ကျောက်မဲမြို့နယ်တွင် ကျွန်းပင်ခုတ်သည်ဟုဆိုကာ ဖမ်းဆီးထားသည့် ဒေသခံ ၁၇ ဦး TNLA မှ ပြန်မလွှတ်သေး

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)သည် ကျွန်းပင်ခုတ်သည်ဟုဆိုကာ ဖမ်းဆီးထားသည့် အရပ်သား ၁၇ ဦးကို ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ တတိယပတ်တွင် TNLA တပ်သားများသည် ကျောက်မဲမြို့နယ် ပန်ပေါင်း၊ လုံကြိမ်၊ ကျောင်းကုန်၊ မန်ကျောင်း၊ နောင်ပိတ် စသည့် အရပ်သားများကို ကျွန်းပင်ခုတ်သည်ဟု စွပ်စွဲကာ ဒေသခံများကို လိုက်လံဖမ်းဆီးခဲ့သည်။

တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)သည် ဖမ်းစီးထားသည့် ကျောက်မဲဒေသခံ ၁၇ ဦးတွင် အမျိုးသမီး ၄ ဦးပါဝင်ဦး ၊ ထိုအမျိုးသမီးများကို ၎င်းတို့၏ အမျိုးသားများဖြင့် ပြန်လည်အစားထိုး ခိုင်းကာ ဆက်လက်ဖမ်းဆီးထားကြောင်း ကျောက်မဲမြို့ ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ဖမ်းထားတဲ့ အမျိုးသမီးတွေကိုတော့ သူတို့အ‌ဖေ မဟုတ်ရင် အမျိုးသားတွေကို အစားပြန်ထိုးပြီး လှဲရတာပေါ့။အခုလက်ရှိ အဲ့ဖမ်းထားတဲ့လူတွေကိုတော့ ကျောက်မဲမှာပဲ ပြန်မလွှတ်သေးဘူး။ပြီးတော့ အဲ့သစ်တွေကို သယ်ပေးတဲ့ ထော်လာဂျီ ၄ စီးကိုလည်း ဖမ်းထားတယ်။”ဟု ကျောက်မဲမြို့ ဒေသခံ အမျိုးသမီးတစ်ဦး က ပြောသည်။

ထိုဖမ်းဆီးမှုများပြုလုပ်ခဲ့သည့်အပြင် ၎င်းတို့ အိမ်တွင် အသုံးပြုထားသည့် သစ်နှင့် ဝယ်ထားသော သစ်များကိုလည်း တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)လာရောက်သိမ်းယူ သွားကြောင်း ကျောက်မဲမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ကဆက်ပြောသည်။

“အိမ်ဆောက်ဖို့ ဝယ်ထားခဲ့တဲ့သစ်တွေလည်း သိမ်းယူတယ်။အချို့အိမ်ဆို အိမ်တိုင်တောင်ပြတ်ခါနီးပဲ အိမ်ကယိုင် နေပြီ မစားရက်၊ မသောက်ရက်နဲ့ အိမ်ဖြစ်ဖို့ စုဆောင်းကြတာ ခုတ်ယူတာထားတဲ့ဟာလဲ။ မဟုတ်ဘူး ဝယ်ထားတဲ့ဟာပါ အကုန်သိမ်းတယ်။ အချို့ဆို ငိုတောင်ငိုတယ်။ သူတို့က အကုန်ပြန်ယူတယ်။ ခြံစည်းရိုးက အစသိမ်းယူသွားတယ်။”ဟု ကျောက်မဲမြို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

TNLA

လက်ရှိ ကျွန်းခုတ်သည့် သူများကို ဖမ်းဆီးမှုများနှင့် ပတ်သက်၍ တအာင်း(ပလောင်) အမျိုးသားလွတ် မြောက်ရေးတပ်မတော် TNLA တို့၏ သက်ဆိုင်ရာ ဝာာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း ထားပါသော်လည်း ပြန်လည်းဖြေကြားခြင်းမရှိသေးပေ။

လက်ရှိပြည်သူများ စစ်ရေးအခြေနေကြောင့် စီးပွားရေး နှင့် အလုပ်များလုပ်ရန်ခက်ခဲနေသည့်အချိန်တွင် TNLA မှ ယခုကဲ့သို့ အာဏရှင်ဆန်စွာပြုမှုခြင်းကြောင့် ပြည်သူများဒုက္ခ ပိုရောက်စေကြောင်း ၎င်းကပြောသည်။

“ ၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းအတွင်း TNLA မှ ကျောက်မဲမြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနစ် ဩဂုတ်လ (၆) ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...