ကျောက်မဲမြို့နယ်

ကျောက်မဲမြို့နယ် ရှိ ရှဲဆန်သတ္တုကုမ္ပဏီကို စစ်ကောင်စီက ပေါင်(၅၀၀)ဖြင့်ဗုံးကြဲ

သျှမ်းပြည်မြောက်ပိုင်း၊ကျောက်မဲမြို့နယ် မိုင်းလုံမြို့ ပန်ဝိုးကျေးရွာအုပ်စုတွင်းရှိ ရှဲဆန်သတ္တုကုမ္ပဏီကို အပစ်ခတ်ရပ်စဲထားသည့် စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲခဲ့သည်ဟု TNLAမှ ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် မေလ (၁၁)ရက် မွန်းလွဲပိုင်း (၁၂)နာရီခွဲ အချိန်တွင် စစ်ကောင်စီတပ်မှ ရှဲဆန်သတ္တုကုမ္ပဏီကို ဗုံးကြဲခဲ့ခြင်းကြောင့် ဘတ်ဖိုး (၁)စီး၊ သတ္တုထုတ်စက် (၁)လုံး၊စက်ပစ္စည်းများထားရှိသောဂိုဒေါင်...

စစ်ကောင်စီ မေလကုန်အထိ အပစ်ရပ်သက်တမ်းတိုးသော်လည်း ကျောက်မဲမြို့နယ်ထဲ ဗုံးထပ်ကြဲ

ငလျင်ဒဏ်သင့် ဒေသများ၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီတပ်မှ မေလကုန်အထိ အပစ်ရပ် သက်တမ်းတိုးလိုက်ကြောင်း ကြေညာလိုက်သည်။ မေလ ၆ ရက်မှ ၃၁ ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် စစ်ကောင်စီဘက်မှ ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း ယနေ့ (မေလ ၆ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏...

TNLA ထိန်းချုပ် ကျောက်မဲမြို့ကို စစ်ကောင်စီ တိုက်လေယာဉ် လေကြောင်းဗုံးကြဲ

သျှမ်းပြည် ကျောက်မဲမြို့နယ်ကို စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၅ ရက်) နံနက် ၁၁ နာရီကျော်အချိန်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့အနီးသို့ စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ၅ မိနစ်ခြားပြီး ၂ ကြိမ်...

ချင်းမိုင်မြို့ရှိ မြန်မာစားသောက်ဆိုင်များကို ထိုင်းအာဏာပိုင်များမှ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာစားသောက်ဆိုင်များကို ထိုင်းအာဏာပိုင်များက ယခုရက်ပိုင်း ရှောင်တခင် စစ်ဆေးမှု ပြန်လည်ပြုလုပ်နေပြီး၊ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများ သတိထားရန် လိုအပ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ပြောဆိုလိုက်သည်။ ယနေ့ (မတ် ၂၆ ရက်) နေ့လယ်ပိုင်းတွင် ချင်းမိုင်မြို့ရှိ မြန်မာစားသောက်ဆိုင် တစ်ခုကို ထိုင်းအာဏာပိုင်များက ရှောင်တခင်...

ကျောက်မဲ ကျွန်းပင်ခုတ်သည်ဟုဆိုကာ TNLA မှ တစ်လအကြာ ဖမ်းဆီးထားသည့် အရပ်သား ၁၇ ဦး ပြန်လွတ်လာ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ကျွန်းပင်ခုတ်သည်ဟု ပြောဆိုပြီး တစ်လအကြာ ဖမ်းဆီးထားသည့် အရပ်သား ၁၇ ဦး ပြန်လည်လွတ်မြောက်လာကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့နယ်ရှိ သတ်မှတ်ကြိုးဝိုင်းအတွင်း ကျွန်းပင်ခုတ်သည်ဟု ဆိုကာ ဇန်နဝါရီ တတိယပတ်တွင် လိုက်လံဖမ်းဆီးပြီး ကျောက်မဲမြို့ပေါ်တွင် ထိန်းသိမ်းထားခဲ့သည့် အရပ်သားများကို...

ကျောက်မဲမြို့ကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၃) ရက် နံနက် ၁၀ နာရီဝန်းကျင်တွက် ကျောက်မဲမြို့မြောက်ဘက် ( ၂ )မိုင်ခန့် အကွာရှိ TNLA သိမ်းပိုက်ထားသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း အမှတ် (၅၀၁၊...

ကျောက်မဲမြို့နယ် TNLA နှင့် MNDAA ပေါင်းပြီး စက်ယန္တရားဖြင့် အကြီးအကျယ် ရွှေတူးဖော်နေ

သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့မြို့နယ်ခွဲတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ပူးပေါင်းပြီး စက်ယန္တရားများဖြင့် အကြီးအကျယ် ရွှေတူးဖော်နေကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ နှစ်ကုန်ပိုင်းမှ စတင်ပြီး TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ - မိုင်းငေါ့ ကားလမ်းပေါ်ရှိ...

ကျောက်မဲမြို့နယ်တွင် ကျွန်းပင်ခုတ်သည်ဟုဆိုကာ ဖမ်းဆီးထားသည့် ဒေသခံ ၁၇ ဦး TNLA မှ ပြန်မလွှတ်သေး

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)သည် ကျွန်းပင်ခုတ်သည်ဟုဆိုကာ ဖမ်းဆီးထားသည့် အရပ်သား ၁၇ ဦးကို ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ တတိယပတ်တွင် TNLA တပ်သားများသည် ကျောက်မဲမြို့နယ် ပန်ပေါင်း၊ လုံကြိမ်၊ ကျောင်းကုန်၊ မန်ကျောင်း၊ နောင်ပိတ် စသည့် အရပ်သားများကို ကျွန်းပင်ခုတ်သည်ဟု...

TNLA ထိန်းချုပ် ကျောက်မဲမြို့တွင် အရပ်သားတစ်ဉီး ၁၀ ရက်ကျော်ကြာ ပျောက်ဆုံးပြီးနောက် ဒဏ်ရာဖြင့် သေဆုံးအလောင်းပြန်တွေ့

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်း အမျိုးသားတစ်ဉီး ရိုက်နှက်ဒဏ်ရာဖြင့် သေဆုံးနေသည့် အလောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ (၂၅) ရက်တွင် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာအုပ်စု ထွန်ဟိတ်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဉီးသည် လက်ဖက်ကြိတ်စက်ဝယ်ရန် ကျောက်မဲမြို့ပေါ်သို့ သွားစဉ်...

ကျောက်မဲ သျှမ်းနှစ်သစ်ကူးအကြို စစ်ကောင်စီလေကြောင်းဗုံးကြဲ ၁၁ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် တွင် ပြီးခဲ့သည့် သျှမ်းနှစ်သစ်ကူးအကြိုနေ့တွင် စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သား ၁၁ဉီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ နိုဝင် ၃၀ရက် ညနေ ၆နာရီခွဲ သျှမ်းနှစ်သစ်ကူးအကြိုနေ့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်သည့် ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၉ဦး...

Latest news