် နှင့် နမ့်ဟူးတောင်းတို့တွင် လောင်းကစားဝိုင်း နေရာသစ်အဖြစ် ဖွင့်လှစ်နေကြပြီး မကြိုက်သည့် ဒေသခံများရှိနေသော်လည်း အုပ်ချုပ်ရေးမှူးခွင့်ပြုချက်ဖြင့် ဖွင့်နေကြသည့်အတွက် ကန့်ကွက်မှု မပြုလုပ်နိုင်ကြောင်း...

သျှမ်းပြည် တိုက်ပွဲကြား ကလေးငယ်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရ

သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများအကြား တစ်လအတွင်း အပြစ်မဲ့ ကလေးငယ် နှစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်တွင် မိုင်းရှူးမြို့နယ်မှ အရပ်သား မောင်းနှင်လာသည့် ကားကို စစ်ကောင်စီမှ သေနတ်ပစ်ခတ်လိုက်သဖြင့် ကားပေါ်ပါလာသည့် အသက် ၃ နှစ်...

ကွတ်ခိုင်မြို့နယ်တိုက်ပွဲအတွင်း ကလေးငယ်တစ်ဦး လက်နက်ကြီး ကျည်ထိ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာ အနီးတွင် အာဏာသိမ်း စစ်ကောင်စီနှင့် ကချင် လွတ်မြောက်ရေးတပ်မတော်( KIA) တို့တိုက်ပွဲဖြစ်ပွားပြီး ကလေးငယ်တစ်ဦး လက်နက်ကြီးထိ ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင် ၂၅) ရက် နံနက် ၇ နာရီဝန်းကျင်တွင် လွိုင်ဆမ်ဆစ်တောင်ခြေရှိ မန်နောင်ကျေးရွာနှင့် နမ့်ပါခီး...

တလကျော် ပျောက်ဆုံးနေသည့် သီပေါ အမျိုးသမီး ၏ မိဘ ခြိမ်းခြောက်ခံရ

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့တွင် တလ ကျော်ကြာ ပျောက်ဆုံးနေသည့် အမျိုးသမီး၏ မိဘများကို အမည်မသိလက်နက်ကိုင် တပ်ဖွဲ့က မြန်မာကျပ်ငွေ ၁၅ သိန်း ခြိမ်းခြောက်တောင်းဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ သီပေါမြို့နယ် အုမ်မူ့ကျေးရွာအုပ်စု ဝမ်တက်နားမွန်ကျေးရွာနေ အသက် ၁၉ နှစ် အရွယ်ရှိ နန်းခမ်းအောင်သည် လွန်ခဲ့သည့်...

ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား စစ်ကောင်စီဘက် (၃) ဦးထက်မနည်း ကျဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် သျှမ်းမြောက် ပြည်သူ့လုံခြုံရေး နှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA) တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က (၃) ဦးထက် မနည်းသေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ တိုက်ပွဲသည် ပြီးခဲ့သည့် ဇွန် (၂၄) ရက်တွင် လားရှိုး...

ကွတ်ခိုင်စစ်ရှောင်စခန်းထဲ လက်နက်ကြီးကျ သုံးဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့က စစ်ရှောင်စခန်းကို လက်နက်ကြီးကျ ပေါက်ကွဲသည့်အတွက် စစ်ရှောင် ပြည်သူသုံးဦး သေဆုံးခဲ့ရပြီး တစ်ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန် ၁၇ )ရက် နံနက် ၁၁ နာရီခွဲ ဝန်းကျင်တွင် ကွတ်ခိုင်မြို့အနီးပတ်ဝန်းကျင်မှ ပစ်ခတ်သံ များ ထွက်ပေါ်လာပြီးနောက်တွင် ဇွပ်အောင်စစ်ရှောင်စခန်းသို့ လက်နက်ကြီးကျရောက်ခဲ့ကြောင်း...

Latest news