နမ့်ဖတ်ကာအတွင်း စစ်ကောင်စီ လက်နက်ကြီးကြောင့် အိမ်တစ်လုံးမီးလောင်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးရသည့်အပြင် ဒေသခံ ၁ ဦး သေ ၊ ၄ ဦး ဒဏ်ရာရ သွားကြောင်း စုံစမ်းသိရသည်။

ကွတ်ခိုင်မြို့

ယမန်နေ့ (ဇူလိုင် ၁၈ ) ရက် ညနေပိုင်း ၄ နာရီဝန်းကျင်မှ စတင်ကာ နမ့်ဖတ်ကာအနီး စစ်ကောင်စီ နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIO/KIA တို့က ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက် လက်နက်ကြီး /ငယ်တို့ဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသည် ၂ နာရီ နီးပါး ကြာမြင့်ပြီး ည ၆ နာရီဝန်းကျင်တွင် နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီ၏ ခလရ (၁၂၃) တပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာကျေးရွာအုပ်စု၊ ခိုမုန်းကျေးရွာ အနီးရှိ ဇွတ်ရာရွာသစ်ကျေးရွာမှ နေအိမ် (၁) လုံး ထိမှန်ပြီး မီးလောင် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီးက အရပ်လေးမျက်နှာလုံးကို ပစ်နေကြတာ၊ အိမ်ထဲနေ နေပေမဲ့ အသံတွေက ကြားနေရတော့ အိမ်ပေါ်ပဲ လက်နက်ကြီး ကျမလား၊ တခြား နေရာရှောင်သွားရမလားဆိုတာမျိုးတွေ တွေးမိသေးတယ်။ ရွာသစ် ဘက်မှာတော့ လက်နက်ကြီး ကျလို့ အိမ်တစ်လုံးလည်း မီးလောင်ပျက်စီးရတယ်” ဟု လုံခြုံရေးအရ အမည် မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်အတွင်း ဝပ်နေကြသည့် ကလေးငယ် တစ်ဦး အပါအဝင် ဒေသခံများ (၄) ဦးလည်း လက်နက်ကြီးစ ထိမှန် ဒဏ်ရာရပြီး တစ်ဦးက သေဆုံးသွားရကြောင်းလည်း သိရသည်။

“အိမ်ထဲမှာ နေနေတာတောင် လက်နက်ကြီးစတွေ ထိမှန်လို့ အသက် (၉) နှစ်အရွယ် ကလေးတစ်ဦးက သေဆုံးသွားရတယ်။ စာရင်းအရ သိရတဲ့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာ ရသွားတဲ့ သူတွေက (၄) ဦးရှိတယ်၊ တစ်ဦးက ဒဏ်ရာပြင်းလို့ ဆေးရုံမှာပဲ ဆုံးသွားတယ်” ဟု နမ့်ဖတ်ကာမှ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိခိုက်ဒဏ်ရာရသူများကို လူမှုကူညီရေးအသင်းမှ ဆေးရုံသို့ လာရောက်သယ်ယူ ပို့ဆောင်ပေးခဲ့ ကြောင်းလည်း သိရသည်။

သေဆုံးသူသည် အသက် (၁၇) နှစ်အရွယ်ရှိ မောင်ဖောင်ယမ်နော်ပါ ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများက ဒေါ်ကဒိုး ခေါ်နန် (၄၇) နှစ်၊ မောင်ဘရန်စစ် (၁၆) နှစ်၊ မောင်ဘရန်ဆန် (၉) နှစ် နှင့် ဆရာမ မေရီဆိုင်းနန် တို့ဖြစ်ကြကြောင်းလည်း သိရသည်။

အဆိုပါ တိုက်ပွဲ အတွင်းတွင် KIO/KIA တပ်ဖွဲ့သည် နမ့်ဖတ်ကာရှိ စစ်ကောင်စီ၏ နယ်မြေ စခန်းတစ်ခုကိုလည်း သိမ်းပိုက်ရမိခဲ့ကြောင်း KIO/KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို အတည်ပြု ပြောဆိုခဲ့သည်။

“မနေ့က ၄ နာရီလောက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ အဲ့ဒီမှာ စစ်ကောင်စီရဲ့ တပ်စခန်း တစ်ခုကို ကျနော်တို့ တပ်ဖွဲ့ က ဝင်ရောက် စီးနင်းနိုင်ခဲ့တယ်။ ကျနော်တို့ တပ်မဟာ ၆ နယ်ထဲက နယ်မြေထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့ လာပြီး ထိုင်ထားတဲ့ စခန်းဖြစ်တယ်လို့ သိရပါတယ်။ အဲ့စခန်းက ၃/၄ ယောက်လောက်ပဲ ရှိသေးတယ်လို့လည်း သိရတယ်။” ဟု ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲသည် ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းမှ စတင်ပြီး ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...