Tuesday, January 27, 2026

ကျောက်မဲမြို့ ရွှေကျင်ကျောင်းတိုက်ဆရာတော်၏ ရုပ်ကလပ်တော်အား အောက်တိုဘာ ၁၁ ရက်နေ့တွင် အဂ္ဂိဈာပန မီးသဂြိုဟ်မည်  

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရပ်ကွက် ၇ ရှိ ဓမ္မမေဒနီရွှေကျင်ကျောင်း တိုက်(ကျောင်းယွက်ကျောင်းတိုက်)မှ ကျောင်းထိုင်ဆရာတော် ဦးကလျာဏ ဝံသ၏ ရုပ်ကလပ်အား အောက်တိုဘာလ ၁၁ ရက်နေ့တွင် အဂ္ဂိဈာပန မီးသဂြိုဟ်ပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

Photo by Kaw Dai Organization / ဓမ္မမေဒနီရွှေကျင်ကျောင်း တိုက်(ကျောင်းယွက်ကျောင်းတိုက်)မှ ကျောင်းထိုင်ဆရာတော် ဦးကလျာဏ ဝံသ

‘‘ကျောက်မဲမြို့နယ်အတွင်းမှ သံဃာတော်တပါးက- အခု ဘုန်းဘုန်းတို့ ဒီကျောင်းထိုင်ဆရာတော်ရဲ့ ရုပ်ကလပ်ကို သဂြိုဟ်ဖို့စီစဉ်နေတယ်။ ဆရာတော်က ရွှေကျင်ဂိုဏ်းမို့လို့ အလောင်းက ကြာကြာထားလို့မရဘူး။ သီတင်းကျွတ်လဆန်း ၂ ရက်နေ့မှာ အဂ္ဂိဈာပနပွဲပြုလုပ်ပါမယ်။ သီတင်းကျွတ်လဆန်း ၁ ရက်နေ့မှာ လွယ်လင်ဓါတ်တော်ကျောင်းတိုက်ဆရာတော်ရော သီတဂူဆရာတော်ရောလာပြီး တရားဟောကြားပါမယ် ’’- ဟု သျှမ်းသံတော်ဆင့်အားမိန့် တော်မူပါသည်။

ကျောက်မဲမြို့ ခရိုင်ရဲရုံးအနီးရှိ ရွှေကျင်ကျောင်းတိုက်(ကျောင်းယွက်ကျောင်းတိုက်) တွင် အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲက အမည်မသိလက်နက်ကိုင်သည့်လူ ၂ ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိကာ ကျောင်းထိုင်ဆရာတော်ဦးကလျာဏ ဝံသအား ပစ်ခတ်သဖြင့် ကျည်ဆံ ၇ ချက်ထိမှန်ကာ ဆရာတော် ပျံလွန်တော်မူခဲ့သည်။

ယနေ့တိုင်လက်နက်ကိုင်သေနတ်သမား ၊ ဆရာတော်အားပစ်ခတ်သည့်တရားခံကို မသိရသေးပေ။

သျှမ်းပြည်နိုင်ငံရေးရှုပ်ထွေးနေချိန် သာသနာပြုပုဂ္ဂိုလ်အား သတ်ဖြတ်မှုတရားခံအား အပြင်းအထန် ကန့်ကွက်ရှုပ်ချကြောင်းနှင့် တရားခံအား ဖော်ထုတ်ဖမ်းဆီးပေးရန် ဒေသအာဏာပိုင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအား သျှမ်းပြည်တွင်း နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ သျှမ်းပြည်တွင်းပြည်ပအခြေစိုက် လူမှုအခြေပြု အဖွဲ့အစည်းအသီးသီးက ကြေငြာချက်ထုတ်ပြန်ထားသည်။

ဆရာတော် ဦးကလျာဏဝံသ သက်တော် ၄၆ ဝါတော် ၂၆ သည် ကျောင်းယွက်ကျောင်းတိုက် တွင် ၂၀၁၁  ခုနှစ်က ဘုန်းတော်ကြီးစာသင်ကျောင်းအဖြစ် စတင်ဖွင့်လှစ်သည်။ လက်ရှိတွင် သျှမ်း၊ တအာင်း၊ ဗမာ အစရှိတိုင်းရင်းသားပေါင်းစုံ စာသင်သားကိုယ်ရင်ငယ်အပါပေါင်း ၂၀၀ ကျော်အားလက်ခံကာ စာသင်ကြားပေးနေပြီး အဆိုပါကိုယ်ရင်ငယ်များအတွက် ၄ ထပ်ကျောင်းဆောင်ကြီး တည်ဆောက်နေသည်မှာ မပြီးစီးသေးကြောင်းသိရသည်။

ကျောက်မဲသံဃာတော်များနှင့် ဒေသခံများထုတ်ဝေထားသော ဆရာတော်၏ ကိုယ်ရေးအကျဉ်းမှာ အောက်ပါအတိုင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...

ကျောက်မဲ၊ သီပေါတွင် စစ်ကော်မရှင်တပ် စရဖ နှင့် သတင်းပေး (၁၀) ဦးကျော်ကို TNLA ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့တွင် သတင်းထောက်လှမ်းယူခဲ့သော စစ်ကော်မရှင်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူ (၁၀) ဦးကျော်ကို ဖမ်းဆီးရမိကြောင်း TNLA က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ စစ်ကော်မရှင် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူများသည် TNLA...

ကျောက်မဲမြို့နယ် နောင်ပိန်အနီး အလောင်း(၆)လောင်းထက်မနည်းတွေ့

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်တွင် ရုပ်အလောင်း (၆)လောင်းထက်မနည်း တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ တတိယပတ်အတွင်း ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်ရှိ ကျေးရွာများ၌ စစ်ကော်မရှင်တပ် လာရောက်တပ်စွဲခဲ့စဉ် ၎င်းတို့ ခေါင်းဖြတ်ထားသည့် အလောင်းများ (၆) လောင်း ထက်မနည်း မြေဩဇာအိတ်များထဲ ထည့်ကာ စွန့်ပစ်ထားသည်ကို စစ်ကော်မရှင်တပ်သားများ ပြန်လည်ထွက်ခွာသွားပြီးနောက်...

ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး လင်မယားနှစ်ဦး သေဆုံး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ခေးနင်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်မှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး လင်မယားနှစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၄ ရက်) ည ၁၀နာရီကျော် ကျောက်မဲမြို့နယ် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် နောင်ပိန်ဘက်ခြမ်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ခေးနင်းကျေးရွာအုပ်စု ကုန်းကော်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး...