သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်နေကြောင်း စုံစမ်းသိရသည်။
ယနေ့ (မတ်လ ၃) ရက် နံနက် ၁၀ နာရီဝန်းကျင်တွက် ကျောက်မဲမြို့မြောက်ဘက် ( ၂ )မိုင်ခန့် အကွာရှိ TNLA သိမ်းပိုက်ထားသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း အမှတ် (၅၀၁၊ ၅၀၂) ကို ပေါင်း ၅၀၀ ဗုံးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်မဲဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ဒီနေ့ မနက်ပိုင်းက ကြဲသွားတာ TNLA သိမ်းပိုက်ထားတဲ့ စစ်တပ်ရဲ့ ခြေမြန်တပ်ရင်း အမှတ် ( ၅၀၁ ၊ ၅၀၂ ) တပ်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးနဲ့ ၂ ကြိမ် လာကြဲသွားတယ်။ ခန်းမကို ကြဲချပစ်တာ အကုန်လုံးပျက်ကုန်တယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့ လည် ၂ နာရီဝန်းကျင် ကျောက်မဲမြို့အတွင်းရှိ မြို့တော်ခန်းမ အနီးတဝိုက်ကို စစ်ကောင်စီကမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ (၁၆) ရက်မှ (၁၇) ရက်အထိ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီနှင့် TNLA နှစ်ဘက်တွေ့ဆုံဆွေးနွေးမှု မအောင်မြင်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်မှ TNLA ထိန်းချုပ်နယ်မြေထဲ လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်လအတွင်း ပြည်သူလူထု (၁၃ ) သေဆုံးခဲ့ပြီး (၃၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။












Leave a Comments