Tuesday, January 27, 2026

ကျောက်မဲမြို့နယ်တွင် ကျွန်းပင်ခုတ်သည်ဟုဆိုကာ ဖမ်းဆီးထားသည့် ဒေသခံ ၁၇ ဦး TNLA မှ ပြန်မလွှတ်သေး

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)သည် ကျွန်းပင်ခုတ်သည်ဟုဆိုကာ ဖမ်းဆီးထားသည့် အရပ်သား ၁၇ ဦးကို ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ တတိယပတ်တွင် TNLA တပ်သားများသည် ကျောက်မဲမြို့နယ် ပန်ပေါင်း၊ လုံကြိမ်၊ ကျောင်းကုန်၊ မန်ကျောင်း၊ နောင်ပိတ် စသည့် အရပ်သားများကို ကျွန်းပင်ခုတ်သည်ဟု စွပ်စွဲကာ ဒေသခံများကို လိုက်လံဖမ်းဆီးခဲ့သည်။

တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)သည် ဖမ်းစီးထားသည့် ကျောက်မဲဒေသခံ ၁၇ ဦးတွင် အမျိုးသမီး ၄ ဦးပါဝင်ဦး ၊ ထိုအမျိုးသမီးများကို ၎င်းတို့၏ အမျိုးသားများဖြင့် ပြန်လည်အစားထိုး ခိုင်းကာ ဆက်လက်ဖမ်းဆီးထားကြောင်း ကျောက်မဲမြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ဖမ်းထားတဲ့ အမျိုးသမီးတွေကိုတော့ သူတို့အ‌ဖေ မဟုတ်ရင် အမျိုးသားတွေကို အစားပြန်ထိုးပြီး လှဲရတာပေါ့။အခုလက်ရှိ အဲ့ဖမ်းထားတဲ့လူတွေကိုတော့ ကျောက်မဲမှာပဲ ပြန်မလွှတ်သေးဘူး။ပြီးတော့ အဲ့သစ်တွေကို သယ်ပေးတဲ့ ထော်လာဂျီ ၄ စီးကိုလည်း ဖမ်းထားတယ်။”ဟု ကျောက်မဲမြို့ ဒေသခံ အမျိုးသမီးတစ်ဦး က ပြောသည်။

ထိုဖမ်းဆီးမှုများပြုလုပ်ခဲ့သည့်အပြင် ၎င်းတို့ အိမ်တွင် အသုံးပြုထားသည့် သစ်နှင့် ဝယ်ထားသော သစ်များကိုလည်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)လာရောက်သိမ်းယူ သွားကြောင်း ကျောက်မဲမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ကဆက်ပြောသည်။

“အိမ်ဆောက်ဖို့ ဝယ်ထားခဲ့တဲ့သစ်တွေလည်း သိမ်းယူတယ်။အချို့အိမ်ဆို အိမ်တိုင်တောင်ပြတ်ခါနီးပဲ အိမ်ကယိုင် နေပြီ မစားရက်၊ မသောက်ရက်နဲ့ အိမ်ဖြစ်ဖို့ စုဆောင်းကြတာ ခုတ်ယူတာထားတဲ့ဟာလဲ။ မဟုတ်ဘူး ဝယ်ထားတဲ့ဟာပါ အကုန်သိမ်းတယ်။ အချို့ဆို ငိုတောင်ငိုတယ်။ သူတို့က အကုန်ပြန်ယူတယ်။ ခြံစည်းရိုးက အစသိမ်းယူသွားတယ်။”ဟု ကျောက်မဲမြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

TNLA

လက်ရှိ ကျွန်းခုတ်သည့် သူများကို ဖမ်းဆီးမှုများနှင့် ပတ်သက်၍ တအာင်း(ပလောင်) အမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA တို့၏ သက်ဆိုင်ရာ ဝာာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း ထားပါသော်လည်း ပြန်လည်းဖြေကြားခြင်းမရှိသေးပေ။

လက်ရှိပြည်သူများ စစ်ရေးအခြေနေကြောင့် စီးပွားရေး နှင့် အလုပ်များလုပ်ရန်ခက်ခဲနေသည့်အချိန်တွင် TNLA မှ ယခုကဲ့သို့ အာဏရှင်ဆန်စွာပြုမှုခြင်းကြောင့် ပြည်သူများဒုက္ခ ပိုရောက်စေကြောင်း ၎င်းကပြောသည်။

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအတွင်း TNLA မှ ကျောက်မဲမြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနစ် ဩဂုတ်လ (၆) ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

0
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...