ချင်းမိုင်မြို့ရှိ မြန်မာစားသောက်ဆိုင်များကို ထိုင်းအာဏာပိုင်များမှ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာစားသောက်ဆိုင်များကို ထိုင်းအာဏာပိုင်များက ယခုရက်ပိုင်း ရှောင်တခင် စစ်ဆေးမှု ပြန်လည်ပြုလုပ်နေပြီး၊ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများ သတိထားရန် လိုအပ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ပြောဆိုလိုက်သည်။

ယနေ့ (မတ် ၂၆ ရက်) နေ့လယ်ပိုင်းတွင် ချင်းမိုင်မြို့ရှိ မြန်မာစားသောက်ဆိုင် တစ်ခုကို ထိုင်းအာဏာပိုင်များက ရှောင်တခင် ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း၊ ထိုစစ်ဆေးမှုတွင်လည်း အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတစ်ဉီး ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုဖမ်းဆီခံရသည့် အမျိုးသမီးသည် မြန်မာစားသောက်ဆိုင်တစ်ခုတွင် ဧည့်ကြို၊စာပွဲထိုး အလုပ်လုပ်ပြီး တစ်ရက်လျှင် ထိုင်းဘတ် နှစ်ရာသာရကြောင်း Chiangmai Immigration က သတင်းထုတ်ချက်တွင် ဖော်ပြထားသည်။

“ကျနော်တို့တွေ အမြဲတမ်း သတိတော့ ရှိရတယ်။ မြန်မာဆိုင်ဆိုရင် ဘေးပတ်ဝန်းကျင်က တိုင်ချင်ကြတယ်လေ၊ လက်မှတ်မရှိရင်တော့ ပိုသတိထားရသလို လက်မှတ်ရှိပြီးရင်လည်း အလုပ်ရှင် မှန်ကန်မှု ရှိ၊ မရှိ ကလည်း သတိထားရပြန်တယ်”ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်နေသည့် အမျိုးသားတစ်ဉီးက ပြောသည်။

ချင်းမိုင် မြန်မာစားသောက်ဆိုင်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဉပဒေ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံသား အများအပြားသည် ထိုင်းနိုင်ငံသို့ အလုံးအရင်း ရွှေ့ပြောင်းလာကြသည်။

လာမည့် ဧပြီလဆန်းပိုင်းတွင်လည်း စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် BIMSTEC အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်ရန် ရှိကြောင်း ထိုင်းသတင်းဌာနများက ရေးသားထားသည်။

“ကျနော်တို့ မြန်မာလူမျိုးတွေအနေနဲ့ အခုနောက်ပိုင်း ပိုပြီး သတိထားဖို့ လိုအပ်တယ်။ ထိုင်းအာဏာပိုင်နဲ့ စစ်ကောင်စီကြား ဆက်ဆံရေး ကောင်းမွန်နေတယ်။ စစ်ကောင်စီဘက်က တောင်းဆိုမှုတွေကိုလည်း လိုက်လျောပြီး လုပ်ပေးတာတွေ ရှိလာနိုင်တယ်။ ကျနော်တို့ ဒီဘက်က အထောက်အထားမဲ့တွေကို ဖမ်းဆီးပြီး မြန်မာပြည်ပြန်ပို့တာ ပိုလုပ်လာနိုင်ခြေရှိတယ်”ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူက ထပ်လောင်းပြောသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်နေသော နိုင်ငံခြားသားများကို စုံစမ်းစစ်ဆေးရေး စီမံချက်ဖြင့် ထိုင်းအာဏာပိုင်များသည် ချင်းမိုင်မြို့အတွင်းရှိ စားသောက်ဆိုင်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်လဝကမှ ပျံကျဈေးများကို ပိတ်ဆို့စစ်ဆေး၊ မြန်မာဈေးသည် ၉ ဦးထပ်မံဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ ချင်းမိုင်မြို့တွင်းရှိ Tha Sala နယ်မြေ ပျံကျဈေးဆိုင်ခန်းများကို ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ဈေးသည် ၉ ဦးအပါအဝင်၊ တရုတ်နိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း Chiang Mai Immigration မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...