ပြောင်းဆန် ရောင်းဝယ်မှု အငြင်းပွားရာမှ ကျောက်မဲမြို့နယ် တောင်သူ တဦးသေဆုံး

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် ခိုမုန်း အုပ်စု နမ့်ဟူးကျေးရွာတွင် ပြောင်းဆန် ရောင်းဝယ်ရာမှ အချင်းချင်း အငြင်းပွားကာ အသက် ၄၆ အရွယ် အမျိုးသားတဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Photo by KM Youth- အငြင်းပွါးမှုများကြောင့် ဓါးထိုးခံရ သေဆုံးသွားသည့် ဦးကျော်ဦး အသက် ၄၆ နှစ်၏ အလောင်း

ဖြစ်စဉ်မှာ မေလ ၂၈ ရက် ညနေ ၅ နာရီဝန်းကျင်က ဦးထိန်ဝင်း အသက် ၄၀ နှစ်ခန့်သည် ပြောင်းရောင်းပြီး နမ့်ဟူးရွာသို့အပြန် အသက် ၄၆ နှစ် အရွယ် ဦးကျော်ဦး နှင့် ပြောင်းဆန်ရောင်းဝယ်မှု ကိစ္စဖြင့် အချင်းချင်း အငြင်းပွားကာ လူသတ်မှု ဖြစ်ပွားခဲ့သည် ဟု ကျောက်မဲ မြို့နယ် ရဲစခန်းမှ စခန်းမှူး ဟန်ဝင်းလှိုင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ အချင်းချင်း ပြောင်းဆန်ရောင်းဝယ်မှု ကိစ္စ ကနေ စပြီး ဖြစ်တာပဲ။ သေဆုံးသူ ဦးကျော်ဦး ကတော့ ရင်ဘတ် ဓားခုတ်ဒဏ်ရာ ၂ ချက် နောက်ကျော တချက် နဲ့ ဦးခေါင်းတချက်ပါ။ ကျူးလွန်သူ ကိုတော့ ရဲစခန်းမှာ ချုပ်ထားပါတယ်” ဟု စခန်းမှူး ဟန်ဝင်းလှိုင်က ဆိုသည်။

အဆိုပါ ကျောက်မဲမြို့နယ် နမ့်ဟူးကျေးရွာသား နှစ်ဦးသည် တောင်ယာ လုပ်ကိုင်သူများဖြစ်ကြသည်။ အခင်းဖြစ်ပွါးစဉ် ဓါးထိုးမှုကျူးလွန်သူ ဦးထိန်ဝင်းသည် အရက်မူးနေကြောင်းလည်း ၄င်းက ဆိုပါသည်။

ကျူးလွန်သူ အသက် ၄၀ အရွယ် ဦးထိန်ဝင်းကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆိုထားကာ ကျောက်မဲမြို့ မြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ဟိုပုံး – ကျောက်တန်း – ပင်လုံလမ်း ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျ ၆ ဦး သေဆုံး

0
သျှမ်းပြည် တောင်ပိုင်း ဟိုပုံး - ကျောက်တန်း - ပင်လုံလမ်းတွင် ဘုရားဖူးယာဉ်တစ်စီး ချောက်ထဲကျပြီး အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) ညနေ ၄ နာရီ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...