Wednesday, January 28, 2026

ကွတ်ခိုင် – တာမိုးညဲကြား ခရီးသည်ကား ဓားပြတိုက်ခံရ၊ အမျိုးသား ၂ ဦး သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ နှင့် တာမိုးညဲကြား ပြည်ထောင်စု ကားလမ်းမပေါ်တွင် ခရီးသည်တင်ကား တစ်စီးဓားပြတိုက်ခံရပြီး အမျိုးသား ၂ ဦး ပစ်သတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

သတ်ခံရသည့် အမျိုးသား

ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက် နေ့လည်ပိုင်း ၂ နာရီခွဲ ဝန်းကျင်က ကွတ်ခိုင်- တာမိုးညဲကြား မော်ဟန်ရွာအနီးတွင် ခရီးသည်တင်ကားတစ်စီး ဓားပြတိုက်ခံရပြီး ယာဉ်မောင်းသူ အမျိုးသားတစ်ဦး နှင့် ၎င်းသူငယ်ချင်း ၁ ဦးတို့ လက်ပြန်ကြိုးတုတ် ပစ်သတ်ခံရကြောင်း ကွတ်ခိုင်မြို့ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ၂ ယောက်က ကွတ်ခိုင်မြို့ကနေ တာမိုးညဲကို ခရီးသည်တင်ဆောင်သွားတာ၊ ဓားပြအဖွဲ့က ကားကို ဓားပြတိုက်သွားပြီး ယာဉ်မောင်းအမျိုးသား ၂ ဦးကို လက်ပြန်ကြိုးတုတ်ပြီး သတ်သွားတာဗျ။ ဒဏ်ရာကတော့ သေနတ်ပစ်သတ်ခံထားရတယ် “ ဟု ၎င်း အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ လက်ပြန်ကြိုးတုတ် သေနတ်ပစ်သတ်ခံရသည့် အမျိုးသား၂ ဦးမှာ အသက် (၂၄) နှစ်ဝန်းကျင်ရှိ ယာဥ်မောင်း နှင့် အသက် ၁၉ နှစ်အရွယ်ရှိ ၎င်း၏ သူငယ်ချင်း ဖြစ်ကြပြီး ၎င်းအမျိုးသား ၂ ဦး က ကွတ်ခိုင်မြို့တွင်နေထိုင်သည့် သူများဖြစ်ကြောင်းသိရသည်။

“ အခု ကာလက နိုင်ငံရေး အခြေနေ မကောင်းတာနဲ့ ညဘက် ကားမောင်းရင် မသိတဲ့သူ၊ သူစိမ်းတွေကို ကားပေါ် ခေါ်မတင်ပါနဲ့ သတိထားပါ။ အခုက ပြောလို့မရဘူး၊ အခုသတ်ခံရတဲ့ အမျိုးသား ၂ ဦးဆိုလည်း ကွတ်ခိုင်မြို့ကနေ တာမိုးညဲကို လိုက်ပါစီးသွားတဲ့ ခရီးသည်က ဓားပြတိုက်သွားတယ်လို့ ကြားရတယ်“ လို့ ကွတ်ခိုင်မြို့မှ ဒေသခံ အမျိုးသားက ဆိုသည်။

ကွတ်ခိုင်မြို့နယ်သည် တိုင်းရင်းသား လက်နက်ကိုင်များဖြစ်ကြသော တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA)၊ စစ်ကောင်စီ နှင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားရာ နယ်မြေလည်း ဖြစ်သည်။

ထို့အပြင် ကွတ်ခိုင်မြို့နယ်အတွင်းတွင် လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးများပေါ်တင် ဖွင့်လှစ်ရောင်းချသည့် နယ်မြေဖြစ်သည့်နေရာဖြစ်သည်။

အဆိုပါ လူသတ်မှုခင်းနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့အပြင် လက်နက်ကိုင်များက လိုက်လံ ဖမ်းဆီးဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...