ကျောက်မဲမြို့နယ်

ကျောက်မဲ နမ့်ဟူးတောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ၁၇ (၁) မှ ပြန်လွှတ်ရန် ဒေသခံ ၅၀၀ ကျော် တောင်းဆို

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်ဟူးတောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းတင်ချို ကို မတရားအသင်း ဥပဒေ ပုဒ်မ ၁၇(၁) မှ ပြန်လွှတ်ရန် ဒေသခံ ၅၀၀ ကျော် လက်မှတ်ရေးထိုး တောင်းဆိုခဲ့သည်။ ဦးစိုင်းတင်ချို ကို သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ...

ပြောင်းဆန် ရောင်းဝယ်မှု အငြင်းပွားရာမှ ကျောက်မဲမြို့နယ် တောင်သူ တဦးသေဆုံး

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် ခိုမုန်း အုပ်စု နမ့်ဟူးကျေးရွာတွင် ပြောင်းဆန် ရောင်းဝယ်ရာမှ အချင်းချင်း အငြင်းပွားကာ အသက် ၄၆ အရွယ် အမျိုးသားတဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မေလ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်က ဦးထိန်ဝင်း အသက်...

အစိုးရတပ်အား TNLA ချောင်းပစ် မိုင်းငေါ့မြို့ခံတဦးထိမှန်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ အတွင်း အစိုးရတပ်မတော် စစ်ကြောင်း တခုအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကစောင့်ကြပ်ပစ်ခတ်ရာ စျေးရောင်းဖို့သွားသည့် ဒေသ ခံ အမျိုးသမီး တဦးအားထိမှန်ကြောင်း သတင်းရရှိသည်။ မတ်လ ၉ ရက် နံနက် ၁၀ နာရီကျော်အချိန် မိုင်းငေါ့မြို့ အနောက်ဘက် ရန်ကင်းတောင်ဘုရားကုန်းပေါ်တွင်...

ကျောက်မဲမြို့နယ် နမ့်မန်းရွာ ဒေသခံ ၃ ဦး လက်နက်ထိမှန်  

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်မန်းရွာ အတွင်း လက်နက်ကိုင်တပ်ဖွဲ့ မှ လက်နက်ကြီး ဖြင့် လှမ်းပစ် သဖြင့် ရွာသား ၃ ဦး ဒဏ်ရာရရှိကာ ကျောက်မဲမြို့ ဆေးရုံသို့ တက်ရောက် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက နမ့်မန်းရွာတွင်လက်နက်ကြီးထိမှန်ခဲ့သူများမှာ အသက်...

တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း တိုက်ပွဲကြောင့် စေတီပုထိုးများလက်နက်ထိမှန်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်ပျဉ်း ကျေးရွာ နှင့် ပန်လော့ ကျေးရွာ တွင် တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းတိုက်ပွဲဖြစ်ပွားမှုကြောင့် စေတီပုထိုးများ လက်နက်ကြီး ထိမှန်ခဲ့ကြောင်းသတင်းရရှိသည်။ ကျောက်မဲမြို့နယ်တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP နှင့် RCSS တို့ကြား ဖေဖော်ဝါရီ ၂ ရက်နေ့မှ စတင်ကာ...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြောင့် ကောက်ရိတ်နေသည့် ကျောက်မဲဒေသခံ တဦးဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း သျှမ်းပြည်တပ်မတော် RCSS နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အကြား ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခကြောင့် ကောက်ရိတ်နေသည့် ကျောက်မဲမြို့နယ် ကျေးလက်ဒေသခံ တဦးအား ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟုသိရသည်။ နို၀င်ဘာလ ၂၅ ရက် ည ၁၁ နာရီအချိန်က ပုံးလုံရွာသား စိုင်းသြဘာအား ရွာထဲဝင်လာသည့် လက်နက် ကိုင်တပ်ဖွဲ့...

ကျောက်မဲမြို့ ဂက်စ်ပိုက်လိုင်းအနီးတွင်လယ်သမားတဦးအား စစ်တပ်မှပစ်ခတ်

"ဘယ်တရားဥပဒေနဲ့မှ အမှုမဖွင့် တော့ဘူး၊ ဒီအမှုကို ဒီမှာတင်ပြီးပါစေ”ဟု သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် အသက် ၃၄ နှစ်အရွယ် စိုင်းအိုက်ထွန်း ၏ မိခင်က ပြောသည်။ စိုင်းအိုက်ထွန်းသည် ကျောက်မဲမြို့နယ် နောင်အန်းရွာတွင် နေထိုင်သည့် သူဖြစ်ပြီး၊ ကျောက်မဲမြို့ နှင့် ၁၀ မိုင် ဝေးကွာသည့် တောင်ယာ...

ကျောက်မဲမြို့ ရွှေကျင်ကျောင်းတိုက်ဆရာတော်၏ ရုပ်ကလပ်တော်အား အောက်တိုဘာ ၁၁ ရက်နေ့တွင် အဂ္ဂိဈာပန မီးသဂြိုဟ်မည်  

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရပ်ကွက် ၇ ရှိ ဓမ္မမေဒနီရွှေကျင်ကျောင်း တိုက်(ကျောင်းယွက်ကျောင်းတိုက်)မှ ကျောင်းထိုင်ဆရာတော် ဦးကလျာဏ ဝံသ၏ ရုပ်ကလပ်အား အောက်တိုဘာလ ၁၁ ရက်နေ့တွင် အဂ္ဂိဈာပန မီးသဂြိုဟ်ပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ ‘‘ကျောက်မဲမြို့နယ်အတွင်းမှ သံဃာတော်တပါးက- အခု ဘုန်းဘုန်းတို့ ဒီကျောင်းထိုင်ဆရာတော်ရဲ့ ရုပ်ကလပ်ကို သဂြိုဟ်ဖို့စီစဉ်နေတယ်။ ဆရာတော်က ရွှေကျင်ဂိုဏ်းမို့လို့...

အထက်ရဲရွာရေကာတာအပေါ် သျှမ်းပြည်နယ်မြစ်ချောင်းများ အတွက် လှုပ်ရှားမှု အဖွဲ့ အမြင် (ဆက်သွယ်မေးမြန်းခန်း)

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ္မတူမြစ်(ခေါ်) မြစ်ငယ်မြစ်ပေါ် တည်ဆောက်မည့် အထက်ရဲရွာ ရေကာတာ စီမံကိန်း ရပ်တန့်ရန် ဒေသခံများ အကြိမ်ကြိမ် ဆန္ဒပြ တောင်းဆိုခဲ့သည်။ ရေကာတာ စီမံကိန်းကြောင့် တာလုံကျေးရွာ လယ်ယာမြေများ၊ ကျောင်းများ၊ ဘုရားကျောင်းများနှင့် စေတီပုထိုးများရေလွှမ်းမိုးနိုင်သည်။ ရေကာတာ စီမံကိန်း စတင်ချိန် ၂၀၀၈ ခုနစ်...

ကျောက်မဲမြို့နယ်ကျေးလက်ဒေသတွင် အစိုးရတပ် စောင့်ကြပ်စစ်ဆေးသည့်အတွက် ရွာသားများလယ်ယာဆင်းရန် အခက်တွေ့

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျေးလက်ရပ်ရွာအတွင်း စခန်းချသည့် အစိုးရတပ်က စောင့်ကြပ်ကာ ရွာ တွင်းသွားလာသည့် ဒေသခံများအား စစ်ဆေးမှုပြုနေသဖြင့် ဒေသခံများအတွက်လမ်းခရီးကြန့်ကြာသကဲ့သို့ ဗမာစကား မကျွမ်းကျင်သည့် ဒေသခံများအတွက် အခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။ ကျောက်မဲမြို့နယ် နောင်ပိန်ဟိုကစ်ရွာ အတွင်းစခန်းချလှုပ်ရှားနေသည့် နောင်ချို ခလရ ၁၁၄ နှင့် ၁၁၅ တပ်မှ...

Latest news